ညီညွတ်ခြင်း နှင်းဆီ ရန်ပုံငွေ အငြိမ့် ပွဲ

Wednesday, August 8, 2012


မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေ ကပြဖျော်ဖြေသော ဒါရိုက်တာ မောင်မျိုးမင်း ရဲ့ လက်ရာ တခုလည်းဖြစ်တဲ့ ညီညွတ်ခြင်း နှင်းဆီ အငြိမ့်ပြကွက်ဖျော်ဖြေတင်ဆက်မှု ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် အပါအ၀င် အခက်အခဲများ ရင်ဆိုင်နေရပြီး အကူအညီ များ လိုအပ်နေကြတဲ့ တိုင်းရင်းသား လူမျိုးများအတွက်ပါ။ အလွန်မွန်မြတ်တဲ့ အလှူဒါနများကို အငြိမ့်ပွဲနဲ့ တောင်းခံ ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က အမျိုးသား ပြဇာတ်ရုံကြီးမှာ ရန်ပုံငွေပွဲ အဖြစ် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက စီစဉ်ခဲ့တာလည်းဖြစ် ပါတယ်။ လူရွှင်တော်တွေအဖြစ်နဲ့ နေတိုး၊ ရဲလေး၊ မိုးမိုး၊ ကျော်ကျော်ဗိုလ်နဲ့ ထွန်းထွန်း တို့က ပါဝင်ထားကြပြီး မင်းသမီးများအဖြစ်နဲ့ မိုးယုစံ၊ မေကဗျာ နဲ့ ဖူးစုံတို့က ဖျော်ဖြေထားကြပါတယ်။


ညီညွတ်ခြင်း နှင်းဆီ ဆိုတဲ့ အမည်နာမဟာလည်း ယနေ့ခေတ်အတွက် အလိုအပ်ဆုံး တရားကို ဖော်ညွှန်း
ပြသရာ လည်း ရောက်ပါတယ်။ အနုပညာရှင် ညီအကို မောင်နှမများ အားလုံးက ညီညွတ်ခြင်းတွေနဲ့ အတူ ကပြဖျော်ဖြေထားတာကို ရှု့စားနိုင်ပါတယ်။

ညီညွတ်ခြင်း နှင်းဆီ ရန်ပုံငွေ အငြိမ့် ဒုတိယ ပိုင်းဖြစ်ပါတယ်။

0 comments :

Post a Comment

ပေးထားသည့် မှတ်ချက်များ မကြာမီ တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။

အချို့ ကော်မန့်များမှာ တခုလုံး ကောင်းသော်လည်း၊ မသက်ဆိုင်သူ တဦးတယောက်၏ ပုဂ္ဂိုလ်ရေးရာကို အထောက်အထားမဲ့ ပုတ်ခတ်ခြင်း၊ မသင့်လျော်သော ဆဲဆိုမှု တလုံး တပါဒကြောင့် ဖျက်လိုက်ရပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုနှင် ရိုင်းစိုင်းကြမ်းတမ်းမှု မပါလျှင် မည်သည့် ဝေဖန် အကြံပြု ပြောဆိုချက်ကို မဆို တင်ပေးပါမည်။

ကျေးဇူးတင်ပါသည်။

 
Copyright © 2011 Irrawaddy Publishing Group. All Rights Reserved