ကျောက်နီမော်အမှု စီရင်ချက်ချ

Monday, June 18, 2012


ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာသူ မသီတာထွေးကို အဓမ္မကျင့်၊ လုယက်၊ သတ်ဖြတ်သူတွေကို တရားရုံးက သေဒဏ် စီရင်ချက် ချမှတ်လိုက်တယ် လို့ ဒီကနေ့ တရားရုံး စီရင်ချက်ကို သွားရောက် နားထောင်ခဲ့တဲ့ ကျောက်ဖြူမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ပြောပါတယ်။

စစ်ဆေးသည့် နေရာ - ကျောက်ဖြူ ခရိုင် တရားရုံး
တရားသူကြီး - ခရိုင်တရားသူကြီး ဒေါ်ဌေးဌေးကြည်
တရားခံများ - ကျောက်ထရံ ကျေးရွာမှ ရော်ဖိ (၁၈ နှစ်)၊ ထက်ထက် (၂၃ နှစ်)၊ လူယု (၂၁ နှစ်)
အမှုများ - အဓမ္မပြုကျင့်မှု ပုဒ်မ ၃၇၆၊ လူသတ်မှု ပုဒ်မ ၃၀၂၊ ပစ္စည်း လုယူမှု ပုဒ်မ ၃၉၂

မေ ၂၈ - အမှု စတင်ဖြစ်ပွား
ဇွန် ၈ - ရုံးထုတ် စစ်ဆေး
ဇွန် ၉ - အမှုရင်ဆိုင်နေရသူများထဲမှ တဦးဖြစ်သည့် ထက်ထက်(ခ) ဖြိုးဇေယျာကျော် (ခ) ရှောင်ရှုး ကျောက်ဖြူထောင်အတွင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်
ဇွန် ၁၈ - စီရင်ချက်ချ

ဆက်စပ် ဖတ်ရှုရန် -
မသီတာထွေး အမှု အပြီးသတ်ကြားနာ

0 comments :

Post a Comment

ပေးထားသည့် မှတ်ချက်များ မကြာမီ တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။

အချို့ ကော်မန့်များမှာ တခုလုံး ကောင်းသော်လည်း၊ မသက်ဆိုင်သူ တဦးတယောက်၏ ပုဂ္ဂိုလ်ရေးရာကို အထောက်အထားမဲ့ ပုတ်ခတ်ခြင်း၊ မသင့်လျော်သော ဆဲဆိုမှု တလုံး တပါဒကြောင့် ဖျက်လိုက်ရပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုနှင် ရိုင်းစိုင်းကြမ်းတမ်းမှု မပါလျှင် မည်သည့် ဝေဖန် အကြံပြု ပြောဆိုချက်ကို မဆို တင်ပေးပါမည်။

ကျေးဇူးတင်ပါသည်။

 
Copyright © 2011 Irrawaddy Publishing Group. All Rights Reserved