ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီ သတင်းဌာနရဲ့ ကိုယ်ပွား တခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ သတင်း အချက် အလက် တွေကို ဧရာဝတီ သတင်းဌာနက တဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေ ပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ် သတင်းတွေကို ပရိသတ် တွေဆီ ပိုမိုပေးနိုင်ဖို့ အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ် လိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်မှာ ဘလော့ဂ်ကို စတင်ပါတယ်။
ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
« »

Friday, January 7, 2011

ပေးစာ - မြန်မာပြည်မှ ဘဏ်ဝန်ဆောင်မှု

မြန်မာနိုင်ငံတွင် တနေရာမှ တနေရာသို့ ငွေလွှဲပြောင်းရန်အတွက် ဘဏ်စနစ်မှာ အားကိုးလောက်စရာ မရှိပါ။

ပုဂ္ဂလိက ဘဏ်များမှ ၉ နာရီခွဲ လွှဲလျှင် ၉ နာရီ ၃၃ မိနစ်တွင် ငွေလက်ခံမည့်သူဆီသို့ ဖုန်းဆက်အကြောင်းကြားကာ ငွေရောက်ရှိပြီဖြစ်ကြောင်း၊ လာရောက် ထုတ်ယူနိုင်ကြောင်းကို ဆက်သွယ်သည်။

ပုဂ္ဂလိကဘဏ်မရှိသော မြို့များစွာရှိသော်လည်း မရှိသောမြို့နယ်များသည် မြန်မာ့စီးပွားရေးဘဏ်ကိုသာ အားကိုးနေရပါသည်။

ရန်ကုန်မှ လွှဲငွေကို နေပြည်တော်ရှိ ဘဏ်တွင် ထုတ်ယူရန် ပို့လိုက်သူက အကြောင်းကြားသော်လည်း သက်ဆိုင်ရာဘဏ်က မရောက်သေးကြောင်း ပြော၏။ ထိုအခါ လွှဲပေးသည့်ဘဏ်ကို ဖုန်းဆက်ကြည့်ရာ မပို့ရသေးကြောင်း ပြော၏။ ထပ်ခါ ထပ်ခါ ပြောသောအခါမှ ယနေ့လွှဲပေးမည်ဖြစ်ကြောင်း ပြန်ကြားလေသည်။

ထို့အတူ တခြားသော မြို့များမှ ငွေလွှဲသောအခါတွင်လည်း အဆင်ပြေမှု မရှိကြကြောင်း သိရသည်။

ဥပမာ နေပြည်တော်တွင် နေသူတဦး၏ ပြောပြချက်အရ မြန်မာနိုင်ငံ၏ နေပြည်တော် မြန်မာ့စီးပွားရေး ဘဏ်သို့ ငွေလွှဲလိုက်သည်ကို နယ်မြို့ကလေးမှ ဖုန်းဆက်သဖြင့် သွားရောက်ထုတ်ယူကြောင်း၊ မနက် ၁၀ နာရီတွင် ငွေလွှဲလိုက်ကြောင်းကို လွှဲသူဘက်မှ ဖုန်းဆက်သည်။

ထိုသူသည် ငွေလက်ခံရန် နေပြည်တော်ဘဏ်သို့ သွားသည်။ ညနေ ၃ နာရီ ဘဏ်ပိတ်ချိန်အထိ ငွေရောက်ရှိမှု မရှိပါ။ အဲဒီလို ကြုံရသည်များမှာ တဦးတယောက်တည်း မဟုတ်ပါကြောင်း သိရှိရသည်။

များစွာသော ပြည်သူလူထုများသည် ငွေလွှဲပြောင်းရာတွင် မျိုးစုံ အခက်အခဲ ရှိနေပါသည်။ စုံစမ်းကြည့်စေချင်ပါသည်။

2 comments:

အဲဒါသူတို့တွေအော်နေတဲ့ ခေတ်မှီဖွင့်ဖြိုးတိုးတက်တဲ့ နိုင်ငံတော်လေ...
ဝါးလုံးခေါင်းထဲလသာနေသောထိုဗိုလ်ချုပ်ပြုပ်များ...

bank will take atleast 24 hr for transfer money.
Myanmar doesn't have online banking system.

dont u understand?