ကချင် ဒုက္ခသည်များအတွက် အလှူတခု

Friday, August 3, 2012



ရွှေမင်းသားဖောင်ဒေးရှင်းက ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်တွေအတွက် ၈၈ မျိုးဆက်ကျောင်းသားများ ထံသို့ ချိုင်းထောက်အစုံ (၃၀) နှင့် ဘီးတပ်ထိုင်ခုံ (၃) စီး လှူဒါန်းခြင်း အခမ်းအနား တခုကို လွန်ခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့က သင်္ကန်းကျွန်းမြို့နယ်ရှိ ဝေဇယန္တာလမ်းပေါ်က ၈၈ မျိုးဆက်ကျောင်းသားများရဲ့ ရုံးခန်းတွင် ကျင်းပခဲ့ပါတယ်။



အဲဒီ အခမ်းအနားသို့ ရွှေမင်းသားဖောင်ဒေးရှင်း ဥက္ကဌ ဦးမြတ်သူဝင်းနဲ့ တေးသံရှင် ဂျေညီညီ၊ ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင်တွေဖြစ်ကြတဲ့ မင်းကိုနိုင်၊ ကိုမြအေး၊ ကိုဂျင်မီတို့ တက်ရောက်ခဲ့ကြသည်။

ကြည်နူးဖွယ် အလှူတခုဖြစ်တာကြောင့် ဖော်ပြပေးလိုက်ပါတယ်။

0 comments :

Post a Comment

ပေးထားသည့် မှတ်ချက်များ မကြာမီ တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။

အချို့ ကော်မန့်များမှာ တခုလုံး ကောင်းသော်လည်း၊ မသက်ဆိုင်သူ တဦးတယောက်၏ ပုဂ္ဂိုလ်ရေးရာကို အထောက်အထားမဲ့ ပုတ်ခတ်ခြင်း၊ မသင့်လျော်သော ဆဲဆိုမှု တလုံး တပါဒကြောင့် ဖျက်လိုက်ရပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုနှင် ရိုင်းစိုင်းကြမ်းတမ်းမှု မပါလျှင် မည်သည့် ဝေဖန် အကြံပြု ပြောဆိုချက်ကို မဆို တင်ပေးပါမည်။

ကျေးဇူးတင်ပါသည်။

 
Copyright © 2011 Irrawaddy Publishing Group. All Rights Reserved