“အဖြေမရှိတဲ့ ပုစ္ဆာများ”

Tuesday, August 7, 2012


၂၀၀၅ ခုနှစ်က လက်ထပ်ထိမ်းမြားပွဲတခုက အသက် ၄၀ ရှိ အာဖဂန် သတို့သားFaiz နဲ့ အသက် ၁၁ နှစ်အရွယ် သတို့သမီးငယ် Ghulam


မနေ့က CNN သတင်းဌာနက ထုတ်လွှင့်တဲ့ Samuel Burke ရဲ့ သတင်း ဆောင်းပါးလေး မြင်ရ ကြည့်ရတော့ ရင်ထဲ မချိအောင် ခံစားရတယ်။ အာဖဂန် ကျေးလက်တခုမှာ အသက် ၁၁ သမီးအရွယ် မိန်းကလေးငယ်နဲ့ အသက် ၄၀ အရွယ် အမျိုးသားတို့ မင်္ဂလာ ပွဲ အကြောင်းပါ။

အဲဒီမိန်းကလေးငယ်လေးက ဓာတ်ပုံရိုက်တဲ့သူကို ပြောပြာတာမှာတော့ သူက ကျောင်းဆရာမဖြစ်ဖို့ ရည်မှန်း ထားတာ ကြောင့် အခုလို စေ့စပ်လိုက်တာတာကို ၀မ်းနည်းတယ်တဲ့။

မိန်းကလေးငယ်လေးက လက်ထပ်ဖို့ ထွက်မလာခင်မှာ သူတို့ အာဖဂန် ဒေသ စကားဖြစ်တဲ့ ဒါရီ ဘာသာစကား အတန်း မှာ တက်ရောက်သင်ကြားနေတာပါတဲ့။

တကယ်တော့ အဲဒီ မိန်းကလေးဟာ ဒီကနေ့ ကမ္ဘာကြီးမှာ ရှိတဲ့ ၅၁ သန်းကျော်တဲ့ ကလေး သတို့သမီးတွေထဲ က တဦးပဲ ဖြစ်ပါတယ်။ အခုလို ဖြစ်တာ မွတ်ဆလင်တွေမှ မဟုတ်ပါဘူးတဲ့။

ကမ္ဘာတလွှား ဒေသတော်တော်များများက ယဉ်ကျေးမှု တော်တော်များများမှာ ဒီလိုပဲ ကလေးငယ် သတို့ သမီးနဲ့ ထိမ်းမြားလက်ထပ်ကြတာရှိတယ်လို့ သတင်းဆောင်းပါးရေးသူက ဆိုပါတယ်။





ဓာတ်ပုံပညာရှင် Stephanie Sinclair က အခုနက အာဖဂန်က စုံတွဲလို မှတ်တမ်းတင်ရန်အတွက် ကမ္ဘာတလွှား ဓာတ်ပုံလိုက်ရိုက် နေတာပါ။

သူ့ဓာတ်ပုံတွေကို “အဖြေမရှိတဲ့ ပုစ္ဆာများ” လို့ အမည်ပေးထားပါတယ်။

၂၀၀၅ ခုနှစ်က လက်ထပ်ခဲ့တဲ့ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်ကို အခုလို ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ် ထိမ်း မြား ရတာကို မေးခဲ့သလို အခြားသူတွေကိုလည်း မေးခဲ့ပါသေးတယ်တဲ့။ ဘယ်လိုမှ မငြင်းသာပါဘူးတဲ့။ ဒီလို မြက်နုကြိုက် တဲ့ အာဖဂန် အမျိုးသားတွေ ကိစ္စက ထုံးစံ တခုလိုပါပဲတဲ့။ အပျိုကြီးဖားဖား ဖြစ်အောင်တောင် ထိုမောင်တွေက မ စောင့် ကြတာပါတဲ့။

“ကျမ သူ့ကို မြင်တိုင်း ပုန်းခဲ့တယ်။ သူ့ကို မကြည့်ချင်လောက်အောင် မုန်းတယ်” လို့ Tehani ဆိုတဲ့ အမျိုးသမီး က ပြန် ပြောင်း ပြောပြတယ်။ Tehani လက်ထပ်တုန်းက သူ့ အသက်က ၆ နှစ်၊ ခင်ပွန်းသည် Majed ရဲ့ အသက်က ၂၅ နှစ် ပါတဲ့။ သူက တကယ်တော့ ယီမင်နိုင်ငံက တောင်တန်းဒေသက မိန်းကလေးပါ။

သူ့ ညီအမတော်စပ်တဲ့ Ghada ကလည်း ကလေး သတို့သမီးဖြစ်ရတဲ့အကြောင်းတွေ လည်း ပြန်ပြောပြခဲ့ ပါတယ်။

ဒီလို ကလေးသတို့ သမီးတွေနဲ့ ပတ်သက်လို့ ကလဲယားက အီသီယိုပီးယား၊ အိန္ဒိယ နိုင်ငံမြောက်ပိုင်း၊ နီပေါလ် စတဲ့ ဒေသ တွေကိုလည်း သွားပြီးမှတ်တမ်း ဓာတ်ပုံတွေ ရိုက်ခဲ့ပါသေးတယ်တဲ့။

တချို့ အသက် ၁၃ နှစ် အရွယ် မိန်းကလေး တ ယောက် ဆိုရင် လက်မထပ်ရသေးပဲ ကိုယ်ဝန်ဆောင်သည်
ဖြစ်နေ တာ၊ တချို့ လက်ထပ်ရမှာ ကြောက်လို့ ထွက်ပြေးကြရတာတွေလည်း သူက ပြန်ပြီးဖောက်သည်ချ ထားပါတယ်။
ယီမင်နိုင်ငံက Nujood Ali ဆိုတဲ့ မိန်းကလေးဆိုရင် အသက် ၁၀ နှစ်အရွယ်မှာ ခင်ပွန်သည်နဲ့ ကွားရှင်းခဲ့တယ်။ အခုဆိုရင် သူ့ အသက်က ၁၂ ပဲ ရှိသေးတဲ့ အကြောင်းတွေ စုံစုံလင်လင် သူက မှတ်တမ်းတင် ရေးသား ထားပါတယ်။

အခုလို အရွယ်မရောက်သေးတဲ့ ကလေးအရွယ် လက်ထပ်ထိမ်းမြားနေတဲ့ ကမ္ဘာတလွှားက ဖြစ်ရပ်ကိုတော့ သူက အဖြေ မရှိသေးဘူးလားလို့ မေးခွန်းထုတ်ထားပါတယ်။

အန္တရာယ်များတဲ့ ဒီ ဓလေ့ကို ဘယ်လို ပြောင်းလဲ ယူရလိမ့်မလဲ၊ ဘယ်လောက်ကြာအောင် ကမ္ဘာကြီး က စောင့်နေရမှာလဲ တဲ့။



0 comments :

Post a Comment

ပေးထားသည့် မှတ်ချက်များ မကြာမီ တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။

အချို့ ကော်မန့်များမှာ တခုလုံး ကောင်းသော်လည်း၊ မသက်ဆိုင်သူ တဦးတယောက်၏ ပုဂ္ဂိုလ်ရေးရာကို အထောက်အထားမဲ့ ပုတ်ခတ်ခြင်း၊ မသင့်လျော်သော ဆဲဆိုမှု တလုံး တပါဒကြောင့် ဖျက်လိုက်ရပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုနှင် ရိုင်းစိုင်းကြမ်းတမ်းမှု မပါလျှင် မည်သည့် ဝေဖန် အကြံပြု ပြောဆိုချက်ကို မဆို တင်ပေးပါမည်။

ကျေးဇူးတင်ပါသည်။

 
Copyright © 2011 Irrawaddy Publishing Group. All Rights Reserved