
ဖုန်းဆိုးမြေရိုင်းတွေပေါတဲ့ နေပြည်တော်လို့ ပြောရမလားပါပဲ။
မနေ့က နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက် ထောက်တယောက်ဖြစ်၊ လွှတ်တော် အမတ်ဒေါ်စုစုလွင်ရဲ့ ခင်ပွန်းဖြစ်တဲ့ ဦးထင်ကျော်ဟာ ဇနီးသည်ကို လွှတ်တော် တက် ဖို့ လိုက်အပို့မှာ တည်းခိုနေရာအနီးမှာပဲ မြွေဆိုးကိုက်လို့ အရေးပေါ် ဆေးရုံတင်လိုက်ရပါတယ်။
သေချာတာကတော့ နေပြည်တော်မှာ မြွေဆိုးတွေ ပေါတယ်ဆိုတာနဲ့ အချိန်မရွေး လွှတ်တော် ကိုယ်စားလှယ်တော်ကြီးတွေ ပိုးထိမှာ စိုးမိပါသေးတယ်။
တချို့ လွှတ်တော်ထဲက ကိုယ်စားလှယ်ကြီးတွေကတော့ မြွေပွေးတွေဖြစ်နေတာမို့ မြွေပွေး ပိုးမထိဘို့ လွှတ်တော် ဥက္ကကြီး ကို အရေးပေါ် ကြားဖြတ် အဆိုတင်သွင်းပြီး အသံနဲ့ မဲခွဲ ဆုံးဖြတ်သင့်ပါတယ်။
ဦးထင်ကျော် ပိုးထိသွားတာကြောင့် နေပြည်တော်က ရွှေဥာဏ်တော် စူးရှတဲ့သူများကတော့ ဦးထင်ကျော်တို့ တည်းခိုနေရာ ပတ်ဝန်းကျင်ကို ချက်ခြင်း ခြုံနွယ်ပိတ်ပေါင်း တွေ ရှင်းလင်းရေး လုပ်နေခဲ့ပါသတဲ့။
ဘာကြောင့် ခြုံနွယ်တွေ ရှင်းလင်းရေးလုပ်နေရတာက သတင်းထောက်တွေ သတင်းကြားလို့ လိုက်လာ ရင် မြင်ရတဲ့ မြင် ကွင်းက အတော်ဆိုးနေလို့ လွှတ်တော် ဥက္ကဌကြီးပြောတဲ့ လွှတ်တော် ကိုယ်စားလှယ် များ ဘေးကင်းလုံခြုံရေး ဆိုတာ ရယ်စရာတခုဖြစ်သွားမှာကို စိုးရိမ်လို့ ထင်တယ်လို့ အခုလို ခြုံတွေရှင်းနေ တာလို့ နေပြည်တော် သတင်းရပ်ကွက်က ဆိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ်ကြီးများရဲ့ လုံခြုံရေးအတွက် အခုဆိုရင် လွှတ်တော် တက်ဖို့ အစည်းအဝေး ခမ်းမ အ၀င်ဂိတ် တွေမှာ လုံခြုံရေး စစ်ဆေးတဲ့ ရောင်ခြည်စနစ်တွေနဲ့ တပ်ဆင်လိုက်တော့ လွှတ်တော် ခမ်းမ လုံခြုံရေးလား ၊ လွှတ်တော် အမတ်များ လုံခြုံရေးလားဆိုတာ မေးခွန်းထုတ်နေကြပါတယ်။
အခုလို ဦးထင်ကျော် ပိုးထိတယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း စိုးရိမ်နေကြတယ်လို့ NLD အသိုင်းအ၀ိုင်း ကလည်း ပြောနေကြပါတယ်။
တချို့ဝေဖန်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို အောက်လမ်းနည်းနဲ့ တိုက်တဲ့ တိုက်မြွေကများ ဦးထင်ကျော် ကို ကိုက် သွားရော့သလားလို့ သို့လော… သို့လော ။
ဖုန်းဆိုး မြွေရိုင်းတွေ ပေါတဲ့ နေပြည်တော်
Tuesday, August 7, 2012
1 comments :
Post a Comment
ပေးထားသည့် မှတ်ချက်များ မကြာမီ တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။
အချို့ ကော်မန့်များမှာ တခုလုံး ကောင်းသော်လည်း၊ မသက်ဆိုင်သူ တဦးတယောက်၏ ပုဂ္ဂိုလ်ရေးရာကို အထောက်အထားမဲ့ ပုတ်ခတ်ခြင်း၊ မသင့်လျော်သော ဆဲဆိုမှု တလုံး တပါဒကြောင့် ဖျက်လိုက်ရပါသည်။
တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုနှင် ရိုင်းစိုင်းကြမ်းတမ်းမှု မပါလျှင် မည်သည့် ဝေဖန် အကြံပြု ပြောဆိုချက်ကို မဆို တင်ပေးပါမည်။
ကျေးဇူးတင်ပါသည်။
Subscribe to:
Post Comments
(
Atom
)
ဘလော့ဂ် အကြောင်း
ဧရာဝတီ ဘလော့ဂ် ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
တပတ်အတွင်း အဖတ်အများဆုံး
-
နာမည်ကြီး အဆိုတော် သရုပ်ဆောင် ရဲလေးကတော့ သမ္မတ ရုံး ၀န်ကြီးတပါးဖြစ်တဲ့ ဦးအောင်မင်းရဲ့ သားမက်ဖြစ်သွားပါပြီ။ အဆိုတော် ရဲလေးနဲ့ ဇနီးသည်...
-
အသက် ၂၃ နှစ်အရွယ် မော်ဒယ် လင်းလင်းရဲ့ ပုံရိပ်တချို့ကို ကြော်ငြာတချို့မှာ တွေ့ဖူးကြပြီးဖြစ်မှာပါ။ သူ့မိခင်က မြန်မာပြည်က၊ ဖခင်က ဂျာမန်။...
-
ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ရဲ့ သားသမီးတွေ ဆိုင်ကြီး၊ လုပ်ငန်းကြီးတွေ ဖွင့်လှစ်လုပ်ကိုင် အဆင်ပြေနေတာဟာ မြန်မာပြည်မှာ ထူးဆန်းတဲ့ကိစ္စတော့ ...
-
၉ နှစ်တာမျှ နိုင်ငံတော် စာရင်းစစ်ချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ် အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး ယခုလက်ရှိ မွန်ပြည်နယ် ဘီးလင်းမြို့အဝင်တွင် ...
-
မအူပင်အကျဉ်းထောင်တွင် ထောင်ဒဏ် ၆ နှစ်နှင့် ၃ လ ကျခံနေရသူ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ခေါင်းဆောင် ဗိုလ်ကြီးဟောင်း နေမျိုးဇင်...
ကဏ္ဍများ
နောက်ဆုံးရ သတင်းများ
ဟုတ်ပါ့ဗျာ နေပြည်တော်မှာ မြွေပေါချက်ကတော့ လွန်ပါ့ဗျာ.. အညာကိုဗျ အညာက မြွေပေါတာ မထူးဆန်းပါဘူး.. အဲ..ထူးဆန်းတာက နေပြည်တော် မှာ မြွေကိုက်ခံရတဲ့ သတင်းပဲ.. ကျွန်တော် ၂၀၁၀ နှစ် တုန်းက နေပြည်တော် စည်ပင်ရိပ်သာမှာ တည်းတုန်း တွေ့လိုက်ရတဲ့ မြွေကြီးက ကျောချမ်းစရာဗျ ငန်းစောင်းလို့ ခေါ်တဲ့အကောင်ကြီး လူကြီး လက်မောင်း လုံး လောက်ရှိတယ်.. အများ ထိခိုက်မှာ စိုးလို့ ကျွန်တော်ရှင်းလိုက်ရတယ်.. အညာမှာက ဖားတို့ ကြွက်တို့ ပေါတော့ မြွေကလည်း ပေါတာပေါ့ဗျာ စုန်းတိုက် နတ်တိုက်ဆိုတာကတော့ ရွာ အတွေးအခေါ် တွေပါ အဓိကကတော့ ချုံတွေ တောတွေထဲ မသွားမိဖို့ပါ သွားရင်လည်း သတိထားပေါ့