ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီ သတင်းဌာနရဲ့ ကိုယ်ပွား တခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ သတင်း အချက် အလက် တွေကို ဧရာဝတီ သတင်းဌာနက တဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေ ပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ် သတင်းတွေကို ပရိသတ် တွေဆီ ပိုမိုပေးနိုင်ဖို့ အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ် လိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်မှာ ဘလော့ဂ်ကို စတင်ပါတယ်။
ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
« »

Sunday, December 4, 2011

မြ၀တီ-မဲဆောက်တံတား ပြန်ဖွင့်မယ်

~





ပြီးခဲ့တဲ့လ ၃ ရက်နေ့က နေရပ်ပြန်တဲ့ မြန်မာပြည်သား အလုပ်သမားတွေကို မြ၀တီ မဲဆောက် တံတားပေါ်မှာ အခုလို တွေ့ရပါတယ် (ဓာတ်ပုံ - ဧရာဝတီ)

မြ၀တီ မဲဆောက် တံတားကို မနက်ဖြန် ဒီဇင်ဘာ ၅ ရက်နေ့မှာ ပြန်ဖွင့်တော့မယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

တနှစ်ကျော်ကြာ ပိတ်ထားတဲ့၊ ကူးသန်းရောင်းဝယ်ရေးအတွက် အင်မတန် အရေးပါတဲ့ တံတားကြီး ပြန်အသက်ဝင်တော့မှာ ဖြစ်လို့ ၂ နိုင်ငံကုန်သွယ်မှုအတွက် အများကြီး အထောက်အကူပြု၊ ဒေသခံပြည်သူများ သွားရေးလာရေး ပိုအဆင်ပြေတော့မှာဖြစ်လို့ မနက်ဖြန်ဟာ မင်္ဂလာရှိတဲ့နေ့ပါပဲ။

မနက်ဖြန်မှာ ရန်ကုန်က နာမည်ကျော် အဆိုတော်များလည်း မဲဆောက်ရောက်လာမယ်၊ မြန်မာပြည်သား ပရိသတ်အတွက် စင်မြင့်ဖျော်ဖြေပွဲရှိတယ်လို့ သိရပါတယ်။

တံတားကြီးကို မြန်မာအစိုးရက ပိတ်ထားခဲ့တာပါ။ ဟိုတုန်းကလည်း ပိတ်လိုက်ဖွင့်လိုက် လုပ်ဆောင်ခဲ့ပါသေးတယ်။

ထိုင်းမှာ ရေကြီးလို့ ပြည်တော်ပြန်တဲ့ မြန်မာအလုပ်သမားတွေ ဖြတ်သန်းဖို့ ဒီတံတားကို ပြီးခဲ့တဲ့လက အသုံးပြုခဲ့ပါတယ်။

တံတား ယာယီပိတ်ရခြင်း အကြောင်းရင်းကို စက်တင်ဘာ လကုန်ပိုင်း မြန်မာသတင်းစာတစောင်မှာ ဖော်ပြထားတာကို အခုလို ဖတ်ရမှာပါ။






~

0 comments: