ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီ သတင်းဌာနရဲ့ ကိုယ်ပွား တခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ သတင်း အချက် အလက် တွေကို ဧရာဝတီ သတင်းဌာနက တဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေ ပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ် သတင်းတွေကို ပရိသတ် တွေဆီ ပိုမိုပေးနိုင်ဖို့ အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ် လိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်မှာ ဘလော့ဂ်ကို စတင်ပါတယ်။
ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
« »

Thursday, June 2, 2011

Gmail တွေ အနှိုက်ခံရ...


ကဲ - လုပ်ချလိုက်ပြန်ပြီ။ တရုတ်က ဟတ်ကာများက Google e-mail account တော်တော် များများကို နှိုက်သွားတယ်လို့  ဒီမနက် BBC သတင်းတပုဒ်မှာ ဖတ်လိုက်ရတယ်....

တရုတ် နိုင်ငံရေးလှုပ်ရှားသူများ၊ အာရှ ခေါင်းဆောင် အချို့ ၊ အမေရိကန် အရပ်ဘက် နဲ့ အရာရှိတွေရဲ့  account တွေကို အဓိက ပစ်မှတ်ဖြစ်သွားတယ်လို့ ဆိုတယ်။ ဒီအကြိမ်နဲ့ပါ ဆိုရင် ၁၇ လ အတွင်း ဒုတိယမြောက် အဟက်ခံလိုက်ရတာ ဖြစ်ပါတယ်လို့ Google က ကြေညာပါတယ်။

ကဲ ကဲ - အဲလို အနှိုက်မခံရလေအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာလေးကို ပြောချင်ပါတယ်။

ပထမ အလွယ်ဆုံး သိထားသင့်တဲ့နည်း ကတော့ Gmail ကို သုံးမယ် ဆိုရင်... Gmail ရဲ့  officially Gmail home page ဟုတ်ရဲ့ လား ဆိုတာ ကို စစ်ဖို့လိုပါလိမ်မယ်။
Gmail ကို login ဝင်တော့မယ် ဆိုရင် http://www.gmail.com/ လို့ ရိုက်မည့် အစား https://www.gmail.com/ (http နောက်မှာ s တလုံး ပိုပြီးရိုက်ခြင်းအားဖြင့်) Gmail ရဲ့ ပင်မ စာမျက်နှာ အစစ်ကို ရောက်မှာဖြစ်တယ်။ အဲဒီလို မဟုတ်ရင်တော့ ဟက်ကာများ လှည့်စားထားတဲ့ သူတို့ အတုအယောင်ဆိုဒ်များကို ရောက်သွားနိုင်တယ်။

အောက်ကပုံ ကတော့ Gmail အတုနဲ့ အစစ် Gmail Original Ofiiciall Home Page ကို နှိုင်းယှဉ်ပြထားတာပါ။
ဘာတွေကွာခြားတယ် ဆိုတာ တော့ သေသေချာချာ ကြည့်ထားစေလိုပါတယ်.....





ဒုတိယနည်း ကတော့ 2-step verification (၂ဆင့် ကာခြင်း) နည်းကို သုံးသင့်ပါတယ်။ အသုံးပြုပုံ ကိုတော့ ဒီ video လေး က အသေးစိတ် ရှင်းပြပါလိမ့်မယ်။



နောက်တခု သတိထားစေချင်တာ ကတော့ User တော်တော်များများဟာ တွေ့ ကရာပေါက်လွတ်ပဲစား ယုံကြည်ရမူ မရှိတဲ့ ဝက်ဆိုဒ်တွေ မှာ ကိုယ့်ရဲ့ Gmail ကိုပေးပြီး Login လုပ်တတ်ကြပါတယ်။ အဲဒီ ကနေ တဆင့် ကိုယ့်ရဲ့ user name နဲ့ password တွေကို hackers တွေ ရရှိသွားနိုင်ပါတယ်။

TG


Ref: Google's security recommendations and BBC

0 comments: