ဘန်ကောက်ဆပ်ပလိုင်းချက် လက်နက်အများအပြား ဖမ်းမိ

Wednesday, June 27, 2012


(ဓာတ်ပုံများ - bangkok post)

ဘန်ကောက်မြို့မှာ ရဲတပ်ဖွဲ့က ဒီကနေ့ သတင်းစာရှင်းလင်းပွဲကြီးတခုလုပ်ပြီး လက်နက်ငယ်မျိုးစုံကို ပြသထားပါတယ်။

အဲဒါတွေဟာ ပြီးခဲ့တဲ့ ၅ ရက်အတွင်း ဘန်ကောက်မှာ ကားတွေကို ရပ်တန့် စစ်ဆေးရာကနေ ရှာဖွေ တွေ့ရှိရတဲ့ လက်နက်ပေါင်း ၂၃၄ လက်၊ ပေါက်ကွဲပစ္စည်းတွေ နဲ့ မူးယစ်ဆေးတွေထဲက ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်သုံးလက်နက် - ၃
လိုင်စင်ရှိ လက်နက် - ၁၁၂
လိုင်စင် လုပ်မထားတဲ့ လက်နက် - ၉၇
အိမ်တွင်းဖြစ်လက်နက် - ၂၂
ကျည်ဆံ - အများအပြား
ပေါက်ကွဲပစ္စည်း - အများအပြား
မူးယစ်ဆေး - အများအပြား

ငါးရက်အတွင်း ဒီလောက်တောင် ဖမ်းမိတဲ့အတွက် စိတ်မသက်မသာ ဖြစ်မိတယ် လို့ ရဲတပ်ဖွဲ့အကြီးအကဲတယောက် ဖြစ်တဲ့ Pol Maj Gen Khamronwit က ဆိုပါတယ်။
အင်မတန် ကျယ်တဲ့ ဘန်ကောက်မြို့ကြီးမှာ တရားမ၀င် ကိုင်ဆောင်တဲ့ လက်နက်တွေ၊ မူးယစ်ဆေးတွေ ဒီထက်မက ရှိနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ဆပ်ပလိုင်းချက် (surprise check) လို့ ခေါ်ကြတဲ့ ရှောင်တခင်စစ်ဆေးမှုတွေမှာ ဓာတ်မှန်စက်လိုမျိုး ကရိယာတွေ သုံးတဲ့အတွက် ဒီပစ္စည်းတွေ တွေ့ရတာလို့ သိရပါတယ်။







ညွှန်း - ဘန်ကောက်ပို့စ် အွန်လိုင်း http://www.bangkokpost.com/news/local/299967/bangkok-cops-seize-large-cache-of-firearms


1 comments :

  1. Anonymous said... :

    surprise check လား? supply check လား?

Post a Comment

ပေးထားသည့် မှတ်ချက်များ မကြာမီ တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။

အချို့ ကော်မန့်များမှာ တခုလုံး ကောင်းသော်လည်း၊ မသက်ဆိုင်သူ တဦးတယောက်၏ ပုဂ္ဂိုလ်ရေးရာကို အထောက်အထားမဲ့ ပုတ်ခတ်ခြင်း၊ မသင့်လျော်သော ဆဲဆိုမှု တလုံး တပါဒကြောင့် ဖျက်လိုက်ရပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုနှင် ရိုင်းစိုင်းကြမ်းတမ်းမှု မပါလျှင် မည်သည့် ဝေဖန် အကြံပြု ပြောဆိုချက်ကို မဆို တင်ပေးပါမည်။

ကျေးဇူးတင်ပါသည်။

 
Copyright © 2011 Irrawaddy Publishing Group. All Rights Reserved