ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီ သတင်းဌာနရဲ့ ကိုယ်ပွား တခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ သတင်း အချက် အလက် တွေကို ဧရာဝတီ သတင်းဌာနက တဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေ ပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ် သတင်းတွေကို ပရိသတ် တွေဆီ ပိုမိုပေးနိုင်ဖို့ အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ် လိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်မှာ ဘလော့ဂ်ကို စတင်ပါတယ်။
ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
« »

Wednesday, July 6, 2011

အိုဘားမား လုပ်ကြံခံရကြောင်း Fox News ရဲ့ ဆိုရှယ်နက်ဝက်ခ်မှာ ဟက်ကာများ ဝင်ရေး

Credit - ABC

Fox News သတင်းဌာနရဲ့ နိုင်ငံရေးဆိုင်ရာ twitter အကောင့်မှာ ဟက်ကာတွေက ဝင်ရောက်ပြီး အမေရိကန် သမ္မတ အိုဘားမား လုပ်ကြံခံရပြီ ဆိုပြီး ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က ဝင်တင်သွားခဲ့ပါတယ်။

Fox News က သူတို့ရဲ့ twitter အကောင့် အဟက်ခံရကြောင်း အမေရိကန် လျှို့ဝှက် ထောက်လှမ်းရေးကို အကြောင်းကြားခဲ့ပြီး ဟက်ကာများကို ခြေရာခံနေဆဲ ဖြစ်ပါတယ်။

ဇွန်လ ၄ ရက်နေ့ မနက် မှာ ဟက်ကာတွေက သမ္မတ အိုဘားမား အိုင်အိုဝါပြည်နယ်မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရတယ်ဆိုတာ အပါအဝင် ၆ ခုလောက် ဝင်ရေးသွားခဲ့ပါတယ်။ သမ္မတ အိုဘားမားက အဲဒီအချိန် အိမ်ဖြူတော်မှာ ရှိနေပါတယ်။

လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့က ဒီကိစ္စကို စုံစမ်းနေဆဲဖြစ်ပြီး လောလောဆယ်မှာ မူအရ ဘာမှ ပြောဆိုပိုင်ခွင့် မရှိသေးဘူးလို့ ဆိုပါတယ်။

Ref: ABC

0 comments: