
သစ်ခွဲလုပ်ငန်းကို မြန်မာတွေ မစိမ်းကြပါဘူး။ ဟိုးရှေးယခင်ကတည်းက ရိုးရာ သစ်ခွဲနည်းတွေသုံးခဲ့ကြတာ အခုလို စက်ယန္တရားတွေနဲ့ ခွဲတဲ့ ခေတ်ထိ ရှိနေဆဲပါ။
အခု မြင်တွေ့ရမှာ ကတော့ ချင်းပြည်နယ်က သစ်ခွဲပုံလေးပါ။
သစ်လောကမှာ စက်ခွဲနဲ့ လက်ခွဲရယ်လို့ ပြောကြပါတယ်။ စက်ခွဲကတော့ မြန်တယ်၊ လိုချင်တဲ့ အနေအထား စက်ကို ခိုင်းလိုက်တာပါပဲ။ ဒါပေမယ့် လက်ခွဲကတော့ ဒီလိုမဟုတ်ပါဘူး။ အချိန်ပေးရတယ်။ စိတ်ရှည်ရတယ်။
တချို့က လက်ခွဲကို ပိုကြိုက်တာတွေရှိပါတယ်တဲ့။ ဖျော်ရည်သောက်သလို စက်ဖျော်နဲ့ လက်ဖျော်မှာ လက်ဖျော်ကို ပိုကြိုက်သလိုပါပဲ။
ဒါပေမယ့် အခုလို လက်ခွဲ သစ်တွေကို သစ်တောဥပဒေအရ လိုင်စင်မရှိရင်တော့ အဖမ်းခံရနိုင်ပါတယ်။
တချို့က လိုင်စင်နဲ့ သစ်ခွဲခွင့် လျှောက်ထားလုပ်ကိုင်ပေမယ့် နယ်စွန်၊ နယ်ဖျားတွေမှာတော့ လိုင်စင်ဆိုတာတွေ နားမလည်ပါဘူး။ သူတို့က တောထဲသွား၊ သစ်ခုတ်၊ သင်းသတ်၊ ပြီးတော့ အခုလို လက်ခွဲသစ်တွေ လုပ်ပြီး အဆောက်အဦးဆောက်၊ ဒါကပဲ သူတို့ ပုံမှန်လို ဖြစ်နေတာပါ။
ချင်းပြည်နယ်က လက်ခွဲသစ်
Wednesday, August 8, 2012
2 comments :
-
ခုနောက်ပိုင်းဧရာဝတီဘလော့ဂ်မှာသတင်းမဟုတ်တဲ့ သတင်းတွေပိုတင်လာသလိုဘဲ..။
Post a Comment
ပေးထားသည့် မှတ်ချက်များ မကြာမီ တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။
အချို့ ကော်မန့်များမှာ တခုလုံး ကောင်းသော်လည်း၊ မသက်ဆိုင်သူ တဦးတယောက်၏ ပုဂ္ဂိုလ်ရေးရာကို အထောက်အထားမဲ့ ပုတ်ခတ်ခြင်း၊ မသင့်လျော်သော ဆဲဆိုမှု တလုံး တပါဒကြောင့် ဖျက်လိုက်ရပါသည်။
တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုနှင် ရိုင်းစိုင်းကြမ်းတမ်းမှု မပါလျှင် မည်သည့် ဝေဖန် အကြံပြု ပြောဆိုချက်ကို မဆို တင်ပေးပါမည်။
ကျေးဇူးတင်ပါသည်။
Subscribe to:
Post Comments
(
Atom
)
ဘလော့ဂ် အကြောင်း
ဧရာဝတီ ဘလော့ဂ် ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
တပတ်အတွင်း အဖတ်အများဆုံး
-
နာမည်ကြီး အဆိုတော် သရုပ်ဆောင် ရဲလေးကတော့ သမ္မတ ရုံး ၀န်ကြီးတပါးဖြစ်တဲ့ ဦးအောင်မင်းရဲ့ သားမက်ဖြစ်သွားပါပြီ။ အဆိုတော် ရဲလေးနဲ့ ဇနီးသည်...
-
အသက် ၂၃ နှစ်အရွယ် မော်ဒယ် လင်းလင်းရဲ့ ပုံရိပ်တချို့ကို ကြော်ငြာတချို့မှာ တွေ့ဖူးကြပြီးဖြစ်မှာပါ။ သူ့မိခင်က မြန်မာပြည်က၊ ဖခင်က ဂျာမန်။...
-
ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ရဲ့ သားသမီးတွေ ဆိုင်ကြီး၊ လုပ်ငန်းကြီးတွေ ဖွင့်လှစ်လုပ်ကိုင် အဆင်ပြေနေတာဟာ မြန်မာပြည်မှာ ထူးဆန်းတဲ့ကိစ္စတော့ ...
-
၉ နှစ်တာမျှ နိုင်ငံတော် စာရင်းစစ်ချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ် အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး ယခုလက်ရှိ မွန်ပြည်နယ် ဘီးလင်းမြို့အဝင်တွင် ...
-
အင်တာနက်သုံးတဲ့ ပြည်တွင်း/ပြည်ပ မြန်မာပြည်သားတွေ အများဆုံးရောက်တဲ့ မြန်မာဝက်ဆိုက်က သစ်ထူးလွင် ဒေါ့ကွန် ဖြစ်ဖွယ်ရှိပါတယ်။ လားရှိုး၊ ရန်ကုန်...
ကဏ္ဍများ
နောက်ဆုံးရ သတင်းများ
သြော် ...ဒီအကြောင်းလား..သတင်းကိုစိတ်ဝင်တစားဝင်ဖတ်လိုက်မိတယ်...ဟင်းးးးးး။