ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
Tuesday, December 06, 2011
Sithu Linn
~

ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ရောက် ဦးသန်းလွင်ထွန်း (အဖြူရောင် ဘောင်းဘီရှည်နှင့်)
VOA အသံလွှင့်ဌာန (မြန်မာပိုင်း) ဌာနမှူး ဦးသန်းလွင်ထွန်း မြန်မာနိုင်ငံမှာ ရောက်ရှိနေတယ် လို့ လူရွှင်တော်ဇာဂနာရဲ့ Facebook ဓာတ်ပုံတပုံကို ကိုးကားပြီး မိုးမခမှာ ဖော်ပြထားပါတယ်။
"ဦးသန်းလွင်ထွန်း မြန်မာပြည်မှာ ၂ ပတ်နေမယ်၊ အလုပ်ကိစ္စသွားတာပါ" လို့
VOA ၀ိုင်းတော်သားတဦးက ဧရာဝတီကို ပြောပါတယ်။
စာနယ်ဇင်းသမားတွေကို ပြည်ဝင်ခွင့် အထူး တားမြစ်ခဲ့တဲ့ မြန်မာနိုင်ငံက အခုတော့ ဗျူဟာ ပြောင်းလာပါပြီ။
ဗီဇာလျှောက်ကြတဲ့ ပြည်ပအခြေစိုက် သတင်းသမား အတော်များများကို မီးစိမ်းပြနေတာပါပဲ။
သတင်းသမားတွေကို သူတို့ရဲ့ ရန်သူမျိုးငါးပါးစာရင်းထဲ မထည့်တော့ဘူးထင်ပါရဲ့။
ကောင်းလေစွ။
~
0 comments:
Post a Comment