ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီ သတင်းဌာနရဲ့ ကိုယ်ပွား တခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ သတင်း အချက် အလက် တွေကို ဧရာဝတီ သတင်းဌာနက တဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေ ပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ် သတင်းတွေကို ပရိသတ် တွေဆီ ပိုမိုပေးနိုင်ဖို့ အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ် လိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်မှာ ဘလော့ဂ်ကို စတင်ပါတယ်။
ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
« »

Wednesday, August 3, 2011

ရထားသံလမ်းပေါ် အနှိပ်ခံကြမလား


ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မလို့ ရထားလမ်းပေါ် စင်းပေးထားတာ ... မဟုတ်ရပါဘူး။ အင်ဒိုနီးရှားက ဓာတ်ရထားလမ်းပေါ်မှာ အဲလို စင်းစင်းကြီး လှဲနေတာ အနှိပ်ခံနေကြတာပါ။ သံလမ်းမှာ လျှပ်စစ်က စီးနေတော့ ပုံမှာ မြင်တဲ့ အတိုင်း အော်တိုမစ်တစ် နှိပ်ပြီးသား ဖြစ်နေပါသတဲ့။

အရင် ကောလာဟလ တခုပြောကြတာက အောက်ပိုင်းသေနေတဲ့ တရုတ်တယောက်ဟာ စိတ်ဓာတ်တွေကျပြီး သူ့ကိုယ်သူ သတ်သေဖို့ သံလမ်းမှာ သွားပြီး လှဲနေပါသတဲ့၊ အဲဒီမှာ လျှပ်စစ်စီးနေတာကြောင့် ဓာတ်ဝင်ပြီး အောက်ပိုင်းသေတာ ပြန်ကောင်းသွားပါသတဲ့။

မြန်မာပြည်ရထားလမ်းတော့ သွားမစမ်းလေနဲ့ဦး ... သူက ဓာတ်ရထားလမ်းမှ တဲ့ ...။

Indonesia Therapy from Derek Karikari on Vimeo.

3 comments:

ဟုတ်မှလဲလုပ်ပါဗျာ အောက်ပိုင်းသေတဲ့ တရုတ်ကဘယ်လိုလုပ် အဲကိုသွားနိုင်ရတာလဲ သူ့ ကိုဘယ်သူက သူ့ကိုယ်သူ သတ်သေဖို့ ကို ရထားသံလမ်းကို ချီပြီးပို့ပေးတာလဲ။ ကျုပ်တို ဗမာနည်းဗမာ့ဟန်ကို ခေတ္တမေ့ပြီး အနောက်နည်းနဲ့ တွေးကြည့်တာပါ။

ဟုတ်ပဗျာ။ ဧရာဝတီ လဲ ကျေးမှုံ၊မြန်မာ့အလင်း တို့နဲ့အတူတူလောက်ပဲ။ ပြောချင်ရာပြောရေးချင်ရာရေး ပဲ။

wheelchair နဲ့သွားတာနေမှာပေါ့။ ထင်တာပဲ။