ခေါင်းဆောင်ကြီးများပြောကြတဲ့ တရားဥပဒေစိုးမိုးမှု ဆိုတာကို အကောင်အထည် ဖော်ပေးမှာက ဂုဏ်သိက္ခာရှိတဲ့ရဲတပ်ဖွဲ့ ဖြစ်ပါလိမ့်မယ်။
လွှတ်တော်ထဲမှာ ဂုဏ်သိက္ခာရှိတဲ့ရဲတပ်ဖွဲ့ ဆိုတဲ့အကြောင်းအရာကို ထည့်သွင်း ဆွေးနွေးနေကြတာ သတင်းကောင်းပါပဲ။
ရဲတပ်ဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေး၊ အရည်အချင်း မြှင့်တင်ရေး၊ ခေတ်ပေါ်နည်းပညာအသုံးချရေး တို့ကိုတော့ ဆွေးနွေးချက်တွေထဲမှာ မတွေ့ရသေးပါဘူး။ (ဂုဏ်သိက္ခာ ဆိုတဲ့ထဲ အဲသဟာတွေ ပါသကွာလို့ ပြောလာရင်တော့ - ဟုတ်ကဲ့၊ ကြိုဆိုပါတယ်)
နိုင်ငံနဲ့ပြည်သူအတွက် အားကိုးရမယ့် ရဲတပ်ဖွဲ့ ဂုဏ်သိက္ခာရှိရှိ ရပ်တည်လုပ်ကိုင်ဖို့ ဘတ်ဂျက် အများကြီး လိုမှာပါ။
လာမယ့်နှစ် ဘတ်ဂျက်အတွက် သန်းငါးရာ တိုးတောင်းထားတယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
သတင်းစာဖော်ပြချက်ကို ကောက်နုတ်ရရင် -
ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးခင်မောင်ရီ
''မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဒေသပြည်သူအပေါ် အမှီအခိုကင်းပြီး ဂုဏ်သိက္ခာရှိစွာ ရပ်တည်တာဝန် ထမ်းဆောင်နိုင်ရေးအတွက် လုံလောက်သောခရီးစရိတ်၊ ရုံးအသုံးအဆောင်ပစ္စည်းနှင့် ရုံးသုံးစက်ပစ္စည်း စသည်တို့ကို ငွေစာရင်း ခေါင်းစဉ်အလိုက် ရန်ပုံငွေခွဲဝေချထားရန်အစီအစဉ် ရှိ/မရှိ''
ဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကို
၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ငွေစာရင်းခေါင်းစဉ်အလိုက် ရန်ပုံငွေခွဲဝေလျာထားမှု အခြေအနေမှာ (၉၁ ဒသမ ၅)ဘီလီယံဖြစ်ပါကြောင်း၊
ခရီးစရိတ်ခေါင်းစဉ်အောက်တွင် ရန်ပုံငွေရရှိမှုမှာ ငွေကျပ် (၂၉၄ ဒသမ ဝ၇၉)သန်းဖြစ်ပြီး
ရဲတပ်ဖွဲ့အရွယ်အစားအပေါ်မူတည်ပြီး လျာထားခွင့်ပြုပေးလျက်ရှိပါကြောင်း။
၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် အရပ်ရပ်ဝရမ်းသုံးစွဲခများ ပေးချေရာတွင်
လုံလောက်စွာ ပေးချေနိုင်ရန်နှင့် ရဲတပ်ဖွဲ့တွင်ရှိသည့် အရပ်သားဝန်ထမ်းများအတွက် ခရီးစရိတ်/နေ့တွက်စရိတ်များ ခွင့်ပြုနိုင်ရန် ငွေကျပ် (၄၉၄ ဒသမ ဝ၇၉) သန်း တိုးတက်ရရှိရန် ရသုံးမှန်းခြေငွေစာရင်းရေးဆွဲတောင်းခံလျက် ရှိပါကြောင်း။
ငှားရမ်းခခေါင်းစဉ်မှ ရန်ပုံငွေရရှိမှုမှာ ငွေကျပ်သန်း (၄ဝ)ဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် (ဝ ဒသမ ၃၈) ရာခိုင်နှုန်း ရရှိထားပါကြောင်း၊
သယ်ယူပို့ဆောင်ခခေါင်းစဉ်မှရန်ပုံငွေရရှိမှုမှာ ငွေကျပ်သန်း(၂ဝ ဒသမ ၉၉ဝ) ဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် (ဝ ဒသမ၂ဝ) ရာခိုင်နှုန်းရရှိထားပါကြောင်း၊
ရဲတပ်ဖွဲ့တစ်ခုလုံးအတွက် စာရေးကိရိယာများ ဝယ်ယူဖြန့်ဖြူးရန် ငွေကျပ်(၁၂၇ ဒသမ ၅၄ဝ)သန်း သုံးစွဲရန်လျာထားပြီး ရုံးအသေးသုံးစရိတ်အဖြစ် ကျန်ငွေကျပ်(၄၅ ဒသမ ၂၅ဝ)သန်းကို ခွင့်ပြုပေးလျက်ရှိပါကြောင်း၊
ယာဉ်ဝယ်ယူခြင်း ခေါင်းစဉ်၏ ရန်ပုံငွေရရှိမှုမှာ ငွေကျပ်သန်း(၆ဝ)ဖြစ်ပြီး ကင်းလှည့်ရေယာဉ် Fibre Speed Boat (၂)စီး ဝယ်ယူရန်အတွက် ခွင့်ပြုခဲ့ပါကြောင်း၊
လက်ရှိ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းသုံးစွဲရန် လိုအပ်သည့် ငွေကျပ် (၂ ဒသမ ၇၈၈) ဘီလီယံကို ၂ဝ၁၂-၂ဝ၁၃ ဖြည့်စွက်ရန်ပုံငွေအနေနှင့် တင်ပြတောင်းခံရန် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဒေသပြည်သူအပေါ် အမှီအခိုကင်းပြီး ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရန်အတွက် လုံလောက်သည့် ခရီးစရိတ်၊ ရုံးအသုံးအဆောင်ပစ္စည်းနှင့် စက်ပစ္စည်းစသည်တို့ကို ငွေစာရင်း ခေါင်းစဉ်အလိုက် ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်ပြီး စနစ်တကျစီမံဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ဖြေကြားသည်။
ဂုဏ်သိက္ခာရှိတဲ့ရဲတပ်ဖွဲ့
Friday, August 3, 2012
1 comments :
Post a Comment
ပေးထားသည့် မှတ်ချက်များ မကြာမီ တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။
အချို့ ကော်မန့်များမှာ တခုလုံး ကောင်းသော်လည်း၊ မသက်ဆိုင်သူ တဦးတယောက်၏ ပုဂ္ဂိုလ်ရေးရာကို အထောက်အထားမဲ့ ပုတ်ခတ်ခြင်း၊ မသင့်လျော်သော ဆဲဆိုမှု တလုံး တပါဒကြောင့် ဖျက်လိုက်ရပါသည်။
တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုနှင် ရိုင်းစိုင်းကြမ်းတမ်းမှု မပါလျှင် မည်သည့် ဝေဖန် အကြံပြု ပြောဆိုချက်ကို မဆို တင်ပေးပါမည်။
ကျေးဇူးတင်ပါသည်။
Subscribe to:
Post Comments
(
Atom
)
ဘလော့ဂ် အကြောင်း
ဧရာဝတီ ဘလော့ဂ် ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
တပတ်အတွင်း အဖတ်အများဆုံး
-
မြေအောက် ဂီတလောကမှာ အထင်ကရ ဟစ်ဟော့ပ် အဆိုတော်တဦးဖြစ်တဲ့ YAK သဇင် ရဲ့ သီချင်းတပုဒ် နာမည်က ဖာရုပ် ဖြစ်ပါတယ်။ ဒီသီချင်းက ဘာကို ရည်ရွယ်တာလဲ...
-
ပုသိမ်မြို့မှာ ဒီလ ၉ ရက်နေ့က ရုပ်ရှင်မင်းသားတွေနဲ့ ၀ါရင့်ဘောလုံးသမားတွေရဲ့ ဘောလုံးပွဲမှာ ဒီပွဲကရလာတဲ့ ကွင်းဝင်ကြေးအားလုံးကို ပုသိမ်က မိ...
-
ဒီရက်ပိုင်း သတင်းထောက်တွေ တကောက်ကောက်လိုက်တာခံရမှာကတော့ သရုပ်ဆောင် အဆိုတော် နန်းဆုရတီစိုး ဖြစ်ပါလိမ့်မယ်။ နန်းဆုရတီစိုး ခန္ဓာကိုယ် အစိ...
-
စတားဘတ်က သူ့ရဲ့ ဟောင်ကောင်ကဆိုင်ခွဲတခုမှာ အိမ်သာထဲက ရေဘုံဘိုင်ကို သုံးမိခဲ့တဲ့အတွက် တောင်းပန်လိုက်ပါပြီ။ တောင်းပန်စာ မူရင်းကို သူတို့ရ...
-
ဦးစိုးညွှန့် ( တော်ဝင်နှင်းဆီ) က ဇွန်လ ၁၄ ရက်နေ့က သံသယများ၊ အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ စာနယ်ဇင်း ရှင်းလင်းပွဲမှာ အကြမ်းဖက်မှုတွေ ဘာကြောင်...
ကဏ္ဍများ
နောက်ဆုံးရ သတင်းများ
စိတ်ဓါတ်တွေကို အရင်ပြင်လိုက်ပါဦး