
ရန်ကုန်မြို့ ကားသင်္ချိုင်းမှာ ဒီကနေ့ မီးလောင်မှု ဖြစ်ပွားတဲ့အတွက် ရန်ကုန်မြို့ဒေသအသီးသီးက မီးသတ်ကားအများအပြား သွားရောက် မီးငြှိမ်းသတ်ခဲ့ရပါတယ်။
အင်းစိန်မြို့နယ်၊ သံမဏိစက်ရုံမှာ သံရေကျိုဖို့ စုပုံထားတဲ့ ကားဟောင်းတွေကို လောင်ကျွမ်းတာပါ။
ဒီကားတွေက ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး ယာဉ်အသစ်ဝယ်တဲ့ အစီအစဉ်ကြောင့် ဒီစက်ရုံမှာ လာပုံနေတာ ဖြစ်ပါတယ်။
ပျက်စီးဆုံးရှုံးမှုပမာဏကို မသိရသေးပါ။
စက်ရုံအဆောက်အအုံ၊ ပစ္စည်း ပစ္စယ မလောင်ဘူး၊ ကားဟောင်းတွေပဲ လောင်တာ ဆိုရင်တော့ ပျက်စီးဆုံးရှုံးမှု တန်ဘိုးကို တွက်ရခက်မယ် ထင်ပါတယ်။
ကားဟောင်းပုံတနေရာကနေ လောင်တာ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။
မီးသတ်ဌာနရဲ့ ထုတ်ပြန်ချက်ကို ဒီညပိုင်း ရုပ်သံသတင်း သို့မဟုတ် မနက်ဖြန် သတင်းစာမှာ ပါလာဖွယ် ရှိပါတယ်။
ဆက်စပ် -
ကားဟောင်းများနဲ့ အင်းစိန်သံရည်ကြိုစက်
.jpg)
0 comments :
Post a Comment
ပေးထားသည့် မှတ်ချက်များ မကြာမီ တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။
အချို့ ကော်မန့်များမှာ တခုလုံး ကောင်းသော်လည်း၊ မသက်ဆိုင်သူ တဦးတယောက်၏ ပုဂ္ဂိုလ်ရေးရာကို အထောက်အထားမဲ့ ပုတ်ခတ်ခြင်း၊ မသင့်လျော်သော ဆဲဆိုမှု တလုံး တပါဒကြောင့် ဖျက်လိုက်ရပါသည်။
တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုနှင် ရိုင်းစိုင်းကြမ်းတမ်းမှု မပါလျှင် မည်သည့် ဝေဖန် အကြံပြု ပြောဆိုချက်ကို မဆို တင်ပေးပါမည်။
ကျေးဇူးတင်ပါသည်။