ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီ သတင်းဌာနရဲ့ ကိုယ်ပွား တခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ သတင်း အချက် အလက် တွေကို ဧရာဝတီ သတင်းဌာနက တဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေ ပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ် သတင်းတွေကို ပရိသတ် တွေဆီ ပိုမိုပေးနိုင်ဖို့ အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ် လိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်မှာ ဘလော့ဂ်ကို စတင်ပါတယ်။
ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
« »

Wednesday, February 15, 2012

GW လှုပ်ရှားမှုနဲ့ အဆိုတော် ၂ ဦး

လင်းနစ် နဲ့ အောင်လ (ဓာတ်ပုံများ - Generation Wave)

မနေ့တုန်းက GW ခေါ် Generation Wave ရဲ့ လှုပ်ရှားမှုမှာ Reason, Wanted တီးဝိုင်းတို့နဲ့ အဆိုတော် ၂ ဦးကို တွေ့ရပါတယ်။

သူတို့ကတော့ သီချင်းတွေရေး သီချင်းတွေဆိုတဲ့၊ "ရင်ဘတ်ထဲက အိပ်မက်ဟောင်း" စီးရီးနဲ့ ဂီတလောကထဲ ရောက်လာတဲ့၊ "ဒီဇင်ဘာည" သီချင်း နဲ့ ထင်ရှားတဲ့ လင်းနစ်၊

ပြော၊ တောင်းပန်တယ်၊ အချိန်လွန်ငှက် စတဲ့ သီချင်းကောင်းလေးတွေ သီဆိုခဲ့တဲ့ တေးရေးတေးဆို အောင်လတို့ ဖြစ်ပါတယ်။

လင်းနစ် facebook fan page - http://www.facebook.com/pages/Linnith-Vocalist/185087744896539?sk=info

အောင်လ
facebook fan page - http://www.facebook.com/pages/Aung-La-Reason-/104024153015972?sk=info

Reason အဖွဲ့

Wanted အဖွဲ့

Wanted အဖွဲ့

မနေ့က ကန်တော်ကြီး၊ ရွှေတိဂုံဘုရားတို့မှာ ပြုလုပ်ခဲ့တဲ့ GW ရဲ့ "ကျည်ဆံတွေအစား ပန်းများပွင့်စေ ငါတို့ချစ်တဲ့ မြန်မာပြေ" လှုပ်ရှားမှုမှာ ၈၈ မျိုးဆက်တချို့လည်း ပါဝင်ခဲ့ပါတယ်။





၈၈ မျိုးဆက် မမီးမီး နဲ့ ခရီးသည် ၂ ဦး






4 comments:

တစ်ခုလောက်ပြောပါရစေ ...လင်းနစ်ဆိုတဲ့ အဆိုတော်ဟာ ( ဒီဇင်ဘာည ) သီချင်းကို သူကိုယ်တိုင်ရေးတာလား ။ ချင်းတိုင်းရင်းသားလူမျိုးတွေရဲ့ သီချင်းကို ကော်ပီ ယူဆိုတာလား ရှင်းလင်းစွာသိပါရစေ . ( ဒီဇင်ဘာည ) ဆိုတဲ့ သီချင်းသံစဉ်ဟာ ချင်းတိုင်းရင်းသူ တစ်ယောက်သီဆိုထားတာ အတိအကျ ရှိနေပါတယ် ။ ဘယ်သူက ဘယ်သူ့ သီချင်းကို ယူဆိုတာလဲ သေချာရှင်းလင်းစွာ အဖြေထုတ်ပေးစေချင်ပါတယ် ခင်ဗျာ ။ ဒါမှ မဟုတ် ( ဒီဇင်ဘာည ) ဆိုတဲ့ သီချင်းဟာ နဂိုမူလ အစကိုက ကိုယ်ပိုင်သံစဉ် မဟုတ်ဘူးလား ဆိုတာ တိကျသေချာ ဖြေရှင်းပေးပါ ခင်ဗျာ ။ လင်းနစ် ဆိုတဲ့ အဆိုတော်မှာ ဒီကိစ္စကို မြန်မာပြည်ပရိသတ် ရှင်းလင်းသေချာစွာ ဖြေကြားပေးပါရန် တောင်းဆိုလိုက်ပါရစေ ။ ဖေ့စ်ဘွတ်ခ် ပေါ်မှ လည်း ဒီသီချင်းကိစ္စ အမှန်တရားပေါ်ပေါက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါသည် ။ ကိုယ်ပိုင်သံစဉ် သီချင်းချစ်သူတစ်ဦး ...........

လှုပ်ရှားမှုတွေက များလွန်းလာတော့ အရေးပါတဲ့နေရာတွေမှာ စိတ်ဝင်စားမှု လျှော့ကျစေတာပေါ့ဗျာ။

December night song is copy from Chinese song.

ဒီဇင်ညသချင်းက မုရင်းကကိုရီးယားသချင်းလို့ထင်ပါတယ် ကျွန်တော်လည်းး အစကတော့မသိပါဘူး တရက် အပြင်သွားရင်းနားထောင်မိလို့ သံစဉ်ကိုနားထောင်တော့လည်းကိုရီးယားသံစဉ်ဖြစ်နေတာကြောင့် ကိုရီးယားသချင်းလို့ထင်မိပါတယ် တိတိကျကျသိခြင်းမဟုတ်ပါခင်ဗျာ ကိုယ်သိတာလေးဝင်ဖြေကြည့်ခြင်းပါ