ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီ သတင်းဌာနရဲ့ ကိုယ်ပွား တခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ သတင်း အချက် အလက် တွေကို ဧရာဝတီ သတင်းဌာနက တဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေ ပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ် သတင်းတွေကို ပရိသတ် တွေဆီ ပိုမိုပေးနိုင်ဖို့ အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ် လိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်မှာ ဘလော့ဂ်ကို စတင်ပါတယ်။
ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
« »

Monday, November 7, 2011

သီးလေးသီးနဲ့ မဲဆောက်တန်ဆောင်တိုင်

.




ဓာတ်ပုံများ - ဧရာဝတီ

ဒီလထဲမှာပြည်တော်ပြန်တော့မယ့် သီးလေးသီးလက်ကျန်အဖွဲ့ဝင်တွေဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က မြို့နယ် အားကစားကွင်းမှာ မနေ့ညက နှုတ်ဆက်ပွဲအနေနဲ့ အ ခမဲ့ ကပြဖျော်ဖြေခဲ့ပါတယ်

ဒီပွဲကို မဲဆောက်မှာရှိတဲ့မြန်မာပြည်သား အလုပ်သမားတွေ ထောင်နဲ့ချီ ပြီး လာရောက် အားပေးခဲ့ကြပါတယ်

မဲဆောက်မြို့မြူနီစပယ်အဖွဲ့က ဒီလ ၁ ရက်နေ့ကစပြီး ၁၀ ရက်နေ့ (တန်ဆောင်မုန်းလပြည့်နေ့)အထိ ထိုင်းရိုးရာမီးမျှောပွဲ (လွိုင်းကထုံး) အထိမ်းအမှတ် အနေ နဲ့ကျင်းပနေတဲ့ပွဲ ဖြစ်ပါတယ်။

ဒီပွဲမှာ မူလ အစီအစဉ်
အရ မြန်မာနိုင်ငံကနံမည်ရ အဆိုတော်တွေဖြစ်တဲ့ ချမ်းချမ်း၊ ဗညားဟန်နဲ့ ပိုင်သက်ကျော်တို့ လာရောက် သီဆိုမယ်လို့ လနဲ့ချီပြီး ကြိုတင်ကြေညာ ထားပါတယ်။

ဒါပေမဲ့ ဒီအဆိုတော်တွေ ပေါ်မလာပါဘူး

နဂိုကတည်းက လာဖို့ အစီအစဉ် မရှိတာလည်း ဖြစ်နိုင်သလို

လာဖို့ပြင်ဆင်ပြီး အစီအစဉ်ပျက်တာလည်း ဖြစ်နိုင်ပါတယ်

မနေ့ညကပွဲကို သီးလေးသီး ၀ိုင်းတော်သားများ ရောက်လာပါတယ်





ပွဲတော် နောက်ဆုံးနေ့မှာလည်း မြန်မာပြည်က သရုပ်ဆောင်နဲ့ အဆိုတော် ၀ိုင်းစုခိုင်သိန်း လာမယ် ဆိုပြီးတော့ မဲဆောက်မှာ ကြေညာထားပါတယ်

ဝိုင်းစုခိုင်သိန်း လာပါ့မလားလို့ သံသယ ရှိတယ် လို့ မြန်မာအလုပ်သမားတွေက ပြောကြပါတယ်

သူ့နာမည်သုံးပြီး ကြော်ငြာထားတာကို ၀ိုင်းစုခိုင်သိန်းကိုယ်တိုင် သိပါ့မလား??




.

0 comments: