မြန်မာပြည်အတွက် ကွန်ပြူတာကွန်ယက်စနစ်

Monday, July 23, 2012



တိတ်

မြန်မာနိုင်ငံမှာ မိုးတိမ်ကွန်ပြူတာစနစ် တည်ဆောက်ဖို့ ဂျပန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှု ကော်ပိုရေးရှင်း Daiwa Securities Group (DSG) က အမေရိကန် ဒေါ်လာသန်း ၃၈၀ ရင်းနှီးမြှုပ်နှံသွားမယ်လို့ သိရပါတယ်။

ဒီစီမံကိန်းကို အခြား အခြားသော ဂျပန်နည်းပညာကုမ္ပဏီတွေနဲ့ တွဲဖက်ပြီး အကောင်အထည်ဖော်သွားမှာတဲ့။

အစိုးရဝန်ကြီးဌာနတွေအပါအဝင် ကျောင်းတွေ၊ ဆေးရုံတွေအကုန်လုံး မိုးတိမ်ကွန်ပြူတာစနစ် (Cloud Computing System) အောက်မှာ အပြန်အလှန် အချိတ်အဆက် ရှိသွားကြမယ်လို့ ဆိုပါတယ်။

လျှပ်စစ်စွမ်းအားနဲ့ ကွန်ရက်အင်ဂျင်နီယာတွေ ချို့တဲ့တဲ့ မြန်မာနိုင်ငံမှာ ဒီစနစ်က ပုံမှန်လုပ်ရိုးလုပ်စဉ် ဆာဗာအခြေပြုစနစ်ထက် ပိုအကုန်အကျ သက်သာပြီး ဆက်သွယ်ရာမှာ ပိုမြန်တဲ့ ရွေးချယ်စရာ အခြားနည်းလမ်းတခုဖြစ်တယ် လို့လည်း ဆိုပါတယ်။

ကော်နက်ရှင်းနှေးလွန်းတယ်လို့ ညည်းနေကြသူအတွက်တော့ သတင်းကောင်းလို့ ဆိုနိုင်ပါတယ်။ ဘယ်လောက် (အခု ရန်ကုန်မှာ အများဆုံးရနေတယ်လို့ကြားရတဲ့ 4 Mbps ထက်) မြန်မမြန်ကိုတော့ စောင့်ကြည့်ရအုံးမှာပါ။

ဒီသတင်းအပြည့်အစုံကိုတော့ ဧရာဝတီ (မြန်မာပိုင်း) စာမျက်နှာ burma.irrawaddy.org/archives/15757 မှာ ဖတ်ရှုနိုင်ပါတယ်။








0 comments :

Post a Comment

ပေးထားသည့် မှတ်ချက်များ မကြာမီ တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။

အချို့ ကော်မန့်များမှာ တခုလုံး ကောင်းသော်လည်း၊ မသက်ဆိုင်သူ တဦးတယောက်၏ ပုဂ္ဂိုလ်ရေးရာကို အထောက်အထားမဲ့ ပုတ်ခတ်ခြင်း၊ မသင့်လျော်သော ဆဲဆိုမှု တလုံး တပါဒကြောင့် ဖျက်လိုက်ရပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုနှင် ရိုင်းစိုင်းကြမ်းတမ်းမှု မပါလျှင် မည်သည့် ဝေဖန် အကြံပြု ပြောဆိုချက်ကို မဆို တင်ပေးပါမည်။

ကျေးဇူးတင်ပါသည်။

 
Copyright © 2011 Irrawaddy Publishing Group. All Rights Reserved