ဆရာသမားတို့ရေ
အရင်က ဆရာတို့ရဲ့ blog မှာ အခြား blog တွေဆီပေါင်းကူးပေးတဲ့ hyper link လေး ဘယ်ဘက်အခြမ်းမှာ ရှိတယ်လေ။ အခုအဲဒါမရှိတော့ သွားဖတ်ဖို့ အဆင်မပြေဘူးဖြစ်နေတယ်။ ပြဿနာ မရှိလို့ရှိရင် ပြန်ပြီးထားပေးထားပါလား ခင်ဗျာ။
ပြီးတော့လေ အချို့လူတွေ တခုခုပြောပြခြင်ပြီး မြန်မာလက်ကွက် မရိုက်တတ်လို့ ပြောပြလို့မရ ဖြစ်နေမှာစိုးလို့ပါ။
ထိုထိုကဲ့သို့သောသူတွေအတွက် အလွန်အသုံးတဲ့နိုင်သော အင်ဂျင်တခု ရှိပါတယ်။ burglish engine လို့ခေါ်ပါတယ်။
သူက သုံးရတာအလွန်လွယ်ကူပါတယ်။ မြန်မာစာနဲ့ အနီးစပ်ဆုံးအသံထွက်တဲ့ အင်္ဂလိပ်စာလုံးပေါင်းကို ရိုက်ထည့်ပေးလိုက်ရုံပါပဲ။
ဥပမာ 'ကျော်' လို့ရိုက်ချင်ရင် 'kyaw' ပေါ့။ ကျွန်တော်အခုဒီစာကိုလည်း အဲဒါသုံးပြီး စာစီနေတာပါ။
အရင်ကလည်း ဧရာဝတီမှာ shyam, Nyan Lin Tun အစရှိတဲ့ နာမည်တွေသုံးပြီး comment တွေအများကြီးရေးခဲ့ဖူးပါတယ်။ blog မှာလည်း shyam ဆိုတဲ့ blog name ကိုသုံးပြီး comment ရေးပါတယ်။
ကျွန်တော်တခါ ဧရာဝတီရဲ့ ပင်မ site ထဲမှာ Nyan Lin Tun ဆိုတဲ့နာမည်နဲ့ ဗိုလ်ချုပ်မှူးကြီး သီချင်းရေးသတဲ့ နဲ့ပတ်သက်ပြီး comment ရေးခဲ့တုံးက အဲ့ဒီ comment ကို သောကြာစကားဝိုင်းမှာ ရွေးပြီး ရယ်စရာအနေနဲ့ကောက်နှုတ်ပြီး ဖော်ပြခဲ့ပါတယ်။ အဲဒီနေ့က ကျွန်တော့အတွက် အလွန်ကြည်နူးပြီး စာရေးဖို့ ခွန်အားတွေအများကြီးပေးခဲ့တဲ့နေ့ပါ။
ကျွန်တော့အတွက်က အင်္ဂလိပ်စာသင်ခဲ့ရဖူးတာကြောင့် အင်္ဂလိပ်လို comment ရေးထားခဲ့ဖို့အဆင်ပြေပါတယ်။ သို့သော်လည်း အကြံဉာဏ်ကောင်းများ (သို့) ဟဒယ ရွှင်ရွှင်နဲ့ အတွေးများရှိသော်လည်း မြန်မာစာ မစီတတ်သောကြောင့် (သို့) အင်္ဂလိပ်စာ အခက်အခဲရှိသူများအတွက် အသုံးပြုရ လွယ်လွယ်ကူကူနဲ့ သုံးရစေရန် ရည်ရွယ်ပါတယ်။
(အောက်ဖော်ပြပါ လင့်ခ်မှာ ဖွင့်ပြီး စမ်းသပ် ရိုက်ကြည့်နိုင်ပါတယ်)
http://burglish.my-mm.org/latest/trunk/web/testarea.htm




11 comments:
ဒါလေးလည်း သုံးလို့ ရပါတယ်။ ဒါကလည်း ဘားဂလိပ် ရိုက်တဲ့ ဆော့ဖ်ဝဲလ် ပါပဲ။ http://www.waitzar.com/
omg!!! thanks a million....
ကျေးဇူး အထူးတင်ပါတယ်
thank you so much
Thank you so much. Make everyone life easier
ဧရာဝတီရေ အဲ့လိုရိုက်ပြီးတော့ လိုချင်တဲ့စာလုံးရပြီဆိုရင် ဘယ်လိုယူရမှာလဲ ပြောပြပါ
အဲဒါ ကိုစိုးမင်းရေးထားတဲ့ Engine ပါ သူ့ကို credit ပေးသင့်ပါတယ် ဒါကတော့ သူ့ blog ပါ
http://soemin.net
Ctrl + A --> select all
Ctrl + C --> Copy
and after that go to the page you want to past and
Ctrl + V --> Paste
and you can post :)
or if you want to post only a fraction of what you have written, then highlight it using your mouse and the same steps go to Ctrl + C and Ctrl + V
အခုမှဘဲ အဆင်ပြေတော့တယ်။ ကျေးဇူးအထူး ပါဘဲ။
i also want Irrawaddy to post the blog link back, bcox it easy for me.
thanks
Thank you!
Post a Comment