ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီ သတင်းဌာနရဲ့ ကိုယ်ပွား တခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ သတင်း အချက် အလက် တွေကို ဧရာဝတီ သတင်းဌာနက တဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေ ပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ် သတင်းတွေကို ပရိသတ် တွေဆီ ပိုမိုပေးနိုင်ဖို့ အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ် လိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်မှာ ဘလော့ဂ်ကို စတင်ပါတယ်။
ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
« »

Friday, August 5, 2011

မြန်မာ ၅ ဦး ရနောင်းရေပြင်တွင် အဖမ်းခံရ





.

သစ်များ သယ်ဆောင်လာသော မြန်မာပြည်သား ၅ ဦးကို ထိုင်းရေပိုင်နက်ထဲမှာ ဒီနေ့ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းဌာန မန်နေဂျာအွန်လိုင်း (Manager Online)
အင်တာနက် စာမျက်နှာမှာ ရေးထားပါတယ်။

ကော့သောင်းတဘက်ကမ်း ရနောင်းမြို့နယ်ဝန်းကျင်မှာလို့ သိရပါတယ်။

ထိုင်းရေတပ် ကင်းလှည့်နေတုန်း ဒီလို ဖမ်းဆီးရာမှာ ၅ – ၆ ပေခန့် အရှည်ရှိတဲ့ သစ်သားချောင်း ၁၅၀ ကိုလည်း သိမ်းဆည်းလိုက်တယ်လို့ ဆိုပါတယ်။

ဒီမြန်မာပြည်သားတွေဟာ "သစ်ရောင်းဝယ်ရေး လုပ်ကိုင်နေသူဟု ယူရသော အသက် ၄၀ အရွယ် မြန်မာ ပြည် သား တဦးနှင့် တပည့် ၄ ဦး" ဖြစ်တယ်လို့ သတင်းမှာ ရေးထားပါတယ်။


ဒီသစ်တွေအတွက် ပို့ဆောင်ခ ဘယ်လောက်ရမယ် ဆိုတာ မသိရဘူး၊ ရနောင်းမှာရှိတဲ့ လူတယောက်ဆီကို ပို့ပေးရမယ် ဆိုတာပဲ သိတယ်လို့ အဖမ်းခံရသူတယောက်က ထွက်ဆိုပါတယ်။

သူတို့ကို တရားမ၀င် သစ်သယ်ဆောင်မှု၊ ထိုင်းနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်မှုတို့နဲ့ ရနောင်းမြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။

သန်းထိုက်ဦး

.

0 comments: