ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီ သတင်းဌာနရဲ့ ကိုယ်ပွား တခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ သတင်း အချက် အလက် တွေကို ဧရာဝတီ သတင်းဌာနက တဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေ ပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ် သတင်းတွေကို ပရိသတ် တွေဆီ ပိုမိုပေးနိုင်ဖို့ အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ် လိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်မှာ ဘလော့ဂ်ကို စတင်ပါတယ်။
ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
« »

Friday, August 5, 2011

မော်ဒန် ဆိုးပေ


(ဂူဂယ် ပလပ်စ် (Google+) မှာ ဖတ်ရတဲ့ ပို့စ်တခုပါ။ ခုတလော ပြောနေကြသမျှ အကုန်ပါတာမို့ ဖတ်သူတိုင်း သဘောကျကြပါတယ်။ ပြန်လည် ဖော်ပြလိုက်ပါတယ်။ အဆင့်ဆင့်ရှဲထားကြလို့ မူရင်းရေးသူ ဘယ်သူမှန်း ရှာမရသေးပါဘူး။)

ဒီကိစ္စ ဆိုးပေ မြို့တက်သင်တန်းတက်ရာကစသည်။

ဆိုးပေတို့သင်တန်းက ညစ်ပါတ်သည်လို့ ဆိုးပေအမေကြေ ပာသည် အီးတွေဝမ်းတွေပါသည် လို့လည်းသိရသည်။ ဘာဘဲဖြစ်ဖြစ် အရင်တုန်းကဆိုးပေ ပွင့်လင်းတတ်သည်။ အသံကျယ်ကျယ် ပြောတတ်သည်။ ဒါပေမယ့်မြို့သင်တန်းက ပြန်လာတော့ ဇာတ်မင်းသားပုံ ပေါက်လာသည် ။ စကားပြောလျှင် နုတ်ဖျားနှင့် ဇာတ်မင်းသားလိုလိုပြောတတ်လာသည်။ သူပြောတော့ပညာရှိတွေ ဒီလိုပြောသည်ဆိုဘဲ။

ဒီကြားထဲ ဘိုစကားတွေညှပ်ပြီး ကြီးကြီးကျယ်ကျယ်တွေ ပြောလာပြန်သည်။ ပရောဂျက် ဆိုပြောပြောနေသဖြင့် ပရောဂဆရာက သူ့ဂွင်လုမည်ဟုထင်ပြီး မကြည်။ ကလေးတွေ ထုတ်ဆီးတိုးနေသည့်ကြားထဲ ဂိမ်းသီအိုရီ ၀င်ပြောပြန်သည်။ ၀င်းဝင်းတို့အမေက အိမ်လာတိုင်သည် ရွာထဲ ၀င်းဝင်းသီအိုရီ (win-win) လျှောက်ပြောနေ၍ ၀င်းဝင်းတို့ အရှက်ရသဖြင့်ဖြစ်သည်။ စီဘယ်ဆိုရှိက်ရတီဆိုတာ ဆိုးပေပါးစပ်က ထွက်နေကြ။ ဒီလိုနားမလည်သော အရာများပြောသဖြင့် အိမ်ဆွမ်းခံကြွနေကျ ကိုယ်တော်လည်းမလာတော့ လဘက်ရည်ဆိုင်ရှင်က သူလာလျှင်လူရှင်းသဖြင့် ဆိုးပေ အားလက်လန်သည်။ ဆိုးပေအားရွာရှိ ကလေးလူကြီး ဆိုးပေအား ရှောင်ကြသည်။ နောက်ဆိုးပေ မြို့ပြန်ပြေးသည်။

သိပ်မကြာ ဆိုးပေပြန်ရောက်လာတော့ သူဟာအမတ်လောင်းဖြစ်သည်ဟု ပြောပြန်သည်။ ပုတ်သင်ညိုပါတီက ဖြစ်သည်ဟုသိရသည်။ သူမဲဆွယ်သည်ကို သူ့အမျိုးတွေမနေရ တစ်အုပ်လုံးလိုက်ရသည်။ ရွာရှိ နွားလှည်းနှင့် ထရော်လာဂျီတွေကို အစိုးရကို ၀ယ်ခိုင်းပြီး ကားသေးသေးလေးတွေ သွင်းပေးမယ်လို့ ပြောပြန်သည်။ ရွာသားတွေ ကားမောင်းသင်ဖို့ လိုင်းကားဆရာ ကိုပြားကို အပူကပ်ကြသည်။ သို့သော်ဆိုးပေ ကိုခွေးကိုရှုံးသည် ။ ရွာသားတွေ မဲမထည့်၍ရှုံးရသည်လို့ ပြသနာရှာသည် ။ ဆိုးပေအဖေက ဆိုးပေကို နဘမ်အုပ်သည် ငါးသိန်းကုန်၍ဖြစ်သည်။ ဆိုးပေ လူတွေကို မကျေနပ်။ ထို့နောက် ဆိုးပေ စကားသိပ်မပြောတော့ ။ ရွာဝမ်းသာသည်။

နည်းနည်းကြာပြီးတစ်ရက် ဆိုးပေအမေ အော်ပြီးရွာထဲပြေးနေသည် ။ ဆိုးပေ စာထားခဲ့သည်ဟု သိရသည်။ နောက်ဘ၀ သမ္မတဖြစ်အောင် ရွာဘေးကဧရာဝတီမြစ်ထဲ ခုန်ချတော့မည်ဟု ရေးခဲ့သည်။ ရွာသားတွေ အမျိုးတွေမြစ်ဆီပြေးကြသည်။ ဟိုရောက်တော့ ရင်ခေါင်းလောက်ရှိတဲ့မြစ်ထဲမှာ ဆိုးပေငိုနေသည်။ အကြောင်းအရင်းက ဧရာဝတီမြစ်ရေနည်းသည်ကို သူ့သင်တန်းက သင်မပေးခဲ့၍ဖြစ်သည်။ အံဖွယ်ဆိုးပေပါတကား။ ရွာအကြောင်း မြစ်အကြောင်း မြို့သင်တန်းက သူ့မပြောပြခဲ့ပါလား....။

1 comments:

အဆိုပါဆိုးပေဟူသော်သူသည် ရွှေမန္တလေးမြို့ကြီးမှ ဝေယံထွန်းဖြစ်လတန့်