ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီ သတင်းဌာနရဲ့ ကိုယ်ပွား တခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ သတင်း အချက် အလက် တွေကို ဧရာဝတီ သတင်းဌာနက တဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေ ပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ် သတင်းတွေကို ပရိသတ် တွေဆီ ပိုမိုပေးနိုင်ဖို့ အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ် လိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်မှာ ဘလော့ဂ်ကို စတင်ပါတယ်။
ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
« »

Monday, November 7, 2011

ရေဘေးဒဏ်အတွက် ရန်ကုန်တွင် ကြိုတင်ပြင်ဆင်

.






ရန်ကုန်မြို့တော်အား ရေအောက်ရောက် ဘန်ကောက်ကဲ့သို့ ဖြစ်မည်ကို စိုးရိမ်သဖြင့် ကြိုတင်ကာကွယ်မှုများ ၂၄/၇ လုပ်ကိုင်လျက်ရှိသည်

သောက်သုံးရေဖူလုံရေးအဆိုတခု လွှတ်တော်တွင် မကြာသေးခင်က ပေါ်ပေါက်လာရာ အစိုးရိမ်ကြီးသူများက ကန့်ကွက်မဲ ၀ိုင်းဝန်းပေးလိုက်ကြကြောင်း Messenger ဂျာနယ်တွင် အထက်ပါအတိုင်း ဖော်ပြထားသည်

ရေကို ချွေတာပြီး သောက်ကြပါ၊ ရေအစား ဘီယာနဲ့ဝိုင်ကို သောက်ပါ ဟု ကန့်ကွက်မဲပေးလိုက်သူ အမတ်တဦးက သတင်းထောက်များကို ပြောသည်

ဘီအီး၊ ၀ီစကီကဲ့သို့သော ယစ်ရွှေရည်ကို ရှောင်ရှားသင့်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ထိုယမကာများကိုသုံးဆောင်ပါက ရေရောရသဖြင့် ရေဖြုန်းတီးရာရောက်ကြောင်း သူက ပြောသည်

ဘီယာနဲ့ဝိုင် အဖြူ ၀ိုင်အနီတွေဟာ ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်ဟု သူက သုတေသနစာတမ်း ၅ စောင်ကို ကိုင်ပြီး အခိုင်အမာ ပြောပြသည်

ယနေ့ည ဒင်နာအတွက် ဘီယာ တဖာ ၀ယ်ထားသည်ဟု ဆိုသည်

"ရန်ကုန်ကို ဘန်ကောက်လိုတော့ အဖြစ်မခံဘူး၊ ရှိတဲ့ရေတွေ ကုန်အောင် ထုတ်ထားရမယ်။ ဒါကြောင့် လွှတ်တော်ထဲ ရေကိစ္စကို ကန့်ကွက်မဲ ၀ိုင်းပေးလိုက်ကြတာ" ဟု ဘီယာအသောက်များသဖြင့် ဗိုက်ပူနေသည့် အမတ်တဦးက ဧရာဝတီကို ပြောသည်

ထိုင်းမှာ ကြိုတင်ပြင်ဆင်မှု မရှိလို့ အခု ရေကြီးနေပြီ၊ လူသေတာ ငါးရာကျော်သွားပြီ ဟု
ဘီယာကြိုက်စပြုလာသော အမတ်တဦးက ဘန်ကောက်မှလာသော သတင်းများကို ကိုးကားပြီး ပြောပြသည်

ရန်ကုန်တွင် သောက်သုံးရေ ပိတ်ပင်ရေးအတွက် အဆိုတင်သွင်းရန် ပြင်ဆင်မည်ဟု သူက ရှင်းပြသည်

ထောက်ခံမဲ တရာကျော် ရရှိရန် မိုးကျရွှေကိုယ်အမတ်များ နှင့် ကြိုတင်မဲအမတ်များကို ဘီယာတိုက် စည်းရုံးထားပြီးဖြစ်သည်ဟု ဆိုသည်

သို့မှသာ မြို့တော်ရန်ကုန်အနာဂတ်ရေဘေး စိတ်အေးရမည်ဟု သူက ဖြည့်စွက်ပြောကြားသည်




.

4 comments:

ဟုတ်ကောဟုတ်ရဲ့လားဗျာ။လွတ်တော်ထဲမှာအရည်မရ အဖတ်မရ၊ဘာတွေရှောက်ပြောနေကြတာလဲ။

အင်း--- သရော်စာပါဆိုမှပဲ ဟာပဲ ဟာပဲနော်။ ဘလော့ဂ်ကလည်း သီးခြားအကန့် လေးတွေခွဲပြီး၊ တင်ပေးမှဖြစ်တော့မယ်ထင်တယ်။ သတင်းသပ်သပ်၊ အတင်းသပ်သပ်၊ သရော်စာသပ်သပ် စသဖြင့်ပေါ့နော်။ အဲဒါမှပဲ မသိလို့ ပြောမိတာတွေမျိုး မရှိနိုင်တော့ဘူးပေါ့နော် နော် လို့ ။

သတင်းနဲ့ သရော်စာသီးသန့်ခွဲရေးပေးပါ