မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမ ဘုရားကြီးကျောင်း တ

နှစ်ပေါင်း ၂၀ ကျော်ကာလမှ ယခု တကြိမ်ကျင်းပတဲ့ ရှစ်လေးလုံး နှစ်ပတ်လည်အခမ်းအနားဟာ ပထမဆုံး တရားဝင်ကျင်းပခွင့် ရတဲ့ အခမ်းအနား တခုလည်းဖြစ်ပါတယ်။

ယမန်နေ့ကပဲ ပြည်ထောင်စု အစိုးရ ၀န်ကြီးတွေက သမ္မတရဲ့ ခွင့်ပြုချက်နဲ့ ရှစ်လေးလုံး အခမ်းအနားအတွက် အလှူငွေ ၁၀ သိန်းကိုလည်း ပေးလှူသွားခဲ့ပါတယ်။ ထူးခြားတာကတော့ ၀န်ကြီးတွေက အခု ကျင်းပတဲ့ ရှစ်လေးလုံး အခမ်းအနားဟာ နိုင်ငံတော် အခမ်းအနားဖြစ်တယ်လို့ ပြောဆိုသွားတာပဲဖြစ်ပါတယ်။

ယနေ့( သြဂုတ်လ ၈ ရက်) နံနက် ၇း၀၀ နာရီက ၈၈၈၈ အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနားကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမ ဘုရားကြီးကျောင်းတိုက်တွင် စတင်ကျင်းပရာ တက်ရောက်ကြသော ၈၈မျိုးဆက်ကျောင်းသားများ ကို တွေ့ရစဉ်။

ဒီကနေ့ ကျရောက်တဲ့ ၂၄ နှစ်မြောက် ရှစ်လေးလုံး တော်လှန်ရေးနေ့ဖြစ်ပါတယ်။
ရှစ်လေးလုံး တော်လှန်ရေးမှာ ရှေ့တန်းက ဦးဆောင်ပါဝင်ခဲ့ကြသူတွေထဲက ထင်ရှားတဲ့ ကျောင်းသားများဟာ ၈၈ မျိုးဆက်ကျောင်း များအဖြစ်နဲ့ ယနေ့ ဆက်လက် ရပ်တည်နေပြီး ယနေ့ ရှစ်လေးလုံး နှစ်ပတ်လည်နေ့အတွက် ကြေညာချက်တစောင်ကိုလည်း ထုတ်ပြန်ထားပါတယ်။
ဆက်စပ်ဖတ်ရှု့ရန်
၈၈ အဖွဲ့ဆီ ဦးသိန်းစိန် ဘာသတင်းတွေ ပို့လိုက်သလဲ
သြဂုတ် ၈ ရက်ကို ဒီမိုကရေစီနေ့ သတ်မှတ်ရေး တိုက်တွန်း

0 comments :
Post a Comment
ပေးထားသည့် မှတ်ချက်များ မကြာမီ တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။
အချို့ ကော်မန့်များမှာ တခုလုံး ကောင်းသော်လည်း၊ မသက်ဆိုင်သူ တဦးတယောက်၏ ပုဂ္ဂိုလ်ရေးရာကို အထောက်အထားမဲ့ ပုတ်ခတ်ခြင်း၊ မသင့်လျော်သော ဆဲဆိုမှု တလုံး တပါဒကြောင့် ဖျက်လိုက်ရပါသည်။
တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုနှင် ရိုင်းစိုင်းကြမ်းတမ်းမှု မပါလျှင် မည်သည့် ဝေဖန် အကြံပြု ပြောဆိုချက်ကို မဆို တင်ပေးပါမည်။
ကျေးဇူးတင်ပါသည်။