ပြည်မြို့က လူသတ်မှုကြောင့် သေဆုံးသွားရသူ ဈာပန မြင်ကွင်းများ

Friday, April 26, 2013

ဧပြီလ ၂၃ ရက်ညက ပြည်မြို့၌ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုကြောင့် သေဆုံးသွားခဲ့ရသူ မောင်ဇော်မင်းဦးရဲ့ ဈာပန မြင်ကွင်းတွေပါ။ 



အဆိုပါ လူသတ်မှုကို ကျူးလွန်တယ်လို့ သံသယရှိသူ ၃ ဦးစလုံးကို ယခုအခါ ခလရ (၇၅) တပ်ရင်း အချုပ်ခန်းတွင် ထိန်းသိမ်းထားပြီး စစ်ခုံရုံးတွင် စုံစမ်းစစ်ဆေးတွေ လုပ်သွားမယ်လို့ သိရပါတယ်။ 

ယမန်နေ့က သေဆုံးသူ အသက် ၂၃ နှစ် ရှိ မောင်ဇော်မင်းဦးရဲ ဈာပနကို လာရောက်ပြီး DNA ထုတ်ယူစဉ် စစ်ခုံရုံး ဥက္ကဋ္ဌဖြစ်သူ ဒု ဗိုလ်မှူးကြီးနေဝင်းက သက်ဆိုင်သူ မိသားစုဝင်များနှင့် သတင်းထောက်များအား စစ်ခုံရုံးဖွဲ့စစ်ဆေးမယ်လို့ ပြောသွားခဲ့တာပါ။ 

တနေ့ည ၉ နာရီလောက်က ပြည်မြို့ ဆင်စု ရပ်ကွက် အနားက ဧရာဝတီ မြစ်သောင်ပြင်ပေါ် (နဝဒေး တံတားအောက်) မှာ ချိန်းတွေ့နေတဲ့ သမီးရည်းစား စုံတွဲကို လူ ၃ ဦးက ပစ္စည်းယူ လူသတ်မှုဖြစ်ခဲ့ရာ မသင်္ကာသူ ၂ ဦးကို ဖမ်းဆီးမိလိုက်ချိန်မှာ တပ်မတော်သားများ ဖြစ်နေခဲ့တာပါ။ 

အဖမ်းခံရသည့် တပ်သား  ရဲကိုဦးနှင့် တပ်သား သန်းထိုက်အောင်တို့ကိုတော့ ရဲတပ်ဖွဲ့က ခလရ (၇၅) တပ်ရင်းကို ပြန်လွှဲခဲ့လို့တပ်အချုပ်မှာ ချုပ်နှောင်ထားကြောင်း၊ လွတ်မြောက်သွားတဲ့ တပ်သား သန်းဝင်းအောင်ကိုလည်း တပ်ရင်းကို ပြန်အလာမှာ ဖမ်းဆီးပြီး အချုပ်ချထားခဲ့ကြောင်း သိရပါတယ်။ 

ဒီအကြောင်း သတင်းအပြည့်အစုံကိုလည်း ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ ကောင်းမြတ်မင်း  ရေးသား တင်ပြထားတဲ့ ပြည်မြို့ လူသတ်မှု စစ်ခုံရုံး ဖွဲ့စစ်မည် ( http://burma.irrawaddy.org/archives/38337 ) ဆိုတဲ့ သတင်းမှာ တင်ပြထားပါတယ်။ 




















2 comments :

  1. Danabala said... :

    သက်ဆိုင်ရာအဖွဲ့ အစည်းက အေ၇းယူဆောင်ရွက်ပြီးတဲ့ အချက်ကို ပွင့်လင်းစွာ လူထုသိစေရန် သတင်း ထုတ်ပြန်သင့်ပါတယ်။
    လူထုတွေနှစ်ပေါင်း (၅၀) ကြာ ခါးစည်းခံ ခဲ့ရတာတွေ ဆက်လက်မရှိသင့် တော့ပါ။
    သတင်းမီဒီယာ ခေတ်မှာ အခုလို သတင်းကို မြန်မြန်ဆန်ဆန် သိလိုပါတယ်၊

  1. Anonymous said... :

    How about PEGU Zai ga Nai murder case? Where is that captain? How to proceed for future? How about INYAR 5 PEOPLE murder case? Why can not catch sources?

Post a Comment

ပေးထားသည့် မှတ်ချက်များ မကြာမီ တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။

အချို့ ကော်မန့်များမှာ တခုလုံး ကောင်းသော်လည်း၊ မသက်ဆိုင်သူ တဦးတယောက်၏ ပုဂ္ဂိုလ်ရေးရာကို အထောက်အထားမဲ့ ပုတ်ခတ်ခြင်း၊ မသင့်လျော်သော ဆဲဆိုမှု တလုံး တပါဒကြောင့် ဖျက်လိုက်ရပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုနှင် ရိုင်းစိုင်းကြမ်းတမ်းမှု မပါလျှင် မည်သည့် ဝေဖန် အကြံပြု ပြောဆိုချက်ကို မဆို တင်ပေးပါမည်။

ကျေးဇူးတင်ပါသည်။

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved