ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီ သတင်းဌာနရဲ့ ကိုယ်ပွား တခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ သတင်း အချက် အလက် တွေကို ဧရာဝတီ သတင်းဌာနက တဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေ ပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ် သတင်းတွေကို ပရိသတ် တွေဆီ ပိုမိုပေးနိုင်ဖို့ အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ် လိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်မှာ ဘလော့ဂ်ကို စတင်ပါတယ်။
ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
« »

Friday, December 3, 2010

အပြန်အလှန် တရားစွဲတော့မယ် Eleven Media Group နှင့် မြန်မာပို့စ် ဂျာနယ်

နိုင်ငံရေးပါတီကြီးတခု၏ ငွေကြေးထောက်ပံ့မှု အရှုပ်တော်ပုံကိစ္စနှင့် ပတ်သက်၍ Eleven Media Group နှင့် မြန်မာပို့စ် ဂျာနယ် စီစဉ် ထုတ်ဝေနေသည့် United Media Group တို့ တရားစွဲဆိုမှုတွေ အထိ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

Eleven Media Group သည် United Media Group ကို အသရေဖျက်မှုဖြင့် ရန်ကင်းမြို့နယ် တရားရုံးတွင် စွဲချက်တင်ထား ခြင်း ဟု ပြည်တွင်းသတင်းထောက်တဦး ကပြောသည်။

အဆိုပါ ဂျာနယ် ၂ ခု ၏ တရားစွဲဆို မှုသည် ပြည်တွင်း မီဒီယာ အသိုင်းအ၀န်းကြားတွင် ပျံ့နှံ့နေသည်ဟု သိရသည်။

“ နိုဝင်ဘာ နောက်ဆုံးပတ်မှာထွက်သွားတဲ့ မြန်မာပို့စ်ဂျာနယ်ထဲမှာ နိုင်ငံရေးပါတီတွေကို တိုင်းရင်းသားစီးပွားရေး လုပ်ငန်းရှင် တယောက်က ငွေကြေးကူညီထောက်ပံ့ပေးနေတယ်ဆိုပြီးပါတယ်။ အဲဒါကို Bi Weekly ဂျာနယ်က မှားတယ်လို့ ရေးပြီးသတင်း ရည်ရွယ်ချက်ကလည်း ရေးသင့်တဲ့ အခြေအနေ မျိုးမှာ မရှိဘူးဆိုပြီး အယ်ဒီတာ ပြောတဲ့ စကားသံတွေနဲ့ ဖော်ပြခဲ့တယ်။ ဒီ ကိစ္စနဲ့ ခု တရားစွဲတဲ့ အထိ ဖြစ်နေကြတာ ” ဟု သူက ပြောသည်။

ယင်းကဲ့သို့ ရေးသားပြီး တပတ် အကြာတွင် ဝေဖန်ခံရသော မြန်မာပို့စ် ဂျာနယ်ဘက်မှ ဂျာနယ်တွင် ဖော်ပြပါရှိသော မိမိတို့ သတင်းသည် မှန်ကန်မှု ရှိသော သတင်းဖြစ်ပြီး ၊ Bi Weekly အနေနှင့် သတင်းအမှားဟု ပြောဆို၍ စာဖတ်ပရိတ်သတ် လမ်းကြောင်းလွဲ စေနိုင်သည့် သတင်းသမား ကျင့်ဝတ်နှင့်မညီသည့် လုပ်ရပ်မျိုးမလုပ်သင့်ကြောင်း စာဖတ်ပရိတ်သတ်သို့ ရှင်းလင်းချက် အနေနှင့် ထည့်သွင်း ရှင်းလင်းခဲ့သည်။

“ Eleven Media ဘက်က ဒါကို ပြန်ရှင်းတာမျိုးမလုပ်တော့ဘဲ အခုက ထပြီး တရားရုံးကနေတဆင့် တရားစွဲဆိုလိုက်တာ။ ဒါကို မြန်မာပို့စ် ဂျာနယ်ဘက်ကလည်း အသေရေဖျက်မှုတွေနဲ့ တရားစွဲတာတွေ ပြန်လုပ်မယ်ဆိုပြီး စီစဉ်နေတယ် ” ဟု သတင်း အယ်ဒီတာတဦးက ပြောသည်။

အဆိုပါကဲ့သို့ ဂျာနယ် ၂ စောင် အပြန်အလှန်တရားစွဲမှုများ ဆက်လက်လုပ်ဆောင်မည် ဆိုပါက စာပေစိစစ်ရေးမှ ပိတ်ပစ်ခြင်း များပြုလုပ်မည်ဟု ဒီဇင်ဘာ ၂ ရက်နေ့က ခေါ်ယူသတိပေးခဲ့သည်ဟု ဂျာနယ်သတင်းထောက် များ က ပြောကြသည်။

“ NDF ပါတီကို မြန်မာအီးဂရက်နဲ့ ဦးလှမောင်ရွှေတို့ ကနောက်ကနေ ငွေကြေးထောက်ပံ့တာတွေ လုပ်တဲ့ ကိစ္စ ကိုရေးတာ။ ရွှေးကောက်ပွဲ မတိုင်ခင်က ကိစ္စ ခု တရားစွဲတာတွေ ဖြစ်တာတော့မကောင်းဘူး။ မီဒီယာ သမားတွေ အချင်းချင်း တယောက်နဲ့ တယောက် ရိုင်းပင်းပြီး တယောက်လိုတာ တယောက်ဖြည့် သွားမှ ဖြစ်မှာ။ ခုလို တယောက်နဲ့တယောက် နစ်နာအောင် အချင်း ချင်းလုပ်နေရင် ပြည်သူတွေ ယုံကြည်တဲ့ အားထားတဲ့ မီဒီယာ သမားတွေ ကို အယုံအကြည်ကင်းမဲ့တာမျိုးတွေ ဖြစ် လာနိုင် တယ် ” ဟု သူက ပြောသည်။

နရီလင်းလက်

2 comments:

http://yarsuthitsoldnarrowriver.blogspot.com/2010/11/ndf.html

Eleven Media Group နဲ့ United Media Group တို့ရဲ့ နောက်ခံလေး ရေးသင့်တယ် ။ ဘယ်သူဘယ်ဝါ တွေ ပိုင်တယ် ၊ ဦးဆောင်တယ် ဘာတွေလုပ်ဖူးတယ် ဆိုတာမျိုးပေါ့။