ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီ သတင်းဌာနရဲ့ ကိုယ်ပွား တခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ သတင်း အချက် အလက် တွေကို ဧရာဝတီ သတင်းဌာနက တဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေ ပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ် သတင်းတွေကို ပရိသတ် တွေဆီ ပိုမိုပေးနိုင်ဖို့ အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ် လိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်မှာ ဘလော့ဂ်ကို စတင်ပါတယ်။
ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
« »

Thursday, April 7, 2011

အရေးပေါ် ကာတွန်းပြပွဲသတင်း

ကာတွန်း အော်ပီကျယ်

ဒီနေ့ ဧပြီ ၇ ရက်ကနေစပြီး ၁၂ ရက်နေ့အထိ လောကနတ်မှာ ကာတွန်းပြပွဲ ရှိပါတယ်။ Facebook သုံးလေ့ရှိသူများ သတင်းဖြန့်ပေးကြပါ။ နှုတ်နဲ့ ဖုန်းနဲ့ ပြောပေးကြပါ။

ကာတွန်းတွေ ရောင်းချလို့ရတဲ့ငွေ ၈၀% ကို သက်ကြီးကာတွန်းဆရာကြီးများကို ပူဇော်ကန်တော့မှာပါ။

တင်သမျှကာတွန်းအားလုံး ပြပွဲ စိစစ်ရေးက ခွင့်ပြုပါတယ်။ ကာတွန်းအများစုက original ဆွဲထားတာတွေပါ။

များများရောင်းရမှ များများကန်တော့နိုင်မှာမို့ လူများများသိစေချင်ပါတယ်။

ကာတွန်းပြပွဲတွေက ရှားပါးတာမို့ အခုလိုနွေကျောင်းပိတ်ရက်မှာ လူငယ်တွေ ကြည့်စေချင်ပါတယ်။ လူများများကြည့်လို့ ပြပွဲစရိတ် ပိုမကုန်ပါ။

သင်္ကြန်ပိတ်ရက်နီးလို့ ဂျာနယ်တွေမထွက်တော့လို့ ဒီပြပွဲသတင်း ဂျာနယ်မှာ အချိန်မီပါဖို့ မဖြစ်နိုင်တော့ပါ။
လူသတင်း လူချင်းဆောင်ရင်း ကာတွန်းအနုပညာကို ကူညီစေချင်ပါတယ်။

များများရောင်းရမှ များများကန်တော့နိုင်မှာပါ။

0 comments: