ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
Tuesday, September 06, 2011
zarny win
'
လူ့အခွင့်အရေးအဖွဲ့ဝင် ဦးကျော်တင့်ဆွေ (ဓာတ်ပုံ-ကိုလံဘီယာ သတင်းစာ El Espectador)
မြန်မာပြည်မှာ အစိုးရရဲ့ လူ့အခွင့်အရေးအဖွဲ့ နောက်ထပ်အသစ်တခု ဖွဲ့ပါပြီ။
နိုင်ငံတကာရေးရာ ကျွမ်းကျင်သူတွေ၊ အတွေ့အကြုံများသူတွေနဲ့ ဖွဲ့လိုက်တာပါ။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်မှာလား။
လူ့အခွင့်အရေး ချိုးဖောက်သူတွေကို အကာအကွယ်ပေးမှာလား ဆိုတာတော့ သူတို့ပဲ သိမှာပါ။
ဟောဒီမှာ လူစာရင်း -


'
5 comments:
ထူးမခြားနား အဖွဲ့ ကြီးပါ။ ဟန်ပြ အဖွဲ့ ကြီးပါ။ လူလိမ်အဖွဲကြီးပါ။ ဘယ်လို လွှတ်တော်က ဖွဲ့ လိုက်တဲ့ လူအခွင့်အရေးအဖွဲ ဆိုတာကို နိုင်ငံတကာက သိပါတယ်။ လမ်းဟောင်းကြီးအတိုင်း ဆက်လျှောက်နေတာပါ။ မိုက်တွင်းနက်နက် ဆက်လက် ပြီး စစ်အုပ်စုကို အကာအကွယ် ပေးဖို့  စီးပွားရေးသမား အနည်းစုကို ကာကွယ်ဖို့  ဖွဲ့ စည်းခဲ့တာ ဖြစ်ပါတယ်။
ဘယ်သူတွေရဲ့ အခွင့်အရေးအတွက် ကော်မရှင်လဲဗျ။ တော်တော် ရီစရာကောင်းတဲ့ ပြက်လုံးတစ်ခုပါဘဲ။ အခုမှ လူ့အခွင့်အရေး ကော်မရှင်ဆိုပြီး ထယောင်နေတာ။ ဥက္ကဌရာထူးလေး မျှော်ကိုးရှာတာ။
ပေါ်ဖားအောက်ဖိများဖြင့်
ဖားအခွင့်အရေးကော်မရှင်အားအောက်ပါဖားများဖြင့်
ဖွဲ့စည်းလိုက်သည်။
၁-မောင်ကျောက်ဖား
၂-မောင်စားဖား
၃-မောင်ဖားပြုတ်(အဖားမတော်ပြုတ်)
၎-မဖားခုံးညင်း
၅-မဖားပေါင်စင်း(ပေါင်စင်းပေးသူ)
'ဒီအဖွဲ့က စစ်တပ်က ပြည်သူလူထုရဲ့အခွင့်အရေးကို ဘယ်လိုစနစ်ကျ ချိုးဖောက်ရမလဲ ဆိုတာ စစ်သားတွေကို ပညာပေးမဲ့အဖွဲ့ဖြစ်မယ်..
လူ့အခွင့်အရေးအတွက်တကယ်လုပ်နေတဲ့လူတွေ
ဘာဖြစ်လို့မပါတာလဲဗျာ....အခုအဖွဲ့ကကောဘာ
လို့ လု့အခွင့်အရေးကိစ္စတွေက်ုချက်ချင်းမပြောနိုင်
ာတာလဲ...မသိတာလား...မသိချင်ယောင်ဆောင်
နေတာလား...... ဟန်ပြကြီးလား...ဟား..ဟား..ဟား
Post a Comment