~ စည်သူ ~
(ဓာတ်ပုံများ - စည်သူ)
သြဂုတ်လ ၃ ရက်နေ့ညက လေပြင်း တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်ဆင်ခြေဖုံး ရွှေပြည်သာမြို့နယ် ၁၇ ရပ်ကွက်မှာ ရေကြီးရေလျှံ ဖြစ်ပြီး အိမ်တချို့ ပြိုလဲခဲ့ကြောင်း သိရပါတယ်။
ရေဘေးဒုက္ခသည် ၁,၀၅၈ ဦးကိုလောလောဆယ် အစိုးရ စာသင်ကျောင်း တကျောင်းမှာ ခေတ္တ ပြောင်းရွှေ့ထားရပါတယ်။
ဒုက္ခသည်တွေကို ဌာနဆိုင်ရာအဖွဲ့အစည်းတွေ NGO အဖွဲ့တွေက လာရောက် ကြည့်ရှုပြီး အစားအစာနဲ့ အသုံးအဆောင် ပစ္စည်းတွေဖြစ်တဲ့ ပုဆိုး၊ ထဘီ၊ စောင်၊ ဇလုံနဲ့ ဒန်အိုးတွေကို လှူဒါန်းခဲ့တယ်လို့ ရပ်မိရပ်ဖ တာဝန်ခံတွေက ပြောပြပါတယ်။
ရေဘေးဒုက္ခသည်တွေဟာ ၂၀၀၅ ခုနှစ် ၁၁ပိုင်း ၂၈ ရက်နေ့ကလှိုင်မြို့နယ်မှာ လောင်ကျွမ်းခဲ့တဲ့ မီးဘေးသင့်ပြည်သူတွေဖြစ်ပြီး ၂၀၀၅ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ရွှေပြည်သာ ၁၇ ရပ်ကွက်ကိုပြောင်းရွှေ့ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။
ရွှေပြည်သာမှာနေထိုင်တာ ၇ နှစ် ကြာပြီဖြစ်တဲ့ သူတို့ဟာ သဘာဝဘေးဒဏ်တွေ ဖြစ်တဲ့ မိုးကြိုးပစ်ခြင်း ၊ ရေကြီးခြင်း ၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်းနဲ့ မြွေကိုက်ခြင်း အန္တရာယ်တွေကို နှစ်စဉ် ကြုံတွေ့ရကြောင်း သိရပါတယ် ခင်ဗျာ။




0 comments :
Post a Comment
ပေးထားသည့် မှတ်ချက်များ မကြာမီ တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။
အချို့ ကော်မန့်များမှာ တခုလုံး ကောင်းသော်လည်း၊ မသက်ဆိုင်သူ တဦးတယောက်၏ ပုဂ္ဂိုလ်ရေးရာကို အထောက်အထားမဲ့ ပုတ်ခတ်ခြင်း၊ မသင့်လျော်သော ဆဲဆိုမှု တလုံး တပါဒကြောင့် ဖျက်လိုက်ရပါသည်။
တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုနှင် ရိုင်းစိုင်းကြမ်းတမ်းမှု မပါလျှင် မည်သည့် ဝေဖန် အကြံပြု ပြောဆိုချက်ကို မဆို တင်ပေးပါမည်။
ကျေးဇူးတင်ပါသည်။