လုပ်ခမရတဲ့ မြန်မာများ ဘန်ကောက်ဘုန်းကြီးကျောင်းမှာ သောင်တင်

Wednesday, May 16, 2012


ရွှေတွံတေးဆရာတော်က မြန်မာအလုပ်သမား ၁၅ ဦးကို စောင့်ရှောက်ထား

ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာအလုပ်သမား ၁၅ ဦး သည်

အကျိုးဆောင်ကုမ္ပဏီက ပို့ပေးလိုက်သော အလုပ်ရုံတွင် လုပ်ကိုင်နေခဲ့ကြသော်လည်း သဘော တူညီထားသည့် လုပ်အားခ မရကြသည့်အတွက် ပြောဆိုကြရာမှ ပြဿနာဖြစ်ပြီး

အလုပ်ရှင်က လုပ်ခမရှင်းပေးဘဲ အလုပ်ရုံထဲမှ ချက်ခြင်း မောင်းထုတ်ခဲ့ရာ

မြန်မာသံရုံးသို့ တိုင်ကြားထားစဉ် နေစရာစားစရာ ခက်ခဲနေသည့်အတွက် (ဘန်ကောက်မြို့အနီး သီတင်းသုံးနေသည့်) ရွှေတွံတေးဆရာတော် အရှင်ဝါယမက စောင့်ရှောက်ထားသည်

ထပ်မံဖြည့်စွက်ချက် -

ထိုင်းနိုင်ငံ ချွန်ဘူရီမြို့  Siam Pattern မှန်စက်ရုံမှာ ၁ နေ့ ဘတ် ၂၀၀ နဲ့  ဦးစိုးဝင်း ကုမ္ပဏီက တဆင့် လာလုပ်တာ

လုပ်ခ မပေး၊ ပတ်စပို့ သိမ်းပြီး မတရားလုပ်လို့ ပြဿနာ တက်တာ

၁၄. ၅.၂၀၁၂ နေ့ က သံရုံးတိုင်ပြီး ဆရာတော်ထံ ရောက်လာတာပါ။





1 comments :

  1. Anonymous said... :

    အထက်ပါအကြောင်းအရာ အဖြစ်မှန်ကို သိလိုပါက ၀၈၂၇၇၉၀၇၇၂ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်

Post a Comment

ပေးထားသည့် မှတ်ချက်များ မကြာမီ တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။

အချို့ ကော်မန့်များမှာ တခုလုံး ကောင်းသော်လည်း၊ မသက်ဆိုင်သူ တဦးတယောက်၏ ပုဂ္ဂိုလ်ရေးရာကို အထောက်အထားမဲ့ ပုတ်ခတ်ခြင်း၊ မသင့်လျော်သော ဆဲဆိုမှု တလုံး တပါဒကြောင့် ဖျက်လိုက်ရပါသည်။

တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုနှင် ရိုင်းစိုင်းကြမ်းတမ်းမှု မပါလျှင် မည်သည့် ဝေဖန် အကြံပြု ပြောဆိုချက်ကို မဆို တင်ပေးပါမည်။

ကျေးဇူးတင်ပါသည်။

 
Copyright © 2011 Irrawaddy Publishing Group. All Rights Reserved