..

ယမန့်နေည (၃.၁၁.၁၁) တွင် တွံတေး မြိုနယ် NLD လူငယ် အစည်းအဝေး အတွက် တွံတေး NLD လူငယ်များဖြစ်သော ကိုကျော်မိုးနိုင် နှင့် ကိုအောင်ကျော်ဇော တို့ အစည်းအဝေး လိုက်လံ ဖိတ်ကြားပြီး အပြန် ည ၁၀ နာရီခန့်တွင် -
တွံတေးမြိုနယ်မှ စွမ်းအားရှင် တဖြစ်လဲ ဆယ်အိမ်ခေါင်းများ ဖြစ်ကြသော ကျော်တင့် နှင့် ၀င်းနိုင်တို့ ပါဝင် သော အဖွဲ့က လမ်းမှ စောင့်ဆိုင်း ၀ိုင်းဝန်း ရိုက်နက် ခဲ့ကြ သည်။
ကိုကျော်မိုးနိုင်မှာ ခေါင်းကွဲပြီ နုတ်ခမ်း နှင့် ကျောကုန်းတွင် ရိုက်နှက်ခံရသော ဒဏ်ရာများရရှိခဲ့ ၍ တွံတေးမြိုနယ် ပြည်သူဆေးရုံကြီးတို ညတွင်းချင်း တင်ပိုခဲ့ရသည်။ ကိုအောင်ကျော်ဇောက ဖူးယောင်ပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့ပါသည်။
ထိုဖြစ်စဉ် နှင့် ပတ်သက်၍ တွံတေးမြို့နယ် NLD လူငယ်တာဝန်ခံက ကျော်တင့် နှင့် ၀င်းနိုင်တိုအား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၅ အရ တွံတေးမြို့နယ် ရဲစခန်းတွင် အမှု ဖွင့်ထားသည်။
အာဏာပိုင်များက ယခုအချိန်ထိ အရေးယူဆောင်ရွက်ခြင်း မရှိသေးကြောင်း သိရှိရပါသည်။
ယခုညနေပိုင်းတွင်အဆိုပါစွမ်းအားရှင်များက NLD လူငယ်နှစ်ဦးအား လူငှား သတ်ပစ်မည်ဟု ထပ်မံခြိမ်းခြောက်ပြန်သဖြင့် ရဲစခန်းသို့ တိုင်တန်းထားပါသည်။
.
.




10 comments:
very good!!!!
မင်းမဲ့ စရိုက်၊ မင်းမဲ့စရိုက်။ ကြံ့ဖွတ်စရိုက်၊ ကျော်ဆန်းစရိုက်။ ဝဏဏမောင်လွင် စရိုက်။ အာဏာရှင် စရိုက်။ စွမ်းအားရှင် စရိုက်။ လူမိုက်အားကိုး စရိုက်။ နေပြည်တော်စရိုက်။
စွမ်းအားရှင်တွေ မျိုးမပြုန်းသေးဘူးလား . . . ဒင်းတို့ ခေတ်ကုန်လို့  ရမ်းနေတာဖြစ်ပါလိမ့်မယ် . . ဒါမှမဟုတ် . ငတ်နေလို့ ပဲ လုပ်စားနေတာလား . အစကတည်းက စွမ်းအားရှင်ဆိုတာတွေက အလုပ်လက်မဲ့ ပညာမဲ့ တွေကို ငွေပေးခိုင်းထားတာပဲလေ . . စဉ်းစားဉာဏ်တော့နည်းတာပေါ့ . . ဒါကြောင့်လဲ ခိုင်းလို့ ရတာလေ အခု ဘယ်သူက ငွေပေးခိုင်းနေတာလဲ . . . အင်း . . .အစိုးရသစ်လက်ထက်မှာ ဒင်းတို့ ဒုက္ခတော့ များတော့မယ် . . .
စစ်တပ်အားကိုး ပုဆိန်ရိုး-စွမ်းအားမဲ့ စွမ်းအားရှင်များ-ဒါဟာ စစ်အာဏာရှင်တွေ ပေးထားခဲ့တဲ့ အမွေဆိုးတစ်ရပ်ပါ
မင်းတို့ကလည်း တစ်ဖက်သတ်အမြင်နဲ့ကြီးပဲပြောမနေနဲ့
ဆယ်အိမ်ခေါင်း ကော အန်အယ်လ်ဒီပါတီဝင်ရောက ဘာတွေမဟုတ်တာလုပ်ထားကြလဲမှမသိတာ ၂ ကောင်စလုံးက ဆရာကြီးတွေစတိုင်လုပ်နေကြလို့နေမှာပေါ့ ... မြန်မာပြည်ကရပ်ကွက်တွေထဲမှာ ဟိုးအင်္ဂလိပ်ခေတ်ကတည်းက ဆရာကြီးတွေတစ်ယောက်နဲ့တစ်ယောက်ဦးချိုးတဲ့အကျင့် ရှိတယ်လေကွာ
ဖြစ်နိုင်မဖြစ်နိုင်တော့အရင်စဉ်းစားကြပေါ့ဗျာ .. အားလုံး ဦးနှောက်ရှိကြပါတယ် .. အတွေးမခေါင်ပါနဲ့.
စွမ်းအားရှင်ျတဲ့...ဟားဟားဟား...ကြည့်လည်းရေးပါဦးဧရာဝတီရယ်....စွမ်းအားရှင်မရှိတော့တာဘယ်လောက်ကြာနေပြီလဲ...။ထစ်ကနဲရှိ...ဇာတ်နာမယ့်အကွက်မျိုးတွေဘဲစွတ်တင်နေတာမြင်ရတော့.... ရေရှည်အတွက် Donar တွေစီက အရင်လောက် လက်ဖြန့်တောင်းလို့ အခြေအနေ မကောင်းဘူးနဲ့တူတယ်.။
မြို.နယ်အဆင်.တွေ အ၇ိုက်ခံ၇မှာပေါ.။ နောက်ဆို၇် လွတ်တော်ထဲမျာ သိန်းစိန်တို.ေ၇ွမန်းတို.က nld ခေါင်းဆောင်ကြီးတွေကို ၇ိုက်တာ ခံ၇ဦးမှာဗျ။
Do not forget them. They're still exist.
NLD..အဖွဲ့ဝင်တွေဟာ
စစ်အာဏာရှင်လက်ထက်ကတည်းကအရာရာ
သတိနဲ့အပြစ်ရှာလို့မရအောင်နေထိုင်လုပ်ကိုင်နေကြတာ
လူတိုင်းသိတယ်...စစ်အစိုးရရဲ့အကြောင်းပြချက်အမျိုး
မျိုးနဲ့အရေးယူမှုကိုအထူးသတိထားနေတာကြောင့်..
အပြစ်တော့မလုပ်ထားလောက်ပါဘူး..
ဘာပဲဖြစ်ဖြစ်ဒီမိုကရေစီဆို...မင်းမဲ့စရိုက်လုပ်လို့ရမလား..နိုင်ငံတော်ကလူဆိုရင်လည်းဥပဒေဆိုတာသိရမယ်..
NLDကဆိုရင်လည်းဥပဒေသိရမယ်..
ခုလိုအဖြစ်ပျက်ကမင်းမဲ့စရိုက်လိုမို့..
အရေးယူသင့်တယ်.....
လမ်းဘေးစရိုက်တွေကိုဖျောက်သင့်ပါပြီ..
ဒါဟာမြန်မာပြည်သားတိုင်းထားသင့်တဲ့အမျိုးသားစိတ်ဓါတ်ရေးရာပြုပြင်ကြပါလို့ပြောချင်တယ်..
commom..တွေကိုလည်းရေးတဲ့အခါ
ထိရောက်တဲ့အကြံဥာဏ်တွေပေးတာကပိုအကျိုးရှိမယ်လို့ယူဆပါတယ်...
မြန်မာပြည်သားအချင်းချင်းဆဲဆိုနေကြတာကလည်း
အရမ်းကိုအကျည်းတန်နေတာမို့..မသင့်လျော်ဘူးလို့ထင်တယ်..
ဗမာလူမျိုးတွေယဉ်ကျေးမှုရှိကြပါတယ်..
အတိတ်ကိုအတိတ်မှာပဲထားခဲ့ကပြီး..
လက်ရှိကိုအကောင်းဆုံးဖြစ်စေချင်မိတယ်..
လူမဆန်လို့လိုက်ပြီးလူမဆန်ရင်..ကိုယ်လည်းသူတို့လို
အတန်းစားထဲရောက်သွားမယ်..အဖြူကိုထပ်ပြီးအမဲမဖြစ်စေချင်ပါဘူး...
ဒီလိုအသိပေးတာဘယ်သူဘယ်ဝါဆိုတာကိုတဖက်သတ်ပြောခြင်းမဟုတ်ပါ။
မြန်မာပြည်သားတွေအမြန်ဆုံးအလင်းရောင်အနာဂတ်ကိုရောက်စေချင်တဲ့ဆန္ဒမှန်မို့ပါ။
ကျမတို့မြန်မာပြည်သားတွေနှစ်များစွာအနာဂတ်တွေပျောက်ခဲ့ပြီမို့...လူဖြစ်ကျိုးနပ်ချင်ပြီ..
အချိန်မရှိတော့ဘူး..
Post a Comment