ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီ သတင်းဌာနရဲ့ ကိုယ်ပွား တခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ သတင်း အချက် အလက် တွေကို ဧရာဝတီ သတင်းဌာနက တဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေ ပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ် သတင်းတွေကို ပရိသတ် တွေဆီ ပိုမိုပေးနိုင်ဖို့ အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ် လိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်မှာ ဘလော့ဂ်ကို စတင်ပါတယ်။
ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
« »

Monday, February 20, 2012

ရန်ကုန်ရောက် အဖိဆစ်


နိုင်ငံတကာ အထင်ကရများ ရန်ကုန်မြို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို သွားရောက် တွေ့ဆုံ၊ စကားပြောနေကြတာ ဒီတခေါက် ရောက်သွားသူကတော့ ထိုင်းဝန်ကြီးချုပ်ဟောင်း ဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲက သူ ၀န်ကြီးချုပ်တာဝန် ထမ်းဆောင်တုန်းကတည်းက စီစဉ်ထားတာပါ တဲ့။ ဟုတ်မဟုတ်တော့ မသိပါဘူး။ http://thailand-business-news.com/ မှာ သူအဲဒီလိုပြောကြောင်း ကိုးကား ရေးထားပါတယ်။

စနေနေ့က သတင်းထောက်တွေနဲ့ တွေ့နေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ အတိုက်အခံခေါင်းဆောင် အဖိဆစ် ဝေ့ချာချီဝ တို့အဖွဲ့ (ဓာတ်ပုံများ - ဧရာဝတီ)


“ဒီကိုလာတာက ဒီနိုင်ငံရဲ့ အနာဂတ်အတွက် အလွန် အရေးကြီးတဲ့၊ ဒေသတွင်းနိုင်ငံတွေ အတွက် အလွန် အရေးကြီးတဲ့ မြန်မာ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံဖို့ပါ” လို့ အဖိဆစ်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ “အန်တီတို့နဲ့ ထိုင်းနဲ့ ဒီမိုကရေစီခရီးကို လျှောက်တဲ့အခါမှာ ဘယ်လို အတွေ့အကြုံတွေရှိလဲ။ အတွေ့အကြုံတွေဖလှယ်တာပေါ့။ အတွေ့အကြုံတွေဖလှယ်တယ်ဆိုတော့လည်း ဒီဟာတွေပြန်စဉ်းစားလို့ရှိရင်လည်း အကြံဥာဏ်တွေ နောက်ထွက်လာမှာပေါ့” လို့ သတင်းထောက်တွေကို ပြောပါတယ်။

2 comments:

လာပြန်ပြီ တယောက်၊ ရှေ့ဆုံးတန်းက ရ,အောင် နေရာဝင်ဦးနေပြီ။ ပြီးမှ သူ့ရှေ့ကဆရာကြီးတွေလို " မှောင်ခို" ပြန်ထုတ်မဲ့ ပုံစံပဲ။

ရှေ့ ဆုံးမှာလာပြီးတော့ဘာလုပ်ဖို့ ကြံတာလဲမသိဘူးနော် သူတို့ အစိုးရဖြစ်တုန်းကမလာဘဲနဲ့ ခုမှလာတာဘယ်လိုရည်ရွယ်ချက်နဲ့ လဲဗျာ