ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီ သတင်းဌာနရဲ့ ကိုယ်ပွား တခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ သတင်း အချက် အလက် တွေကို ဧရာဝတီ သတင်းဌာနက တဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေ ပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ် သတင်းတွေကို ပရိသတ် တွေဆီ ပိုမိုပေးနိုင်ဖို့ အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ် လိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်မှာ ဘလော့ဂ်ကို စတင်ပါတယ်။
ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
« »

Saturday, March 26, 2011

တာချီလိတ်က ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းတဦး ပြောပြချက်


မတ်လ ၂၄ ရက်နေ့ည ၈ နာရီ ၂၅ မိနစ်မှာ ငလျင်လှုပ်ပါတယ်။ ဒီလိုလှုပ်ပြီး နာရီပိုင်းအကြာမှာ ကျနော်ကို တာ ချီလိတ်က အာဏာပိုင်တွေက ကယ်ဆယ်ရေးအတွက် လုပ်အားပေးဖို့ခေါ်တာနဲ့ လိုက်သွားပါတယ်။ ည သန်း ခေါင်ကြီးမှာ တာလေကို ရောက်သွားတယ်။

တာလေသွားတဲ့လမ်း တော်တော်ကြီးတဲ့ တံတားတခုရှိပါတယ်။ အဲ့ဒီတံတားရောက်တော့ ကျနော်တို့ကားလဲ ရှေ့ဆက် သွားလို့မရတော့ပါဘူး။ ဒါနဲ့ တံတားပေါ်လမ်းလျောက်ဖြတ်ပြီး တာလေမြို့ထဲဆက်သွားရပါတယ်။ တံတားအစပ်က ကား လမ်းက မြေအောက်ကို ၅ ပေလောက်နိမ့်ဝင်နေပါတယ်။ အပျက်အစီးက များတယ်။ တချို့ အိမ်တွေက ခေါင်းမိုးပဲမြေပေါ် မှာကျန်ပြီး အိမ်တခုလုံးမြေကြီးထဲရောက်သွားတယ်။

ကျနော်လုပ်ရတာက အသက်ရှင်ကျန်ရှိတဲ့သူတွေကို တာချီလိတ်ဆေးရုံကို ပို့ပေးရတယ်။ တာလေမှာ ဆေးရုံးရှိ ပါတယ်။ အဲ့ဒီဆေးရုံလည်း ပြိုကျပျက်ဆီးသွားတော့ လူနာတွေကို ပထမ ဆေးရုံရှေ့ကွင်းပြင်မှာပဲထားပြီး ပြုစုရ ပါတယ်။ အဲဒီကမှ လူနာထမ်းစင်နဲ့ သယ်ပြီး တံတားတဖက်မှာ ရပ်ထားတဲ့ ကားဆီကိုသယ်ရပါတယ်။ ၁၅ မိနစ် လောက် လမ်းလျှောက်ရပါ တယ်။

တံတားတဖက်ရောက်တော့လည်း လူနာကိုကားပေါ်တင်ပြီး ချက်ချင်းဆေးရုံမပို့နိုင်သေးပါဘူး။ ထမ်းစင်အလုံ အလောက် မရှိတော့ အဲ့ဒီထမ်းစင်နဲ့ပဲ ဆေးရုံပြန်ပြီး နောက်လူနာတယောက်ကို ပြန်သယ်ရပါတယ်။ ကားအလုံ အလောက်မရှိတော့ လူနာတယောက်ကို ကားတစီးနဲ့တင်ပြီး တာချီလိတ်ဆေးရုံကို မပို့နိုင်ပါဘူး။ အဲ့တော့ ကားပေါ်ပထမရောက်နှင့် နေတဲ့ လူနာက တခြားလူနာတွေကိုစောင့်နေရပါတယ်။

အဲ့ဒါအပြင် လူနာတင်ကားထွက်ခွင့်ရဖို့အတွက် အာဏာပိုင်အဆင့်ဆင့်ရဲ့ ခွင့်ပြုချက်ယူရတာလည်း လူနာသယ်ယူရေးမှာ ကြန့်ကြာစေတဲ့အလုပ်တခုဖြစ်နေ ပါတယ်။ ကျနော်မောင်းလာတဲ့ လူနာတင်ကားထဲမှာ တာချီလိတ်ဆေးရုံရောက်ခါနီးမှာ လူနာ တယောက်သေဆုံးသွားပါ တယ်။ ငလျင်ကြောင့် အသက်ရှင်ကျန်ရစ်ပေမယ့် ရရှိထားတဲ့ဒဏ်ရာတွေကို အချိန်မီ မကုသနိုင်လို့ မသေသင့်ပဲ သေဆုံးရတဲ့ လူနာတွေရှိပါတယ်။ တော်တော်စိတ်မကောင်းစရာပါပဲ။

2 comments:

အပျက်အစီးသတင်းတွေကိုဖေါ်ပြပေးသလို နောက်တခါပြန်ဖြစ်ခဲ့ရင်ပြည်သူတွေငလျှင်ဒါဏ်ကနေဘယ်လိုရှောင်တိမ်းရမလဲဆိုတာကို ပညာရှင်များနဲ့တွေ့ဆုံမေးမြန်းပေနိုင်ရင်ပိုကောင်းမယ်ထင်ပါတယ်။

မုန့်ဝေတော့မြန်မာနိုင်ငံမပါပေမဲ့ ဒုတ်ဝေတဲ့အလှည့်ကျတော့ ကိုယ့်မြန်မာနိုင်ငံပါသွားတာစိတ်မကောင်းဘူး။ သူများနိုင်ငံတွေ စည်းပွားရေးတိုးတက်တဲ့အခါကျတော့ ကိုယ်က မွဲနေခဲ့ကြရတယ်။
သူများတွေ့ အခမ်းနားဆုံး ခေတ်အမှီဆုံးအရာတွေကို သုံးစွဲနေကြချိန်မှာကြတော့လဲ မြန်မာပြည်က နောက်ကျကျန်ရစ်နေခဲ့ရတယ်။
အခု သူများတွေ ငလျင်လှုပ်ပြီးလဲဆိုရော မြန်မာနိုင်ငံကတော့ ခေတ်မှီအောင် ၀င်လှုပ်ပြလိုက်သေးတာပဲ။