ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီ သတင်းဌာနရဲ့ ကိုယ်ပွား တခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ သတင်း အချက် အလက် တွေကို ဧရာဝတီ သတင်းဌာနက တဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေ ပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ် သတင်းတွေကို ပရိသတ် တွေဆီ ပိုမိုပေးနိုင်ဖို့ အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ် လိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်မှာ ဘလော့ဂ်ကို စတင်ပါတယ်။
ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
« »

Tuesday, June 7, 2011

အို ဘယ့် - - တေးမြုံငှက်

youtube မှာ တွေ့ရတဲ့ သီချင်း
တေးမြုံငှက်
ခိုင်ထူး

မောင်သစ်မင်းရဲ့ ကဗျာကို ကိုရဲလွင်က သံစဉ် ထည့်ပါတယ်။
ဒီသီချင်းကို ခိုင်ထူးက ပထမဆုံး ဆိုခဲ့ပုံပါပဲ။ တေးမြုံငှက် စီးရီးထဲမှာပါ။
နောက်တော့ ခင်ဝမ်းရဲ့ ပန်းခရမ်းပြာ စီးရီးမှာ ဒီသီချင်းကို ထပ်တွေ့ပြန်တယ်။
ဆိုဟန် မတူကြပါ။
ခိုင်ထူးက သူ့ပုံစံအတိုင်း အားမာန်အပြည့်၊ စာသားတွေကို တလုံးချင်း ပီပီသသ ဖြစ်အောင် ဆိုတယ်။
ခင်ဝမ်းကတော့ အားမာန် မထည့်ဘူး။ ခပ်အေးအေး ဆိုတယ်။ ဆွေးဆွေးမြေ့မြေ့ ဆိုတယ်။
အဆိုတော်ကြီး ၂ ယောက်လုံးက သူ့ပရိသတ်နဲ့သူ ခိုင်ခိုင်မာမာ ရှိကြပါတယ်။

youtube မှာ တွေ့ရတဲ့ ဒီစတိတ်ရှိုးက ခိုင်ထူးရဲ့ တကိုယ်တော် တင်ဆက်မှု ဖြစ်ဖွယ် ရှိပါတယ်။ သြစတေးလျရောက် ဗဟိန်းတင် ဆိုတဲ့သူက လွန်ခဲ့တဲ့ ၈ လက တင်ထားတာပါ။ သူတင်ထားတာလို့ သွားကူးယူပြီး ဒီမှာ ပြန် ဖော်ပြနိုင်တဲ့အတွက် သူ့ကို ကျေးဇူး တင်ပါတယ်။

သူ့စာမျက်နှာ http://www.youtube.com/user/baheintin မှာ ဒီတပုဒ်တည်း တွေ့ရပါတယ်။ ခိုင်ထူးပရိသတ် ဖြစ်နိုင်သလို မနေ့က ကွယ်လွန်သွားတဲ့ ဒီသီချင်းကို ရေးသားခဲ့သူ မောင်သစ်မင်းရဲ့ ပရိသတ်လည်း ဖြစ်နိုင်ပါတယ်။
ခံစားကြည့်ကြပါအုံး - ဆရာ့ရဲ့ တေးကဗျာ၊ ကိုရဲလွင်ရဲ့ သံစဉ်၊ ခိုင်ထူးရဲ့ ဆိုဟန် နဲ့ လေးဇီးကလပ်ရဲ့ လက်ရာ။
-
(ဖြည့်စွက်ချက် - လေးဇီးကလပ်ရဲ့ လက်ရာ မဟုတ်ဘူးလို့ စာဖတ်သူ တယောက်က ထောက်ပြပါတယ်။ ဇာလျန်း၊ ပက်ထရစ်တို့တီးဝိုင်းရဲ့ လက်ရာဖြစ်ပါတယ်။)

7 comments:

တေးမြုံငှက်ကို အရင်ဆုံးသီဆိုတာ ကျနော်မှတ်မိသလောက်တော့ ရီဇော်ပါ။ ခိုင်ထူးရဲ့ ပထမဆုံးအခွေ ရီဇော်နဲ့ တယောက်တခြမ်းဆိုတဲ့ စီးရီးထဲမှာလို့ မှတ်မိနေပါတယ်။ စီးရီးနာမည်ကလည်း တေးမြုံငှက်ပဲလို့ထင်ပါတယ်။ ရီဇော့်အသံက အေးအေးကြည်ကြည်နဲ့မို့ ဒီသီချင်းနဲ့ အင်မတန်လိုက်ဖက်ပါတယ်။ အမှတ်မှားတာဆိုရင်တော့ သိတဲ့သူ ပြင်ပေးကြပါဗျာ။

တီးဝိုင်းကလေးဇီးကလပ်မဟုတ်ဘူးဆရာ

ဟုတ်တယ်ဗျို့ တေးမြုံငှက်က ရီဇော်ဆိုတာပါ ခိုင်ထူးနဲ့ 2 ယောက်တွဲ အခွေပေါ့ ခိုင်ထူးကတော့ အဲဒီခွေမှာ အဝေးဆုံးတို့ မောင်ဟာလူစိမ်းတို့ နဲ့ အလွန်အောင်မြင်ခဲ့တယ်

not Yee Zaw.
as far as i know, the original singer is Khaing Htoo.

ခိုင်ထူးဆိုပါတယ် ပထမဆုံးအပုဒ် ဖြစ်မယ်ထင်တယ်

ဝင်ရိုးစွန်းမှတ်မိတာ မှန်ပါတယ်
ဒီသီချင်းက အဲတုန်းက အပိတ်ခံရသေးတယ် ထင်ပါတယ်..နောက်မှ ခိုင်ထူးက ဆိုတာ..အ၇င်လူတုန်းက ပိုကြိုက်တယ်..ကက်ဆက်ခွေလေးနဲ့ နားထောင်ခဲ့ရတာပါ..ကျွန်မ ဆေးကျောင်းသူဘ၀က နားထောင်ခဲ့ ကြိုက်ခဲ့တာပါ..ခိုင်ထူးဆိုတာ သီချင်းစာသားနဲ့ ဆိုပေါက် မလိုက်ဖက်သလို ဖြစ်ပြီး သိပ်မကြိုက်တော့ဘူး.

တီး​၀ို​င်း ကေ​လး​ဇီး​က​လ​ပ် မ​ဟုတ်ပါ​ဘူး၊ ဒီ Show မှာ တီး​၀ို​င်း ၂ ဖွဲ့​တီး​တာ​ပါ။ တ​ကယ်တီး​တာ
Aces(Old Aces)-ေ​တး​ပ​န်းချီ ပါ။ ခို​င်း​ထူး နဲ့
တ​သက္လံုး တီး​လာ တဲ့ Player ေ​တြ​ပါ။
ပတ်ထ​ရ​စ် - လိ​ဒ် ဂစ်တာ
ဆ​လို​င်း ဇာလျ​မ်း -ေ​ဘ့​စ် ဂစ်တာ
ေ​အာ်​စ​ကာ​သန်း​တ​င် - ဒ​ရ​မ်
ကျော်​စိုး​နို​င် - ကီး​ဘု​တ်
တ​င်​ဦးေ​သာ​င်း (လား မ​သိ​ဘူး) - ကီး​ဘု​တ်