ထိုင်းနိုင်ငံမှာတော့ ရွေးကောက်ပွဲ လုပ်ပြီးသွားပြီ။ တော်တော်ညံ့တယ်လို့ပဲ ပြောရမယ်ထင်တယ်။ ဒီလောက် အိမ်နီးချင်း ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကို နမူနာ မယူတတ်ကြဘူး။ သူတို့ ရွေးကောက်ပွဲမှာ အားနည်းချက်တွေ ဒီလိုတွေ့ရတယ် -
- အဘီဆစ်ဝေ့ချာချီဝ ကလည်း လက်ရှိ ဝန်ကြီးချုပ် ဖြစ်နေပြီး ရှုံးနိုင်ခြေရှိရတယ်လို့ ... (ရှုံးတယ်ဆိုတာတောင် လူမြင်ကွင်း ထွက်ကြေညာလိုက်သေးတယ် - ပိန်းပါ့)
- ပြည်နှင်ဒဏ်ပေးခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ဆွေမျိုးကိုလည်း ရွေးကောက်ပွဲ ပေးဝင်လိုဝင် (သူက အမျိုးသမီး ဖြစ်နေသေးတယ်)
- ရွေးကောက်ပွဲ ပေးဝင်တာတောင် တော်လှပြီ နိုင်ခြေရှိတဲ့ အနေအထားအထိ အဖြစ်ခံသေး။ ပြီးတော့လည်း သူ နိုင်ငံရေးဝင်လုပ်တာ ၆ ပတ်ပဲ ရှိသေးတယ် အခု ဝန်ကြီးချုပ် ဖြစ်တော့မယ်။ မြန်မာပြည်က အမျိုးသမီးက အနှစ် ၂၀ ကျော် နိုင်ငံရေးဝင်လုပ်တာ ခုထိ ဝန်ကြီးချုပ် မဖြစ်သေးဘူး (ဒါ အကြီးဆုံး ထိုင်းရဲ့အားနည်းချက်ပဲ) ဟိုကလည်း နာမည်မှာ ရှင်နာဝမ် ဆိုပြီးပါတယ်။ ဒီကလည်း အောင်ဆန်း ဆိုတာပါတယ် ... အတူတူပဲ မဟုတ်ဘူးလား။ အသက် ၄၀ ကျော်မှာ နိုင်ငံရေးဝင်လုပ်တာချင်းလည်း တူတယ်။ မြန်မာက အနှစ် ၂၀ ကျော်တဲ့ထိ ထိန်းထားနိုင်တယ်။ ထိုင်းက ၆ ပတ်တောင် မထိန်းနိုင်ရှာဘူး။
- မဲခိုးနည်း၊ မဲလိမ်နည်းတွေ မတတ်ကြဘူးနဲ့တူပါရဲ့ ...။ မြန်မာပြည်မှာ ဒီပလိုမာ သင်တန်းလေး ဘာလေး ဖွင့်မဖွင့် စုံစမ်းပြီး ပညာတော်သင် လွှတ်သင့်တယ်
- မဲရေတာကလည်း လူမြင်ကွင်းကြီးမှာ
- မဲရေနေတုန်း မီးပျက်ရမယ် ဆိုတာလည်း နားလည်ပုံမရဘူး
- မဲရေနေတုန်း ကြိုတင်မဲတွေလည်း အထုပ်လိုက်ကြီး ရောက်မလာဘူး :(
အထက်ပါ အချက်တွေကတော့ ထိုင်းနိုင်ငံ ရွေးကောက်ပွဲရဲ့ အားနည်းချက်တွေ ဖြစ်ပါတယ် ဆိုတဲ့အကြောင်း သမ္မတ ဦးသိန်းစိန် ကိုယ်စား စာရင်းပြုစုပေးလိုက်ခြင်းပဲ ဖြစ်ပါတယ် :P (နောက် ၁၀ နှစ် မပြောနဲ့ အနှစ် ၂၀ ကြိုးစားတောင် ခြေဖျားကို မမီနိုင်ဘူး)
နောက်ထပ် ဘာအားနည်းချက်တွေ ရှိသေးတယ်ဆိုတာကို ဧရာဝတီ ဘလော့ဂ် ပရိသတ်ကပဲ ဆက်လက်စာရင်းပြုစုပေးစေချင်ပါတယ်။
ရန်ကုန်သားတာတေ





10 comments:
တို့ဝံဂျီးချုပ်များ မရှုံးတဲ့အပြင် သမ္မတောင်တက်ဖြစ်လိုက်သေး...တော်ချက်က.. XD
အဘီးဆစ်ရဲ့ ပါတီနောက်မှာ ထိုင်းစစ်တပ်ရှိတယ်ဆို ...ညာဏ်နည်းလှချေလား ... ။ ရွေးကောက်ပွဲမလုပ်ခင် မြန်မာနိုင်ငံကို ၂ ကြိမ်ဆက်သွားသင်လာတာတောင် ပညာရေမမီဘူး။
ဟုတ်ပ..ဦးဗိုလ်သိန်းစိန်တို့တော်ချက်ကတော့... တော်လွန်းလို့...တော်တီးတော်တော် ဖြစ်နေတော့တာပဲ..:)
လူထူအလေးစားခံ ဆိုက်ကြီးက ဒီလိုအရည်မရ အဖတ်မရ ဆောင်းပါးတွေ ရေးနေတရတာလဲ ...။
တို့ဆီက ကြံ့ဖွတ်တွေလို ကြိုတင်မဲ ဆိုပြီး အကုန်လုံးသူတို့မဲပါဆိုပြီး မျက်နှာပြောင်တိုက် နည်းကို လာသင်ခဲ့ရင် အဘီးဆစ်ရဲ့ ပါတီမရှုံးနိုင်ဘူး
ရင်လတ် ထိုင်နိုင်ငံရဲ့ ပထမဦးဆုံ အမျိုးသမီဝန်ကြီးချုပ်ဖြစ်သွားပြီ။ အောက်စဖိုပညာတတ် အဘီဆစ် ညံဖြင်းလို့ ဖယ်ပေလိုက်တယ်မထင်ပါ။ သူလဲခေသူမဟုတ် လူသတ်လာတာ အနီရောင်ဝတ်လူ ၉၀ ကျော် နှင် အဲ့ဒိလူတွေအတွက် စောင်ရှာက်ဖို့ စစ်တပ်က ဗိုလ်မှုးချုပ်တောင် အဆစ်ထည်ပေးလိုက်ထာ။ သွေးဆူနေတဲ့ ၃ပုံလျှင်၂ပုံရဲ့ ဆင်းရဲသားလူတန်းစားနှင့် အပြည်ပြည်ဆိုင်ရာအစိုးရတွေ၊ကြောင့် ရွေးကေါက်ပွဲးကို တရာမျှတစွာ ကျင်းပပေတာ။ဒီဝန်ကြီချုပ်မရဲ့ သက်တန်းအတွင်း Shinnawatra မျိုးဆက်ရဲ့ထိုင်းနိုင်ငံရေးမှာ နိဂုံးချုပ်သွားမလား၊ဒီမိုကရက်တွေကို ထောက်ခံတဲ့ ၁.ဘုရင်အဖွဲ့ ၂.စစ်တပ် ၃.ပညာတတ်အစိုးရရုံး အရာရှိကြီးတွေ ၄.အဝါရောင် ဖန်ဒမစ်အဖွဲ့။ ဒီအဖွဲ့တွေကို မကြာခင် မီစ်ယင်လတ် နဖူတွေ၊ဒူတွေ့တွေ့ရတော့မယ်။သူမရဲ့ ပါတီက ဘုရင်ရဲ့ ထိုင်ခုံကိုသွာလှုပ်ခဲ့တဲ့ အတွက်ရေရှည်ရပ်တည်ဘို့ မလွယ်ဘူး။Mr Taksin ကလဲ တိုင်ပြည်ကို ပြည်သူတွေရဲ့ ကြင်နာ၊သနားမှု့နှင့် ညီမဝန်ကြီးချုပ်ဖြစ်ပြီးပြီချင် ပြန်လာနိုင်အောင် သူ့သမီးရဲ့ မင်ဂလာဆောင်ပွဲးကို စီစဉ်ထားပြီးဖြစ်တယ်။သူပါတီကလည်း နိုင်ရင်ပါလီမန်လွတ်တော်ရဲ့ ထက်ဝက်ကျော်နဲအမြဲအနိုင်ရတော့ ပါလီမန်မှာ တစ်ပါတီထဲ ဥပဒေပြုခွင်ရသွာတော့ စီမျဉ်ခံ ဘုရင်စနစ်ကို အချိန်မရွေး ပြောင်းပြစ်နိုင်တယ်။ဒီအတွက်ကြောင့်လည်း Mr Taksin တိုင်ပြည်ကပြေးရတာ။မှတ်မိသေးတယ် အဘီဆစ် အာဏာစရတဲ့ နေ့က သူနဲ့ သူပါတီက ဘုရင်စနစ်ကို အပြည့်အဝထောက်ခံကြောင်း အရင်ဦးစွာကြေညာခဲ့တာတွေ့ရတယ်။
ှီဗမာစာနဲ့ ဗမာစကားမတတ်လို ထိုင်းဝန်ကြီးဟောင်မလိမ်တတ်ဘူးထင်ပါတယ်.
ဒါဆို မြန်မာပြည်က သေတဲ့ လူတွေမဲထထည့့်နည်း သူတို့ ကိုသင်ပေးရအုံးမယ်
လူထူအလေးစားခံ ဆိုက်ကြီးက ဒီလိုအရည်မရ အဖတ်မရ ဆောင်းပါးတွေ ရေးနေတရတာလဲ ...။
မှန်တာပြောတာအခံရခက်လို့ လား
ဘာပဲဖြစ်ဖြစ် နောက် ၅ နှစ်သက်တမ်းမှာ ကြံ့ဖွတ်ပဲနိုင်တယ် ဆိုတာ မဖြစ်သင့်တော့ဘူးထင်တယ်။
လူထုက ကြည်ဖြူ လက်ခံတယ်ဆိုရင်တော့ မပြောလိုပါဘူး။ အခုဟာက အများစုက မကြိုက်ဘူးပြောပေမယ့် နိုင်တော့ ကြံ့ဖွတ်နိုင်တယ်...
မြန်မာပြည်သူပြည်သားတွေ တပြည်လုံးအတိုင်းအတာ အမြင်ကြယ်ဖို့ လိုလာပါပြီ။ ကျနော်တို့ နိုင်ငံမှာက ကျေးလက်မှာနေတဲ့ လူဦးရေ မြို့ပြမှာ နေတာထက် ပိုများတယ်.... အဲဒီတော့ ကြံ့ဖွတ်က အဲဒါကိုအခွင့်ကောင်းယူပြီး ခြိမ်းခြောက်ပြီး မဲတွေယူသွားတာ... မြို့ပေါ်မှာကျတော့လဲ အသင်းဝင်ဆိုတဲ့ အခွင့်အရေးတွေ မတရားယူထားတဲ့သူတွေက နိုင်အောင်နည်းမျိုးစုံသုံးပြီး လုပ်သွားကြတာ...
ဒီတော့ တနိုင်ငံလုံး အမြင်ကြယ်လာအောင် ဘယ်လိုလုပ်ကြမလဲ ... အဓိက ကတော့ ကျေးလက်လူထု အမြင်ကြယ်လာအောင်ပေါ့
Post a Comment