တရားစခန်းဝင်ခြင်းမှာ လူကြီးတို့၏အလုပ်သာ ဖြစ်သည်ဟု ယူဆရဖွယ် ရှိသော်လည်း တောင်ကြီးမြို့တွင် ကလေး ၂ဝဝ အထိ ယခု ရက်ပိုင်း တရားစခန်းဝင်မည်ဖြစ်သည်။
ယခုလ ၃ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကန်အောက်ရပ်ကွက်၊ မင်းကျောင်း ပရိယတ္တိစာသင်တိုက်တွင် ဖွင့်လှစ်သည့် တရားစခန်းတွင် ကိုရင် အပါးတရာ၊ သီလရှင်အပါး တရာအထိ လက်ခံမည်ဟု သိရသည်။
ကလေးတရားစခန်းကို စတုတ္တအကြိမ်မြောက်ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း မင်းကျောင်းဝေယျာဝစ္စအဖွဲ့ဝင် ဒေါ်စန္ဒာကရှင်းလင်းပြောဆိုသည်။
၂၀၁၀ ပြည့်နှစ်က ကိုရင် အပါး ၈၀၊ သီလရှင်အပါး ၇၀ ဖြင့် စတင်ခဲ့ခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။
ဆရာတော်များဖြစ်ကြသည့် ဦးနာယက၊ ဦးဂုဏသာရ တို့က ဦးဆောင်ပြီး ကလေးတရားစခန်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊
မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထေရ၀ါဒ ဗုဒ္ဓဘာသာ အကြောင်း သိရှိသူ ကလေးငယ်များ ဖြစ်လာရန်၊ လိမ္မာယဉ်ကျေးသူများ ဖြစ်လာစေရန် ရည်ရွယ်ကြောင်း သိရသည်။
တောင်ကြီးမြို့ပေါ်မှ ကလေးများ၊ အနီးတ၀ိုက် မြို့ရွာများမှ ကလေးများ တရားစခန်း ဝင်နေကြသည်။
ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~
0 comments :
Post a Comment
ပေးထားသည့် မှတ်ချက်များ မကြာမီ တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။
အချို့ ကော်မန့်များမှာ တခုလုံး ကောင်းသော်လည်း၊ မသက်ဆိုင်သူ တဦးတယောက်၏ ပုဂ္ဂိုလ်ရေးရာကို အထောက်အထားမဲ့ ပုတ်ခတ်ခြင်း၊ မသင့်လျော်သော ဆဲဆိုမှု တလုံး တပါဒကြောင့် ဖျက်လိုက်ရပါသည်။
တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုနှင် ရိုင်းစိုင်းကြမ်းတမ်းမှု မပါလျှင် မည်သည့် ဝေဖန် အကြံပြု ပြောဆိုချက်ကို မဆို တင်ပေးပါမည်။
ကျေးဇူးတင်ပါသည်။