ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီ သတင်းဌာနရဲ့ ကိုယ်ပွား တခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ သတင်း အချက် အလက် တွေကို ဧရာဝတီ သတင်းဌာနက တဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေ ပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ် သတင်းတွေကို ပရိသတ် တွေဆီ ပိုမိုပေးနိုင်ဖို့ အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ် လိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်မှာ ဘလော့ဂ်ကို စတင်ပါတယ်။
ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
« »

Sunday, February 12, 2012

သံဃာ့အရေးတွေ ဆုံးဖြတ်တဲ့အခါ ဘက်မလိုက်ဖို့ ပန်ကြားလွှာ

နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးတွေထံကို အရှင်ဂမ္ဘီရက လျှောက်ထား ပန်ကြားတဲ့ စာပါ။


7 comments:

တိကျမှန်ကန်ပြီး အမှန်တကယ် လျှောက်ထားသင့်တဲ့စာဖြစ်ပါသည်။ ဒီစာကို ဖတ်ကြည့်လိုက်တာနဲ့ အရှင်ဂမ္ဘီရဟာ သံဃာ့တော်လှန်ရေးကြီးကို ဦးဆောင်နိင်သော အရည်အချင်းရှိသော သံဃာတစ်ပါးဆို သံသယကင်းသွားပါပြီဘုရား။

အိပ်ခြင်ဟန်ဆောင်နေတဲ့သူကိုအနှိုးရခက်တယ်တဲ့။ ဘယ်ဟာကတရား၊ဘယ်ဟာကမတရား
ဆိုတာလူတိုင်းသိသလိုသံဃမဟာနာယကတွေလဲသိမှာပါ။ အိပ်ခြင်ဟန်ဆောင်နေတာကတော့သူတို့ကိုယ်နှိုက်ကဟန်ဆောင်ခြင်လို့လား၊အိပ်ဆေးဘဲမိ
နေလို့လားဆိုတာသူတို့အသိဆုံးနေမှာပါ။ ဘာဘဲဖြစ်ဖြစ်အိပ်ခြင်ဟန်ဆောင်နေတဲ့ သူတွေကို
တိုင်းသိပြည်သိပြောခွင့်ရအောင်ကြံဆောင်ကြိုးစားခဲ့တဲ့အရှင်ဂမ္ဘီရကိုတော့ချီးမွမ်းမိပါတယ်။

ဒီလျှောက်ထားလွှာကို ကွန်ပျူတာနဲ့ ရိုက်နှိပ်ပြီး တစ်နိုင်ငံလုံးသံဃာထုသို့ ဖြန့်ဝေပြီး ဆန္ဒသဘောထား ခံယူသင့်ပါသည်။သတ္တိရှိရှိ လျှောက်ထားရဲသော အရှင်ဂမ္ဘီရ သာသနာတော်ကို ချစ်မြတ်နိုးစိတ်ကိုလည်း ဘုရားသားတော်တစ်ပါး အနေနဲ့ ဂုဏ်ယူပါသည်ဘုရား။

ကိုယ့် ဖခမည်းတော်ထက် အသက်သိက္ခာဂုဏ်အားဖြင့် ကြီးမြတ်တဲ့ မဟာထေရ်ဆရာတော်ကြီးတွေကိုမှ တိုက်ရဲခိုက်ရဲတဲ့ သူရဲကောင်း ဦးဂမ္ဘီရရေ-
ဦးဂမ္ဘီရတို့ ဖွဲ့ထားတဲ့ သံဃာ့တပ်ပေါင်းစုကြီးဆိုတာက ဘယ်နှစ်ပါးနဲ့ ဖွဲ့ထားတာလဲ။ အဖွဲ့ဝင် အင်အားရော အခု ဘယ်လောက်ရှိသေးလဲ။
အဲဒီအဖွဲ့ထဲမှာ စာတတ်ပေတတ် ၀ိနည်းကျင့်ဝတ်နဲ့ အညီ ကျင့်ကြံနေထိုင်တဲ့ ဆရာတော်ကြီး ဆရာတော်လေးတွေ ဘယ်နှစ်ပါးလောက်များပါဝင်ပါသလဲ။
ရွှေဝါရောင်တုန်းကတော့ ဦးဂမ္ဘီရကို ရာနှုန်းပြည့်ထောက်ခံအားပေးခဲ့ပါတယ်။ အခုတော့ ဘာအနှစ်မှ မရှိတဲ့ ကြက်ဆူပင် ဆိုတာ ကောင်းကောင်းသိလိုက်ပါပြီ။

ဆရာတော်ကြီးတွေကို လျှောက်ထားတဲ့စာထဲမှာ လူအခွင့်အရေးနဲ့ မညီညွတ်ဘူး-ဆိုတဲ့ အသုံးအနှုန်းကို ကြည့်လိုက်တာနဲ့တင် ဒီကိုယ်တော် သာသနာအကြောင်း ဘာမှ လေ့လာထားတာ မရှိဘူးဆိုတာ ရဲရဲကြီး ဆုံးဖြတ်နိုင်ပြီ။
ဘယ်နှယ့်ဗျာ၊ အစကတည်းက ရဟန်းပါဆိုမှ ရဟန်းဝိနည်းအတိုင်း ဖြစ်ရမှာပေါ့။ လူ့ စံချိန်ကို အမီလိုက်ပြီး လူအခွင့်အခွင့်အရေးတွေ အပြည့်အ၀ ရချင်နေရင် ဘာဖြစ်လို့ ရဟန်းပြုနေသေးလဲ။ လူထွက်လိုက်ရုံ ရှိတာပေါ့။

ရဟန်းဆိုတော့ရဟန်းပေါ့ ရဟနာမှမဟုတ်တာ။ပုထုဇင်ဘဲအရှင်ဂမ္ဘီရဟာ သံဃာ့တော်လှန်ရေးကြီးကို ဦးဆောင်နိင်သောပြည်သူတွေအတွက်အားကိုးရသော အရည်အချင်းရှိသော သံဃာတစ်ပါးဆိုတာ ယုံကြည်ပါတယ်ဘုရား။

ရဟန်းပါဆိုမှ ရဟန်းဝိနည်းအတိုင်း ဖြစ်ရမှာပေါ့။ လူလို လူအခွင့်အခွင့်အရေးတွေ အပြည့်အ၀ ရချင်နေရင် လူထွက်လိုက်ပေါ့။