ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီ သတင်းဌာနရဲ့ ကိုယ်ပွား တခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ သတင်း အချက် အလက် တွေကို ဧရာဝတီ သတင်းဌာနက တဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေ ပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ် သတင်းတွေကို ပရိသတ် တွေဆီ ပိုမိုပေးနိုင်ဖို့ အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ် လိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်မှာ ဘလော့ဂ်ကို စတင်ပါတယ်။
ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
« »

Saturday, May 7, 2011

အလှည့်ကျတော့ မနွဲ့စတမ်း ဆိုပေမယ့် ...

ဓာတ်ပုံ (Reuters)

နအဖ ဥက္ကဌရာထူးနဲ့ ကာကွယ်ရေး ဦးစီးချုပ် ရာထူးများမှ အနားယူသွားပြီ ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အငြိမ်းစား စစ်ဗိုလ်ချုပ်ဟောင်း ၅ ဦးကို နေပြည်တော်ရှိ နေအိမ်သို့ ခေါ်ယူ ဂါရဝပြုပါတယ်။

တပါတီ အာဏာရှင် ဗိုလ်ချုပ်ကြီး နေ၀င်းလက်ထက် ၀န်ကြီးနှင့် တိုင်းမှူးများ ဖြစ်ခဲ့ကြတဲ့ စက်မှုဝန်ကြီး ဗိုလ်မှူးချုပ် တင့်ဆွေ၊ အရှေ့ပိုင်းတိုင်း စစ်ဆင်ရေးမှူး ဗိုလ်ချုပ် လှဦး၊ သတ္တုတွင်းဝန်ကြီး ဗိုလ်မှူးချုပ် သန်းတင်၊ ဗိုလ်ချုပ် ခင်မောင်ကျော်နှင့် ဒု ဗိုလ်ချုပ်ကြီးဟောင်း ချစ်ဆွေတို့ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ခေါ်ယူ ဂါရဝပြုတာပါ။

ဗိုလ်ချုပ် သန်းတင်ရဲ့ မိသားစုဝင် တဦးက “သူက နိုင်ငံအုပ်ချုပ်ရေးကို ဘာမှဝင်ပြီး မစွက်တော့ပါဘူးပေါ့။ ပြီးတော့ လက်ရှိဝန်ကြီးတွေ ရွေးတုန်းကလည်း ဦးသိန်းစိန် စိတ်ကြိုက် ရွေးခိုင်းတယ်။ နည်းနည်းပဲဝင်ပြီး အကြံပေးတယ်ပေါ့။ နောက်တချက်က သူမရှိတော့ချိန်မှာ သူ့မိသားစုကို ပြန်ပြီး တရားစွဲ၊ ထောင်ချ၊ ကြိုးစင်တင်မှာ တွေကို သူတော်တော် ကြောက်နေပုံရတယ်” လို့ ပြောပြပါတယ်။

(အပြည့်အစုံကို ဒီမှာ ဖတ်ပါ)

0 comments: