~
စက်ရုပ် လို့ ခေါ်ကြတဲ့ ၂၀၀၂ မော်ဒယ် Caldina ကို ရန်ကုန်မှာ တက္ကစီအဖြစ် မြင်ရတော့ ၀မ်းသာသူတွေ ရှိသလို စုပ်တသပ်သပ်ဖြစ်နေသူတွေလည်း ရှိပါတယ်။
ဒေါ်လာကိုင်သူတွေ ကားသွင်းခွင့်ရတဲ့ အခြေအနေကနေ ဒေါ်လာမမြင်ဖူးသူလည်း သွင်းနိုင်ပါပြီ ဆိုတဲ့ ခေတ်ကို ရောက်လာပြီလေ။
ဒီလို ကားတွေ ဒလဟောကြီး တင်သွင်းခွင့်ပြုနေတော့ ဈေးတွေ ပြုတ်ကျပြီပေါ့။
အတွင်းခန်းလည်းမိုက်၊ အပြင်ပုံလည်းမိုက်တဲ့ စက်ရုပ်ဟာ တခြားကားတွေလိုပဲ ဈေးကျပြီးရင်း ပြုတ်ကျနေပါတယ်။ ဒီကား ဈေးနှုန်းအပြောင်းအလဲကို ရန်ကုန် ကားပွဲစားတဦးက အခုလို ပြောပြပါတယ် -
ဒီဇင်ဘာ - သိန်း ၄၀၀ ၀န်းကျင်
ပြီးခဲ့တဲ့လ နောက်ဆုံးပတ် - သိန်း ၂၀၀
လက်ရှိ - သိန်း ၁၅၀
ကားဈေးပြုတ်ကျလို့ ကားပိုင်ရှင်တချို့လည်း ဘ၀ပျက်သလိုဖြစ်၊ ကားတချို့လည်း ဘ၀ ပြောင်းသွား၊ အခုလို တက္ကစီဖြစ်သွားတဲ့ Caldina စက်ရုပ် ပုံကို ကြည့်ပြီး Facebook မှာ ပြောဆိုနေကြတာတွေကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။
-ေ ကာင်းပါတယ်....မ၀ယ်နှိုင်တဲ့လူတွေအတွက်တော့်အဆင်ပြေတာပေါ့်....
- အဲဒီကားပဲ ရှာငှားတော့မယ်
- စီးဖူးတယ်ရှိအောင် ငှားစီးကြည့်ချင်သား
- ကားမဝယ်တော့ဘူး taxi ပဲစီးတော့မယ်
- မိုက်တယ် ရန်ကုန်က taxi ...တမြို့လုံးဖြစ်နေယင်ပိုတောင်ကောင်းသေး။
- လုပ်တယ်လေကွာ... ဒီတိုင်းဆို တော်တော်ရှုံးနေတာ ဆိုတော့ တက်စီ ဆွဲမယ်ဆို တရက် ၂ သောင်းလောက်နဲ့ တလ ၆ သိန်း ပြန်ရနည်းလား...
၂ နှစ်လောက် ခိုင်းစားလို့ရသေးတယ်... အရှုံးထဲက ပြန်ရှာနည်းလေ... ခု ၁၃၀၀ အောက်တွေလဲ တက်စီဆွဲ၊ရင် ကိုက်မယ်..
- ကြေကွဲပီဟေ့..........
- နှမြောစရာကြီး taxi လုပ်ပစ်ရတယ်လို့
- သေလိုက်တော့မယ်ကွာဒီလိုကားကို taxi လုပ်တဲ့ကောင်ကရှိသေးတယ်
- လုပ်ကြဦးပေါ့ကွာ
- ငါကြိုက်တဲ့ကားလေးကို အခုလို taxi ပုံစံနဲ့တွေ့ရတာစိတ်တောင်မကောင်းဘူး .. ~
- ဦးသိန်းစိန်က လူတန်းစေ.ကားစီးနိုင်အောင်လုပ်ဆောင်သော်လည်းမူဝါဒအနည်းငယ်လွဲချော်နေမှုကြောင်.ရန်ကုန်မြို.တော်မှာအငှားယာဉ်မြို.တော်ဖြစ်နေပါပြီ။
နည်းနည်းလေးတော.လွဲနေတယ်၊ လွဲလွဲလေးလည်း ကောင်းပါတယ်၊ စိတ်ကျေနပ်ရင်ပြီးတာပဲ၊ စိတ်ကျေနပ်ရင်အေးဆေးပဲ။

0 comments :
Post a Comment
ပေးထားသည့် မှတ်ချက်များ မကြာမီ တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။
အချို့ ကော်မန့်များမှာ တခုလုံး ကောင်းသော်လည်း၊ မသက်ဆိုင်သူ တဦးတယောက်၏ ပုဂ္ဂိုလ်ရေးရာကို အထောက်အထားမဲ့ ပုတ်ခတ်ခြင်း၊ မသင့်လျော်သော ဆဲဆိုမှု တလုံး တပါဒကြောင့် ဖျက်လိုက်ရပါသည်။
တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုနှင် ရိုင်းစိုင်းကြမ်းတမ်းမှု မပါလျှင် မည်သည့် ဝေဖန် အကြံပြု ပြောဆိုချက်ကို မဆို တင်ပေးပါမည်။
ကျေးဇူးတင်ပါသည်။