ထိုင်းလူမျိုး ဒါရိုက်တာက လာမိတ်ဆက်တဲ့ နန်းဆုရတီစိုး

Monday, June 18, 2012


နန်းဆုရတီစိုး

နန်းဆု ခု ဂျာနယ်တွေအတွက် ဓာတ်ပုံရိုက်ပေးနေပါတယ်။ မန္တလေး၊ ပခုက္ကူနဲ့ ဟင်္သာတမြို့တွေမှာ ဖျော်ဖြေရေး ရှိတာကြောင့် ဇာတ်ကား ရိုက်ကူးမှုတွေက နားထားပါတယ်။

ပွင့်လင်းရာသီဆိုရင်တော့ ဂျာနယ်တွေအတွက် ဓာတ်ပုံရိုက်တာက အချိန် မအားတာကြောင့် ကိုယ်ရိုက်ပြီးသား ပုံတွေ ပေးဖြစ်ပေမယ့် အချိန်ရရင်တော့ သီးသန့်ဓာတ်ပုံ ရိုက်ပေးဖြစ်ပါတယ်။ မျက်နှာဖုံးပုံတွေ ရိုက်တဲ့အထဲက ထူးထူးခြားခြား ထိုင်းနိုင်ငံက ဒါရိုက်တာကြီးတစ်ယောက်က 8 DAYS ဂျာနယ်အဖုံးမှာ ရိုက်ထားတဲ့ နန်းဆုပုံကို ကိုင်ပြီး မြန်မာနိုင်ငံက မင်းသမီးဆိုပြီး လာရောက်မိတ်ဆက်တာ ခံရဖူးပါတယ်။

အလုပ်ကိစ္စက ဆွေးနွေးနေတုန်းပဲ ရှိသေးတယ်။ လုပ်ဖြစ် မလုပ်ဖြစ် နန်းဆု မဆုံးဖြတ်ရသေးပါဘူး။ ကိုယ့်ကို တခြားနိုင်ငံက ဒါရိုက်တာတစ်ယောက်က ခုလို ကိုယ့်ရဲ့ ပုံပါတဲ့ ဂျာနယ်နဲ့ လာရောက်မိတ်ဆက်တဲ့အခါ အတိုင်းမသိ ၀မ်းသာရပါတယ်။ ကိုယ်အချိန်ပေးပြီး ရိုက်ရကျိုးလည်းနပ်တာပေါ့။

တကယ်တမ်းကျတော့ ဂျာနယ်ပဲ ဖြစ်နေပါစေ ပုံက ကိုယ့်အတွက် သီးသန့် ရိုက်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဖက်ရှင်ဆိုတာကလည်း နေ့စဉ်နဲ့အမျှ ပြောင်းလဲနေတာဆိုတော့ ကိုယ်ရိုက်ပြီးသား အဆင်သင့်ရှိတဲ့ ပုံတွေသုံးဖို့ ပေးတာကျတော့ ပရိသတ်က ကိုယ့်ကိုမြင်တဲ့အခါ ရိုးအီနေတာမျိုး ဖြစ်တယ်လေ။ နန်းဆုကတော့ အချိန်ရရင် သီးသန့်ရိုက်ပေးဖြစ်တာ များပါတယ်။

MTM
8 Days Journal

4 comments :

  1. Anonymous said... :

    ပေါလိုက်တာကွယ်.... ကြွားတာကလည်းအလွန်ဘဲ.. ခင်ဗျားဖာသာခင်ဗျား ဘာတွေလုပ်လုပ် ဘယ်သူမှ စိတ်မ၀င်စားပါဘူး ကွယ်... ဒဂုံဆိပ်ကမ်း မဲဆွယ်ပွဲကတည်းက စိတ်ဓါတ်လေးတွေသိလိုက် ပါတယ်.... ကိုယ်ဖာသာကို အေးအေးနေပေးပါ.. ကျေးဇူးတင်ပါတယ်....

  1. Anonymous said... :

    ထွားမလား လို့ လာကြည့်တာ။။ လူစဉ်မမီလို့ မိတ်ပဲဆက်သွားတာနေမယ်ပေါ့

  1. Anonymous said... :

    ထိုင်းမှာ ဘာကားရိုက်ဖို့ လာခေါ်တာလဲမသိဘူး . . . . . .ဟိ. . ဟိ

  1. BK ပြောင်ကြီး said... :

    ကိုယ့်ကိုကိုယ်လည်းအထင်တွေစွတ်ကြီးမနေနဲ့အုံး..ဘာကားရိုက်ဖို့မှန်းမသိပဲနဲ့...ဟီးဟီး....

Post a Comment

ပေးထားသည့် မှတ်ချက်များ မကြာမီ တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။

အချို့ ကော်မန့်များမှာ တခုလုံး ကောင်းသော်လည်း၊ မသက်ဆိုင်သူ တဦးတယောက်၏ ပုဂ္ဂိုလ်ရေးရာကို အထောက်အထားမဲ့ ပုတ်ခတ်ခြင်း၊ မသင့်လျော်သော ဆဲဆိုမှု တလုံး တပါဒကြောင့် ဖျက်လိုက်ရပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုနှင် ရိုင်းစိုင်းကြမ်းတမ်းမှု မပါလျှင် မည်သည့် ဝေဖန် အကြံပြု ပြောဆိုချက်ကို မဆို တင်ပေးပါမည်။

ကျေးဇူးတင်ပါသည်။

 
Copyright © 2011 Irrawaddy Publishing Group. All Rights Reserved