~
ျဘန်ကောက်မှာအခြေစိုက်ပြီး ထိုင်းဘာသာနဲ့ထုတ်ဝေတဲ့ သတင်းစာတွေမှာ ET နဲ့ ဦးသိန်းစိန်တို့ရဲ့ သတင်းများကို ဒီကနေ့ မျက်နှာဖုံးတင်ထားကြပါတယ်။
အကြားအမြင်ဆရာမ ET နဲ့ သမ္မတ ဦးသိန်းစိန်တို့ဟာ ဘန်ကောက်ကို ပြိုင်တူ ရောက်နေကြပေမယ့် မတူကွဲပြားတဲ့ရည်ရွယ်ချက်တွေနဲ့ သီးခြားစီ ရောက်သွားကြတာပါ။
ထိုင်းမှာ အစိုးရခေါင်းဆောင်ပိုင်း နဲ့ အတိုက်အခံတို့ သဘောထားခြင်း မတိုက်ဆိုင်တာတွေ ရှိပေမယ့် တူညီတာကတော့ မြန်မာပြည်သွားပြီး ဆရာမ ET နဲ့ တွေ့ဆုံ မေးမြန်းကြတာပါပဲ။
ထိုင်းခရီးသည်များလည်း ရန်ကုန်ရောက်ရင် ဆရာမ ET နဲ့ သွားတွေ့ကြပါတယ်။
ဒါကြောင့် ထိုင်းမှာတော့ စာဖတ်ပရိသတ်က ဦးသိန်းစိန်ထက် ဆရာမ ET ကို ပိုပြီး သိကြတာပါ။ ထိုင်းမီဒီယာများကတဆင့်လည်း ဆရာမ ET အကြောင်း ကြည့်ဖူး ဖတ်ဖူးကြပါတယ်။
အခု ET ရဲ့ ဘန်ကောက်ခရီးစဉ်က သူ့အကြောင်း ပါဝင်တဲ့ ရုပ်သံဇာတ်လမ်းတွဲ စာနယ်ဇင်းမိတ်ဆက်ပွဲ တက်ရောက်ဖို့ ဖြစ်ပါတယ်။ ဒီပွဲကို မနေ့က ကျင်းပခဲ့ပြီးပါပြီ။
သမ္မတ ဦးသိန်းစိန်အတွက်ကတော့ ဒီခရီးဟာ အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့တဲ့ ခရီးပါ။ သမ္မတနဲ့ အတူလိုက်ပါသွားတဲ့ ၀န်ကြီးများလည်း နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ထိုးပုံ လေ့လာရေး တွေ့ဆုံရေး အစီအစဉ်များနဲ့ အလုပ်များနေကြပုံကို သတင်းထဲ တွေ့ရပါတယ်။
ရုပ်သံမှာ မကြာခဏတွေ့နေရတဲ့ ထိုင်းတွေရဲ့ ဓလေ့တခုက ဧည့်သည်တော်ကြီးများကို ပန်းကုံးလေးလက်ဆောင်ပေးပြီး ခရီးဦးကြိုပြုကြတာပါပဲ။
ပန်းကုံးလေးက အင်မတန် လှပပါတယ်။ ဧည့်သည်အများစုကတော့ ပန်းကုံးယူပြီး နောက်က လက်ထောက်တယောက်ယောက်ကို ချက်ချင်း ပေးလိုက်တာပါပဲ။
ဦးသိန်းစိန်ကတော့ သူ့ကို ပေးတဲ့ ပန်းကုံးလေးတွေကို လက်ထဲမှာပဲ အမြတ်တနိုး ကိုင်ဆောင်ထားတာကတော့ ထူးခြားနေပါတယ်။
နိုင်ငံတခုရဲ့အကြီးအကဲက လက်ဆောင်ပန်းကုံးကို အချိန်အတော်ကြာအောင် ကိုင်ထားတယ် ဆိုတော့ ပန်းလက်ဆောင် ပေးသူများ ၀မ်းသာကြမှာပါ။
သမ္မတ ဦးသိန်းစိန်ရဲ့ ၃ ရက်ကြာ ခရီးစဉ် ဒီကနေ့ အဆုံးသတ်မှာ ဖြစ်ပါတယ်။
မြန်မာ ET ဇာတ်လမ်းတွဲ ထိုင်းရုပ်သံမှာ လွှင့်မယ်
ဦးသိန်းစိန်နဲ့ ထိုင်းဝန်ကြီးချုပ် တွေ့ဆုံမှု နဲ့ နောက်ဆက်တွဲသတင်း
Thein Sein Visits Thai Deep-Sea Port
ထိုင်းသတင်းစာ မျက်နှာဖုံးကို ET နဲ့ ဦးသိန်းစိန် သိမ်းပိုက်
Tuesday, July 24, 2012
~
Subscribe to:
Post Comments
(
Atom
)
ဘလော့ဂ် အကြောင်း
ဧရာဝတီ ဘလော့ဂ် ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
တပတ်အတွင်း အဖတ်အများဆုံး
-
ပုသိမ်မြို့မှာ ဒီလ ၉ ရက်နေ့က ရုပ်ရှင်မင်းသားတွေနဲ့ ၀ါရင့်ဘောလုံးသမားတွေရဲ့ ဘောလုံးပွဲမှာ ဒီပွဲကရလာတဲ့ ကွင်းဝင်ကြေးအားလုံးကို ပုသိမ်က မိ...
-
ဒီရက်ပိုင်း သတင်းထောက်တွေ တကောက်ကောက်လိုက်တာခံရမှာကတော့ သရုပ်ဆောင် အဆိုတော် နန်းဆုရတီစိုး ဖြစ်ပါလိမ့်မယ်။ နန်းဆုရတီစိုး ခန္ဓာကိုယ် အစိ...
-
မြေအောက် ဂီတလောကမှာ အထင်ကရ ဟစ်ဟော့ပ် အဆိုတော်တဦးဖြစ်တဲ့ YAK သဇင် ရဲ့ သီချင်းတပုဒ် နာမည်က ဖာရုပ် ဖြစ်ပါတယ်။ ဒီသီချင်းက ဘာကို ရည်ရွယ်တာလဲ...
-
မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားတွေအနေနဲ့ အကြမ်းဖက်မှု ပဋိပက္ခတွေကို ထပ်မံ မဖန်တီးရန် မလေးရှား အစိုးရ က သတိပေးလိုက်ပါတယ်တဲ့။ မလေးရှ...
-
စတားဘတ်က သူ့ရဲ့ ဟောင်ကောင်ကဆိုင်ခွဲတခုမှာ အိမ်သာထဲက ရေဘုံဘိုင်ကို သုံးမိခဲ့တဲ့အတွက် တောင်းပန်လိုက်ပါပြီ။ တောင်းပန်စာ မူရင်းကို သူတို့ရ...
ကဏ္ဍများ
နောက်ဆုံးရ သတင်းများ
0 comments :
Post a Comment
ပေးထားသည့် မှတ်ချက်များ မကြာမီ တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။
အချို့ ကော်မန့်များမှာ တခုလုံး ကောင်းသော်လည်း၊ မသက်ဆိုင်သူ တဦးတယောက်၏ ပုဂ္ဂိုလ်ရေးရာကို အထောက်အထားမဲ့ ပုတ်ခတ်ခြင်း၊ မသင့်လျော်သော ဆဲဆိုမှု တလုံး တပါဒကြောင့် ဖျက်လိုက်ရပါသည်။
တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုနှင် ရိုင်းစိုင်းကြမ်းတမ်းမှု မပါလျှင် မည်သည့် ဝေဖန် အကြံပြု ပြောဆိုချက်ကို မဆို တင်ပေးပါမည်။
ကျေးဇူးတင်ပါသည်။