ကျပ်သိန်းပေါင်း ၅၈၈ နဲ့လေလံအောင်သွားတဲ့ ၈၈ ဂစ်တာဖြစ်ပါတယ်။
ဒီကနေ့ စက်တင်ဘာလ ၁ ရက်နေ့ ည MCC မှာ ကျင်းပတဲ့ ၈၈ မျိုးဆက်ကျောင်းသားများရဲ့ စေတနာ ၀သန် ဂီတ ရန်ပုံငွေပွဲမှာ SKY NET က နောက်ဆုံး လေလံ အောင်သွားတာဖြစ်ပါတယ်။
ဂီတာ လေလံပွဲကို ၈ သိန်း ၈ သောင်း ကျပ်ဖြင့် ဈေးစတင် ဖွင့်ခဲ့ပြီး ယခုနောက်ဆုံး Sky Net TV မှ ၅၈၈ သိန်းဖြင့် ရယူသွားခဲ့တာပါ။
"ဂစ်တာ လေလံဆွဲပွဲက ရရှိခဲ့တဲ့ ငွေကြေးထဲက သိန်း ၂၀၀ ကို ကချင် စစ်ဘေးဒုက္ခသည်များ၊ ကချင်ဒေသ ကလေးများ အတွက် နှင့် နောက် သိန်း ၁၀၀ ကို ရခိုင်ဒုက္ခသည်များအတွက် ၈၈မျိုးဆက်ကျောင်းသားများက (ထပ်မံ) လှူဒါန်းလိုက်ပါတယ်။ (ယနေ့ညတွင် ၈၈ မျိုးဆက်ကျောင်းသားများက ကချင် စစ်ဘေးဒုက္ခသည်များ အတွက် သိန်း ၃၀၀ နှင့်ရခိုင်ဒုက္ခသည်များအတွက် သိန်း ၂၀၀ လှူဒါန်းလိုက်ပြီး ဖြစ်ပါ တယ်။ ရေဘေး ဒုက္ခသည် များအတွက် သိန်း ၁၀၀ အပါအ၀င် စုစုပေါင်း သိန်း ၆၀၀ ကို ချက်ချင်း လှူဒါန်းခဲ့ပါသည်။) " လို့ ၈၈ မျိုးဆက်ကျောင်းသားများက သတင်းထုတ်ပြန်ထားပါတယ်။

0 comments :
Post a Comment
ပေးထားသည့် မှတ်ချက်များ မကြာမီ တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။
အချို့ ကော်မန့်များမှာ တခုလုံး ကောင်းသော်လည်း၊ မသက်ဆိုင်သူ တဦးတယောက်၏ ပုဂ္ဂိုလ်ရေးရာကို အထောက်အထားမဲ့ ပုတ်ခတ်ခြင်း၊ မသင့်လျော်သော ဆဲဆိုမှု တလုံး တပါဒကြောင့် ဖျက်လိုက်ရပါသည်။
တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုနှင် ရိုင်းစိုင်းကြမ်းတမ်းမှု မပါလျှင် မည်သည့် ဝေဖန် အကြံပြု ပြောဆိုချက်ကို မဆို တင်ပေးပါမည်။
ကျေးဇူးတင်ပါသည်။