၂၀၀၇ စက်တင်ဘာ ၅ ရက်နေ့မှာ ပခုက္ကူမြို့က သံဃာ ၅၀၀ ကျော် မေတ္တာပို့ လမ်းလျှောက် ဆန္ဒပြခဲ့ရာမှာ အာဏာပိုင်တို့က အကြမ်းဖက် ဖြိုခွဲပါတယ်။
သံဃာ ၃ ပါးကို ဓာတ်တိုင်မှာ တုပ်နှောင်ပြီး ရိုက်နှက်ခဲ့တဲ့အတွက် မြန်မာပြည် အနှံ့အပြား ရဟန်း ရှင်လူများ ဒေါသထွက်ခဲ့ကြပါတယ်။
သံဃာ ၃ ပါးကို ဓာတ်တိုင်မှာ တုပ်နှောင်ပြီး ရိုက်နှက်ခဲ့တဲ့အတွက် မြန်မာပြည် အနှံ့အပြား ရဟန်း ရှင်လူများ ဒေါသထွက်ခဲ့ကြပါတယ်။

ဒီဖြစ်ရပ်ကို အာဏာပိုင်တို့က တောင်းပန်ခြင်းမရှိတဲ့အတွက် နေရာအများအပြားမှာရှိတဲ့ သံဃာတော်တို့က အာဏာပိုင်တွေကို ပတ္တနိကုဇ္ဇန ကံဆောင် သပိတ်မှောက်လိုက်ပါတယ်။

ဒါ့အပြင် သံဃာတော်များ မေတ္တာပို့ ဆန္ဒပြ ကြွချီကြပြီး ဒီဆန္ဒပြမှုဟာ လူထု လှုပ်ရှားမှု အသွင်ကို ကူးပြောင်းသွားပါတယ်။

အာဏာပိုင်တို့က စက်တင်ဘာ ၂၆၊ ၂၇ ရက်နေ့တို့မှာ ရန်ကုန်မြို့ ဆန္ဒပြမှုများကို ပစ်ခတ် ဖြိုခွင်းပါတယ်။
သံဃာ ၂၀၀ ကျော်ကို ဖမ်းဆီး တရားစွဲပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လိုက်ပါတယ်။
သံဃာ ၂၀၀ ကျော်ကို ဖမ်းဆီး တရားစွဲပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လိုက်ပါတယ်။

အဲဒီလို နှိပ်ကွပ်ခံရသူများထဲမှာ သီလရှင်များလည်း ပါဝင်ခဲ့တာပါ။

၂၀၀၇ စက်တင်ဘာလ သံဃာ့လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အွန်လိုင်းကို ရောက်လာတဲ့ ဓာတ်ပုံတွေထဲမှာ ရန်ကုန်မြို့ကို စစ်မြေပြင်လို ကိုင်တွယ်ခဲ့ရာမှာ ပါဝင်တဲ့ စစ်အရာရှိကြီးတယောက်ရဲ့ ဓာတ်ပုံကိုလည်း သတိပြုမိကြမှာပါ။
အဲဒီအရာရှိက အခုတော့ လွှတ်တော်တက်နေပါပြီ။

လွန်ခဲ့တဲ့ ၅ နှစ် ဒီအချိန်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ် ဖြိုခွင်းမှုတွေအတွက် တာဝန်ခံရမယ့်သူများကတော့ အဲဒီကာလ နိုင်ငံ့ခေါင်းဆောင်တာဝန်ယူခဲ့သူများ၊ ပစ်မိန့်ပေးသူများ ဖြစ်ပါတယ်။
ခုချိန်ထိတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းရေးကော်မရှင် ပေါ်ပေါက်မလာသေးပါဘူး။
ရိုက်နှက်ဖမ်းဆီးခံရတဲ့ သံဃာအများအပြားကို အာဏာပိုင်တို့က ပြန်လွှတ်ပေးလိုက်ပါပြီ။
ဒီလိုပြန်လွှတ်ပေးလိုက်တဲ့အတွက် အာဏာပိုင်တို့ကို ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေပြီ ဆိုပြီး သတ်မှတ်နေကြတာ တွေ့ရပါတယ်။

0 comments :
Post a Comment
ပေးထားသည့် မှတ်ချက်များ မကြာမီ တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။
အချို့ ကော်မန့်များမှာ တခုလုံး ကောင်းသော်လည်း၊ မသက်ဆိုင်သူ တဦးတယောက်၏ ပုဂ္ဂိုလ်ရေးရာကို အထောက်အထားမဲ့ ပုတ်ခတ်ခြင်း၊ မသင့်လျော်သော ဆဲဆိုမှု တလုံး တပါဒကြောင့် ဖျက်လိုက်ရပါသည်။
တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုနှင် ရိုင်းစိုင်းကြမ်းတမ်းမှု မပါလျှင် မည်သည့် ဝေဖန် အကြံပြု ပြောဆိုချက်ကို မဆို တင်ပေးပါမည်။
ကျေးဇူးတင်ပါသည်။