ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီ သတင်းဌာနရဲ့ ကိုယ်ပွား တခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ သတင်း အချက် အလက် တွေကို ဧရာဝတီ သတင်းဌာနက တဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေ ပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ် သတင်းတွေကို ပရိသတ် တွေဆီ ပိုမိုပေးနိုင်ဖို့ အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ် လိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်မှာ ဘလော့ဂ်ကို စတင်ပါတယ်။
ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
« »

Friday, August 5, 2011

မာရသွန် Google+


ဂူဂယ်ရဲ့ လူမှုကွန်ရက်ဖြစ်တဲ့ ဂူဂယ် ပလပ်စ် (Google+) ဟာ အခုဆိုရင် စတင်ပြီး ၁ လကျော်အကြာမှာပဲ သုံးစွဲသူ ၂၅ သန်းရှိလာတဲ့ သုံးစွဲသူ အရအမြန်ဆုံး ဆိုဒ် ဖြစ်လာကြောင်း ComScore က ဖော်ပြလိုက်ပါတယ်။

ဂူဂယ် ပလပ်စ်ကို ဇွန်လကုန်ပိုင်းမှာ စတင်ခဲ့ပြီးနောက် ဇူလိုင်လ ၂၄ ရက်နေ့မှာ လာရောက်လည်ပတ်သူ တနေ့ကို ၁ သန်း ရှိခဲ့ပါတယ်။ အခု ပေးသုံးထားတဲ့ ဂူဂယ် ပလပ်စ်က စမ်းသပ်အဆင့်ပဲ ရှိပါသေးတယ်။ တရားဝင် အကုန်သုံးခွင့် မပေးသေးပါဘူး။ ဆားဗစ်ပိုပေးနိုင်ဖို့ ထပ်ချဲ့ထွင်တာတွေ လုပ်နေပါတယ်။

ဖေ့စ်ဘုတ်ဟာ ၃ နှစ်အကြာမှာ သုံးစွဲသူ ၂၅ သန်းနဲ့ တွစ်တာက လ ၃၀ အကြာမှာ ၂၅ သန်း ရရှိခဲ့ပါတယ်။ ဖေ့စ်ဘုတ်ကတော့ အစက ကောလိပ်ကွန်ရက်အဖြစ် စခဲ့တာဖြစ်ပါတယ်။

ဂူဂယ် ပလပ်စ်ကို အမေရိကန်က ၆ သန်း၊ အိန္ဒိယက ၃.၆ သန်း၊ ကနေဒါနဲ့ ယူကေက ၁ သန်း၊ ဂျာမနီက ၉ သိန်း ၂ သောင်း၊ ဘရာဇီးက ၇ သိန်း ၈ သောင်း၊ ပြင်သစ်နဲ့ ထိုင်ဝမ်တို့က ၅ သိန်းစီ ပရိသတ် အသီးသီး သုံးစွဲနေကြပါတယ်။


Source: TNW


0 comments: