~
၂၀၁၁ နှစ်ဆန်းပိုင်းမှာ တွေ့ရတဲ့ ထိုင်းနိုင်ငံ ရနောင်းမြို့ ရေလုပ်ငန်းမြင်ကွင်းတခု
တနင်္လာနေ့က စစ်ကိုင်းတိုင်းက ခရီးသည် ၂၉ ယောက် ရန်ကုန်ကနေ ထိုင်းမြန်မာနယ်စပ်ကို အသွား လမ်းမှာ အတားခံလိုက်ရပါတယ်။
သူတို့ စီးလာတဲ့ကား ပဲခူးအရောက်မှာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အထူးအဖွဲ့က စစ်ဆေးပြီး ခေါ်ထားလိုက်တယ်လို့ ဆိုပါတယ်။
ထိုင်းရောက်ရင် ငါးဖမ်းလှေ၊ စက်ရုံအလုပ်ရုံတွေကို ရောင်းစားခံရတဲ့ အန္တရာယ်နဲ့ ကြုံရနိုင်တယ် ဆိုပြီး ပညာပေးရှင်းလင်းခဲ့တယ်၊ နေရပ်ပြန်ဖို့ စီစဉ်ပေးနေတယ် တဲ့။
ဒီကနေ့ ကြေးမုံသတင်းစာမှာ ရေးထားပါတယ်။
မူရင်းသတင်းကို ဒီမှာ http://4.bp.blogspot.com/-RGGS1eQrBGo/T-qMFq9tqfI/AAAAAAAAIuc/oRU-3qpQ8BY/s1600/Donna-Guest-0355.gif ဖတ်နိုင်ပါပြီ။
လူကုန်ကူးတားဆီးရေးအဖွဲ့ရဲ့ ရှင်းပြချက်တွေက မှန်ပါတယ်။ ဒီခေတ်မှာ ဒီလို အန္တရာယ်မျိုး ရှိနေပါသေးတယ်။
မြန်မာပြည်သားတွေ ထိုင်းနိုင်ငံကို နေ့စဉ် ရာနဲ့ချီပြီး သွားလာ လုပ်ကိုင်နေကြပါတယ်။ ဒီထဲမှာ ထိုင်းနိုင်ငံအတွင်း နေထိုင်လုပ်ကိုင်ဖူးသူတွေ ပါဝင်သလို တခါမှ မရောက်ဖူးသူတွေလည်း ပါပါတယ်။
ဒီ ၂၉ ယောက်က ဘယ်အမျိုးအစားထဲ ပါဝင်သလဲ မသိရပါဘူး။
ဒီလူတွေ နေရပ်ပြန်ရောက်ရင် ထိုင်းခရီးစဉ် ပြန်ဆက်ဖို့ ကြိုးစားနိုင်သလို မြန်မာပြည်ထဲက တခြားနေရာတွေမှာ သွားရောက်လုပ်ကိုင်ဖို့လည်း ကြိုးစားနိုင်ပါတယ်။
စစ်ကိုင်းတိုင်းထဲက ဒေသခံ အများအပြား ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်း၊ ရန်ကုန် စတဲ့ ဒေသအသီးသီးကို သွားရောက် အလုပ်လုပ်ကိုင်နေကြတာကိုလည်း တွေ့ရပါတယ်။

0 comments :
Post a Comment
ပေးထားသည့် မှတ်ချက်များ မကြာမီ တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။
အချို့ ကော်မန့်များမှာ တခုလုံး ကောင်းသော်လည်း၊ မသက်ဆိုင်သူ တဦးတယောက်၏ ပုဂ္ဂိုလ်ရေးရာကို အထောက်အထားမဲ့ ပုတ်ခတ်ခြင်း၊ မသင့်လျော်သော ဆဲဆိုမှု တလုံး တပါဒကြောင့် ဖျက်လိုက်ရပါသည်။
တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုနှင် ရိုင်းစိုင်းကြမ်းတမ်းမှု မပါလျှင် မည်သည့် ဝေဖန် အကြံပြု ပြောဆိုချက်ကို မဆို တင်ပေးပါမည်။
ကျေးဇူးတင်ပါသည်။