ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီ သတင်းဌာနရဲ့ ကိုယ်ပွား တခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ သတင်း အချက် အလက် တွေကို ဧရာဝတီ သတင်းဌာနက တဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေ ပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ် သတင်းတွေကို ပရိသတ် တွေဆီ ပိုမိုပေးနိုင်ဖို့ အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ် လိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်မှာ ဘလော့ဂ်ကို စတင်ပါတယ်။
ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
« »

Wednesday, August 3, 2011

တိုက်ချင်ဦးဟဲ့ ဓားပြ



(ဖေ့စ်ဘုတ်မှာ ဖတ်ပြီး ရယ်နေကြတဲ့ သတင်းပါ။ အဲဒီမှာ ကိုလှိုင်ဘွားက ဗော်လံတီယာ ဘာသာပြန်ထားတာကို အသင့်ယူပြီး ပြန်တင်ပေးလိုက်ပါကြောင်း ...)

ဇူလိုင် ၁၃၊ ၂၀၁၁

ဆံပင်အလှပြင်ဆိုင်ကို ဓါးပြတိုက်ဖို့ ကြိုးစားခဲ့တဲ့ ရုရှားအမျိုးသား ခင်မျာ သူ့ ထက်ပိုပြီး စွမ်းအားကြီးတဲ့ ဆိုင်ပိုင်ရှင်ဖြစ်သူ ခရာတေးခါးပတ်နက်ပိုင်ရှင် အမျိုးသမီးနဲ့ ရင်ဆိုင်ရပြီး သုံးရက်ကြာ ဗိုင်ယာဂရာ
အဓမ္မကျွေး ကိုယ်လုံးတီးချွတ်ထားပြီး ... လိင်ကျွန်အဖြစ် သင်ခန်းစာ ပေးခံခဲ့ရပါတယ်။

ဗစ်က်တာ ဂျန်စင်စကီ (၃၂) နှစ်ဟာ မီက်ရှ်ချောဗ် မြို့ (ရုရှား) မှာ အဆိုပါ ဆံပင်အလှပြင်ဆိုင်ကို ဓားပြတိုက်ဖို့ကြိုးစားစဉ် အခုလို ကြုံတွေ့ ရတာဖြစ်ကြောင်း ရဲထံမှာ ၀န်ခံခဲ့တယ်လို့ Daily Mail
က သတင်းမှာ ပါရှိပါတယ်။

ဂျန်စင်စကီ ဟာ ခရာတေးခါးပတ်နက် ဆိုင်ရှင်အမျိုးသမီး အိုလ်ဂါ ဇာဂျစ် (၂၈) နှစ် ရဲ့ ရုတ်ချည်းပြန်လည်တိုက်ခိုက်မူကို ခံခဲ့ရပါတယ်။ သူမဟာ ဂျန်စင်စကီကို တချက်ပဲကန်လိုက်ပြီး
ကြမ်းပြင်ပေါ်မှာ ပြုတ်ကျသွားစေခဲ့တာပါ၊

ဝထ္ထုဆန်ဆန်ဖြစ်ရပ်က သည်မျှနဲ့ မပြီးသေးပါဘူး။ အကန်ခံရလို့  မြော့နေတဲ့ ဂျန်စင်စကီ ဒရွတ်ဆွဲခေါ်သွားပြီး ဆံပင်အခြောက်ခံတဲ့ စက်က လျှပ်စစ်ကြိုးနဲ့ ချည်လိုက်ပါတယ်။ အဲသည်နောက်မှာ သုံးရက်ကြာ ဘာမှမကြွေးပဲ ဗိုင်ယာဂရာပဲကြွေးပြီး လိင်ကျွန်အဖြစ် သင်ခန်းစာပေးထားခဲ့ပါတယ်။

ဂျန်ဂျင်စကီက သူ့ ကို လက်ထိပ်ခတ် ကိုယ်လုံးတီးချွတ်ထားပြီး သုံးရက်ကြာပြန်ပေးဆွဲထားတာ ခံခဲရတယ်လို့ ရဲကို ဖွင့်ပြော ခဲ့ပါတယ်။

ရဲက အိုလ်ဂါ ဇာဂျစ် ထံသွားရောက်စုံစမ်းတဲ့အခါမှာ သူမက “မိမစစ်တဲ့ကောင်။ ငါတို့ နှစ်ယောက် နှစ်ခါပဲအိပ်ခဲ့တယ်။ ဒါပေမယ့် ငါ သူ့ အတွက် ဂျင်းဘောင်းဘီ၊ အစားအစာနဲ့  ရူဘယ်
တထောင်ပါ ပေးခဲ့တယ်” လို့ ရဲကိုပြောလိုက်ပါတယ်။

(ယခုအခါ ရဲက သူတို့ နှစ်ဦးစလုံးကို ဖမ်းထားလို​က်တယ်)

0 comments: