ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ဒုသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို

Wednesday, August 15, 2012

ရေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ဒုသမ္မတ ဖြစ်လာပါပြီ။

ဒီမနက် လွှတ်တော်မှာ စစ်တပ်က သူ့ကို အဆိုတင်သွင်းခဲ့ပြီး ပြည်ထောင်စုနာယကက သူ့ကို ဒုသမ္မတအဖြစ် ကြေညာတယ်၊ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းက ကျမ်းသစ္စာ ကျိန်ဆိုတယ် လို့ ရန်ကုန်အခြေစိုက် သတင်းဂျာနယ်များက အွန်လိုင်းမှာ အခုလေးတင် ရေးသားထားကြတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့လဆန်းပိုင်းမှာ စစ်တပ်ရဲ့လွှတ်တော်ကိုယ်စားလှယ်တွေက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ (ဒု ဗိုလ်ချုပ်ကြီးဟောင်း) ကို လွှတ်တော်မှာ အဆိုပြုခဲ့ပါတယ်။ သို့သော်လည်း ဦးမြင့်ဆွေဟာ ဗိုလ်ချုပ်ကြီးတို့အချိန်ယူရေးဆွဲထားတဲ့ အခြေခံဥပဒေပါပြဋ္ဌာန်းချက်တခုနဲ့ ငြိစွန်းနေတဲ့အတွက် အခုလို ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ထပ်မံ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

သီဟသူရ ဦးတင်အောင်မြင့်ဦး နဲ့ ဒေါက်တာစိုင်းမောက်ခမ်း ဆိုပြီး ဒုသမ္မတ ၂ ယောက် ရှိခဲ့ပါတယ်။
သူတို့၂ယောက်စလုံး
ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြုပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူပါ။

သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ မကြာသေးခင်ကပဲ ကျန်းမာရေးအခြေအနေအရ နုတ်ထွက်သွားတဲ့အတွက် လစ်လပ်သွားတဲ့ ဒုသမ္မတ တနေရာအတွက် စစ်တပ်ကိုယ်စားလှယ်များက ရွေးချယ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီလို ရွေးချယ်နေတဲ့ ကာလမှာ ဒုသမ္မတလောင်းအဖြစ် ထင်ကြေးပေးခံရသူများကတော့
ဦးမြင့်ဆွေ
သူရဦးရွှေမန်း
ဒုဗိုလ်ချုပ်ကြီး လှဌေးဝင်း၊
ဒုဗိုလ်ချုပ်ကြီး ကိုကို၊
ဒုဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း၊
ဦးဌေးဦး၊
ဦးတင်အေး စသူတို့ ဖြစ်ပါတယ်။


3 comments :

  1. Anonymous said... :

    ရေတပ်မှာတော့ ပညာတတ်ပါ။ တော်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ အကြောင်းတော့ သေချာ မသိပါ။

  1. golden pku said... :

    ဘယ်သူပဲ ဖြစ်လာပါစေ တိုင်းပြည်နှင့်လူမျိုး အကျိုးစီးပွားကို ကြည့်သော ခေါင်းဆောင်ဖြစ်စေချင်ပါသည် ပြည်သူတို့ ဘဝတိုးတက်မူ။ အနာဂတ်ဘဝများလုံခြုံမူ တို့ကိုပေးစွမ်းပြီး ဖွံ့ဖြိုးအေးချမ်းသော တိုင်းပြည်ကို တည်ဆောက်နိုင်ပါစေ သား ရွှေအိုးထမ်းလာတာကိုမြင်ရသော ပြည်သူ့ဘဝ ဖြစ်ရပါစေသတည်း

  1. Anonymous said... :

    တပ်မတော် ရေ ရဲ့ စံပြလူတစ်ယောက်ပါ..အင်မတန်းတော်တဲ့သူပါ...စိတ်ရင်းကောင်းပါတယ်...လက်အောက်ငယ်သားကိုကြည့်ပါတယ်....

Post a Comment

ပေးထားသည့် မှတ်ချက်များ မကြာမီ တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။

အချို့ ကော်မန့်များမှာ တခုလုံး ကောင်းသော်လည်း၊ မသက်ဆိုင်သူ တဦးတယောက်၏ ပုဂ္ဂိုလ်ရေးရာကို အထောက်အထားမဲ့ ပုတ်ခတ်ခြင်း၊ မသင့်လျော်သော ဆဲဆိုမှု တလုံး တပါဒကြောင့် ဖျက်လိုက်ရပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုနှင် ရိုင်းစိုင်းကြမ်းတမ်းမှု မပါလျှင် မည်သည့် ဝေဖန် အကြံပြု ပြောဆိုချက်ကို မဆို တင်ပေးပါမည်။

ကျေးဇူးတင်ပါသည်။

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved