ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီ သတင်းဌာနရဲ့ ကိုယ်ပွား တခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ သတင်း အချက် အလက် တွေကို ဧရာဝတီ သတင်းဌာနက တဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေ ပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ် သတင်းတွေကို ပရိသတ် တွေဆီ ပိုမိုပေးနိုင်ဖို့ အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ် လိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်မှာ ဘလော့ဂ်ကို စတင်ပါတယ်။
ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
« »

Tuesday, February 7, 2012

ဒီညပေးမယ့် အကယ်ဒမီ






မြန်မာ့အလင်း သတင်းစာအာဘော်မှာ ဒီနေ့ည ကျင်းပမယ့် ပွဲမှာ အကယ်ဒမီရနိုင်တဲ့ ဇာတ်ကားအမည်တွေကို အရိပ်အမြွက် ပေးထားတယ်။ အစိုးရသတင်းစာက ပေးတာဆိုတော့ လျှော့မတွက်သင့်ပါဘူး။ အဲဒီထဲမှာ ဒါရိုက်ဝိုင်းရဲ့ အာဒံရယ် ဧဝရယ် ဒဿရယ် ဇာတ်ကား နာမည်လည်း ပါပါတယ်။

ဒါပေမယ့် မနေ့ကတော့ ဒရိုက်တာဝိုင်းက ဒီပွဲကို သူမတက်ဘူး၊ ဆန်တွေ ဆီတွေ ပေးသလို အလှည့်ကျ လုပ်ပေးနေတဲ့ ပွဲလို့ ပြင်းပြင်းထန်ထန် ဝေဖန်တဲ့မှတ်ချက် ဧရာဝတီကို ပေးထားပါတယ်။

“ကျနော် သရုပ်ဆောင် ဘ၀ကတည်းက နှစ်တော်တော်များများ အကယ်ဒမီပေးပွဲကို မတက်ဘူး။ အယုံအကြည်လည်း မရှိဘူး။ ဘာလို့လဲဆိုတော့ ဟိုလူနဲ့သိရင် ပေးလိုက်တာပဲ၊ ဒီလူနဲ့သိရင် ပေးလိုက်တာပဲ။ အဲဒီလိုမျိုးတွေပဲ မြန်မာ့ ရုပ်ရှင်လောကမှာ အုပ်စိုးနေတော့ နည်းနည်းတော့ ရွံစရာကောင်းလာတယ်။ အကယ်ဒမီဆိုတာကို ဆီတွေ ဆန်တွေလို ခွဲတမ်းချပြီးပေးနေတာကိုလည်း သိပ်ဘ၀င်မကျဘူး။ တကယ့်တကယ့်မှာ တန်ဖိုးဆိုတဲ့အရာကို မေးခွန်းထုတ်စရာရှိပါတယ်” လို့ ဒါရိုက်တာ ၀ိုင်းက ဧရာဝတီကို ပြောပါတယ်။ (အပြည့်အစုံကို ဒီနေရာမှာ ဖတ်ပါ)

ဒီနှစ်ပြပွဲစီစဉ်တဲ့ ကုမ္ပဏီတွေလည်း အားအတော် တောင့်ပါတယ်။ အစိုးရသတင်းစာမှာတော့ အကယ်ဒမီပေးပွဲကို “ထူးခြားစွာ တင်ဆက်သွားမည်” လို့ တခမ်းတနား ဆိုထားပါတယ်။



4 comments:

အမှန်တရား ဆိတ်သုဉ်းနေသမျှ ကာလပတ်လုံး၊ ရက်စက်ယူတ်မာသူတွေ ပေးသော အရာမှန်သမျှကို လက်ခံခြင်းဖြင့် မိမိ ရှိပြီးသားဂုဏ်တွေတောင် နိမ့်ကျသွားပါမယ်။

ဘယ်သူတွေရမလဲမသိဘူး ။ရင်ခုန်လိုက်တာ။ ဘယ်သူရ ရ ၀မ်းသာရမှာပါဘဲ။

ငါတော့ရတာသေချာသွားပြီး..ဘာလို့လဲဆိုတော့..ဟောကိန်းကအဲသလိုထွက်လို့လေ.

မြန်မာ့ရုပ်ရှင်လောက ကတော့ အတော့်ကို ချာတူးလန်နေရှာပြီ၊ မင်းသမီးမင်းသား စူပါဆိုသူတွေက ခေါင်ခိုက်အောင်တောင်းတဲ့ ဈေး၊ တနေ့ ၃ - ၄ ကားလှည့်ပတ်ရိုက်နေတဲ့ အရည်အသွေးနိမ့် အိုင်တင် ဖိုက်တင်များ etc.. etc..