ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီ သတင်းဌာနရဲ့ ကိုယ်ပွား တခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ သတင်း အချက် အလက် တွေကို ဧရာဝတီ သတင်းဌာနက တဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေ ပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ် သတင်းတွေကို ပရိသတ် တွေဆီ ပိုမိုပေးနိုင်ဖို့ အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ် လိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်မှာ ဘလော့ဂ်ကို စတင်ပါတယ်။
ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
« »

Tuesday, September 6, 2011

KIA ခေါင်းဆောင် ဒဏ်ရာရဟု မြန်မာ့အလင်း ရေးသား

.




အစည်းအဝေးမှာ ပစ်ခတ်မှု ဖြစ်လို့ KIA ခေါင်းဆောင်တယောက် ဒဏ်ရာရတယ်လို့ ဒီနေ့ သတင်းစာမှာ ရေးထားပါတယ်။

ဘာနဲ့ ပစ်ကြတာလဲ???
သားရေကွင်းနဲ့ ပစ်တာတော့ မဖြစ်နိုင်ဘူး။
ဘာကြောင့်လဲ ဆိုတော့ တယောက် သေဆုံးတယ်လို့ ဖော်ပြထားလို့ပါ။





.

8 comments:

ဘာနဲ့ ပစ်ကြတာလဲ၊
သားရေကွင်းနဲ့ ပစ်တာတော့ မဖြစ်နိုင်ဘူး၊
မနောက်ပါနဲ့ ဦးလေးရယ်၊ ကိုကျော်ဆန်းခမျာ ဒီလို သတင်းမျိုးလေး ထည့်ပြီး လှည့်စားနေရရှာတာပါ။

ဘယ်တော့မှမရိုးတဲ့ အာဏာရှင်စစ်အစိုးရ ရဲ့ အအောင်မြင်ဆုံးသော မဟာဗျူဟာ တော့ "စ" ပါပြီ ဝိုးတိုးဝါးတားမှုံတေတေ လုပ်နေရင်တော့ အကွဲအပြဲကနေ "စ" တာပဲ ကရင့်တော်လှန်ရေးကြီးလဲ ဂလိုပဲ ကွဲပြဲသွားရတာပါပဲ KIA အနေနဲ့ သတင်းမှန်ထုတ်ပြီး အခြေအနေမှန်ကိုချက်ခြင်းရှင်းလင်းဖို့ လိုမယ်ထင်ပါတယ်ဗျာ။

ဒီသတင်းကို ဦးကျော်ဆန်းကိုယ်တိုင် လိုင်ဇာမှာ သတင်းသွားမေးခဲ့တယ်ဆိုရင်တော့ ယုံချင်ပါတယ်။

မြန်မာ့အမှောင်သတင်းစာမှ အမဲသတင်းများလို့ပဲ ပြောရတော့မှာပဲ

ကျွန်တော်ကတော့ ဒီသတင်းကိုယုံကြည်တယ်။ ဘယ်နေရာ၊ ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် သဘောတူသူနဲ့မတူသူ၊ ကောင်းတဲ့သူနဲ့မကောင်းတဲ့သူ ဆိုပြီးရှိနေမှာပဲလေ။ ဒီသတင်းကိုမှ မမှန်ဘူးထင်ရင် တိုင်းရင်းသားဒေသတွေမှာ တပ်မတော်က ဗိုလ်ကျနေတယ် ဆိုတာလည်း မဟုတ်ဘူးပေါ့။ လူဆိုတာ တစ်ဘက်တည်းရပ်ပြီး မကြည့်သင့်ဘူးလို့ထင် ပါတယ်။

ကိုကျော်ဆန်း သတင်းလိမ်တာ လိုပါသေးတယ်။
အစည်အဝေးမှာ လက်နက်မကိုင်တော့တဲ့ စစ်မှူ့ထမ်းဟောင်း နှင့် အပြန်အလှန် ပစ်ခတ်ကြတယ်တဲ့။

တဖက်က သတင်းကိုယုံရင် ကျန်တဖက်က သတင်းကိုလဲယုံရမယ် ဆိုတဲ့ စဉ်းစားပုံဟာ အသိညဏ်ပညာရှိတဲ့ စဉ်းစားတွေးခေါ်ပုံမဟုတ်ပါ။
အများလေးစားယုံကြည်တဲ့ ပညာညဏ်ရှသူများကို
ချဉ်းကပ် လေ့လာဆွေးနွေးကြည့်သင့်ပါတယ်။

မြန်မာပြည်ကသတင်းကိုတော့ အကျင့်ပါနေလို့
သိပ်မယုံချင်တော့ဘူး