ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီ သတင်းဌာနရဲ့ ကိုယ်ပွား တခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ သတင်း အချက် အလက် တွေကို ဧရာဝတီ သတင်းဌာနက တဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေ ပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ် သတင်းတွေကို ပရိသတ် တွေဆီ ပိုမိုပေးနိုင်ဖို့ အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ် လိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်မှာ ဘလော့ဂ်ကို စတင်ပါတယ်။
ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
« »

Tuesday, September 6, 2011

ဒီပဲယင်းလုပ်ကြံမှုမှာ ရိုက်နှက်ခံရတဲ့သူအတွက် အလှူ


၂၀၀၃ ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ ဒီပဲယင်းအရေးအခင်းမှာတုန်းက အရိုက်ခံခဲ့ရလို့ အောက်ပိုင်းသေသွားတဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ် တွင်းကြီးကျေးရွာက ကိုမြတ်ကိုနိုင် ကို ဒေါ်အောင်ဆန်းစုကြည်က Wheel Chair တစီး ပေးလှူခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့အထိ နိုင်ငံရေး စိတ်ဓာတ် တက်ကြွနေဆဲဖြစ်တဲ့ ကိုမြတ်ကိုနိုင်ဟာ Wheel Chair ကိုပဲ အားကိုးသွားလာနေရတာမှာ သူ့ရဲ့ Wheel Chair လေးက ဟောင်းနွမ်းနေတာမို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ကူညီတာလို့ ဆိုပါတယ်။

သူ့အတွက် ပြီးခဲ့တဲ့ ဂျွန်လတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်က ကူညီထောက်ပံ့ငွေ တသိန်းပေးလှူခဲ့သေးတယ်လို့ စစ်ကိုင်းတိုင်း အန်အယ်လ်ဒီအဖွဲ့ဝင်တွေက ဧရာဝတီကို ပြောပြပါတယ်။


4 comments:

ဒီပဲယင်းအရေးမှာရိုက်နှက်သူများကိုလည်း
ငရဲပြည်သွားရန်ခွေးဆွဲလှည်းများအားယမမင်းကြီး
မှရယ်ဒီပြုလုပ်လှူဒါန်းပြီးဖြစ်ပါကြောင်း

ကြည်နူးစရာ ဒီသတင်းအတွက် ဧရာဝတီကို ကျေးဇူးတင်ပါတယ်။ တစ်ခုဘဲ စိုးရိမ်နေမိတာပါ။ Wheel Chair သွားစရာ လမ်းကောင်းကောင်း မရှိမှာတော့ သေချာနေမှာပါ။

လှူ တာလဲ လှူပေါ့ ... အော် သတ်ကန်းထရီးမှာလဲ ပျော်မွေ့ကုန်ပါဘီ ...

Please visit the following site and leave your signature in support of the petition:
http://www.thepetitionsite.com/1/time-depayin-case-need-to-be-brought-to-international-justice/