
မနေ့က ရန်ကုန်မြို့ ကားသင်္ချိုင်း မီးလောင်မှုဟာ ကားဟောင်းတွေထဲက အင်ဂျင်ဝိုင်၊ ဓာတ်ဆီ အကြွင်းအကျန်တွေ နေပူချိန်အောက်မှာ အပူလွန်ကဲရာကနေ အစပြုတယ်လို့ ဒီကနေ့ အစိုးရသတင်းစာမှာ ရေးထားပါတယ်။
မနက် ၁၁း၀၀ ထိုးခါနီးမှာ အပူလွန်ကဲပြီး လောင်တယ် ဆိုတော့ ရန်ကုန်နွေဦးက တော်တော်ပူနေပြီလို့ ခန့်မှန်းရပါတယ်။
- ဒီနေ့ နဲ့ လာမယ့် ရက်ပိုင်းအတွင်း ရန်ကုန်နဲ့ ဘန်ကောက် အပူရှိန် နှိုင်းယှဉ်ချက်တွေကို အောက်ဆုံးမှာ ဖော်ပြလိုက်ပါတယ်။
မီဒီယာမှာ အကြီးအကျယ်ဖော်ပြ၊ စာဖတ်သူအများအပြား အထူး စိတ်ဝင်စားခဲ့တဲ့ မီးလောင်မှုမှာ ဆုံးရှုံးမှုတန်ဖိုး မရှိဘူးလို့ သိရပါတယ်။
သံရည်ကြိုမယ့်ကားဟောင်း၊ တာယာဟောင်းတွေလောင်တာကြောင့် ဒီလို ဆုံးရှုံးမှု မရှိတာပါ တဲ့။
မြန်မာ့အလင်းထဲက အဲဒီသတင်းမှာပဲ တခြားမီးသတင်းတပုဒ် ပါလာပါတယ်။
မကွေးတိုင်း မင်းဘူး(စကု)မြို့မှာ ရေနွေးတည်ရာက မီးကြွင်းမီးကျန်ကြောင့် အိမ် ၂၉ လုံး လောင်ကျွမ်းသွားတယ် ဆိုတဲ့ သတင်း ဖြစ်ပါတယ်။
ဆက်စပ် - ရန်ကုန်ကားသင်္ချိုင်း မီးလောင်မှုဖြစ်




0 comments :
Post a Comment
ပေးထားသည့် မှတ်ချက်များ မကြာမီ တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။
အချို့ ကော်မန့်များမှာ တခုလုံး ကောင်းသော်လည်း၊ မသက်ဆိုင်သူ တဦးတယောက်၏ ပုဂ္ဂိုလ်ရေးရာကို အထောက်အထားမဲ့ ပုတ်ခတ်ခြင်း၊ မသင့်လျော်သော ဆဲဆိုမှု တလုံး တပါဒကြောင့် ဖျက်လိုက်ရပါသည်။
တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုနှင် ရိုင်းစိုင်းကြမ်းတမ်းမှု မပါလျှင် မည်သည့် ဝေဖန် အကြံပြု ပြောဆိုချက်ကို မဆို တင်ပေးပါမည်။
ကျေးဇူးတင်ပါသည်။